Border News Agency
လောက်ကိုင်၊ ဇူလိုင် ၂၇။
ကိုးကန့်အထူးဒေသ ၁ သိန္နီခရိုင်၊ ခရိုင်တပ်ဖွဲ့ရဲ့ အပတ်စဥ် ၂ နိုင်ငံရေးသင် တန်းဆင်းပွဲကို ဇူလိုင်လ ၂၅ ရက်နေ့ကပြုလုပ်ခဲ့တယ်လို့ အမျိုးသားဒီမိုက ရ က်တစ်မဟာမိတ်တပ်မတော်က ဇူလို င်လ ၂၇ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီသင်တန်းဟာနှစ်လကြာပြီးသင် တန်းသားတွေဟာ သတ်မှတ်ထားတဲ့ လေ့ကျင့်ရေးတာဝန်တွေကို အောင်မြင်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီသင်တန်းကို မြန်မာနိုင်ငံအမှန်တ ရားနဲ့တရားမျှတတဲ့အမျိုးသားပါတီရဲ့ဗဟိုကော်မတီအရန်အဖွဲ့ဝင်၊သိန္နီခရိုင်အုပ်ချုပ်ရေးကော်မတီရဲ့ အတွင်းရေး မှူး Mr. Peng Xin Qiang ၊ခရိုင်လက် နက်ဦးစီးဌာန ဌာနမှူးဗိုလ်မှူး Mr. Li Zhi Tong ၊ခရိုင်တပ်ဖွဲ့ပထမ(ဒု)တပ်မှူး ဗို လ်မှူး Mr. Zhao De Xin ၊တပ်မှူးဒုတိ ယ(ဒု)ဗိုလ်မှူး Mr. Jin Er တို့တက်ရောက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင် ခရိုင်ရုံးဌာနအချို့ရဲ့ အကြီးအကဲတွေ၊ ကျေးရွာ၊မြို့နယ်တာဝန်ရှိသူတွေနဲ့သင်တန်းသူ၊သင်တန်းသူတွေလည်းတက်ရောက်ခဲ့ကြတယ်လို့ဆိုပါတယ်။
အဲဒီသင်တန်းကာလအတွင်း နိုင်ငံရေးသင်တန်း၊ စစ်ရေးလေ့ကျင့်မှု၊ စာရွက်စာတမ်း လေ့လာသင်ယူမှု၊ အုပ်ချုပ်ရေးစီမံမှု နယ်ပယ်ပေါင်းစုံမှ သင်ယူလေ့လာခဲ့တယ်လို့ဆိုပါတယ်။