Border News Agency
ကရင်ပြည်၊ သြဂုတ် ၁၂။
၇၅ နှစ်ပြည့် ကရင့်အမျိုးသားအာဇာနည်နေ့ ကို ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ကော်သူးလေအုပ်ချုပ်နယ်မြေ၊မြိတ်-ထားခရိုင်၊တပ်မဟာ ၄ ဌာနချုပ် မယ်သမီခီး(ထီးခီး)မှာ သြဂုတ်လ ၁၂ ဒီနေ့ ကျင်းပပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
အဲဒီအခန်းအနားကို ဌာနဆိုင်ရာခေါင်းဆောင်တွေ၊ တပ်ပိုင်းဆိုင်ရာခေါင်းဆောင်တွေ၊ ကရင်လူငယ်အစည်းအရုံးခေါင်းဆောင်တွေနဲ့ဌာနဆိုင်ရာလူငယ်တွေ၊ ကရင်အမျိုးသမီးခေါင်းဆောင်တွေ၊ ပြည်သူလူထုတွေအပါအဝင်အယောက်လေးရာကျော်တက်ရောက်ဂုဏ်ပြုခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင် မြိတ်ထားဝယ်ခရိုင် ဥက္ကဌပဒိုစောဖလို့စိုးဝေး၊ တပ်မဟာ(၄) တပ်မဟာမှူး ဗိုလ်မှူးချုပ်စောလေးထောတို့တက်ရောက်မိန့်ခွန်းစကားပြောခဲ့တယ်လို့ဆိုပါတယ်။
























