Border News Agency
မန္တလေး၊ သြဂုတ် ၂၅။
မန္တလေးတိုင်းဒေသကြီး၊ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ (Yadanarbon Revolutionary Force – YRF)ရဲ့အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၈ သင်တန်းဆင်းပွဲကို နိုင်ငံအလယ်ပိုင်းရှိယာယီဌာနချုပ်မှာကျင်းပပြုလုပ်ခဲ့တယ်လို့ သြဂုတ်လ ၂၄ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီသင်တန်းဆင်းပွဲကို သြဂုတ်လ ၂၃ ရက်နေ့က ဒေသန္တရစစ်ရေးအခြေနေအရ အကျဉ်းချုပ်သာပြုလုပ်ခဲ့ပြီး တပ်ဖွဲ့ဝင်သစ်ရဲဘော်နှစ်ဆယ့်နှစ်ဦးသင်တန်းဆင်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီသင်တန်းမှာအခြေခံစစ်ရေးပြ၊ စစ်နည်းဗျူဟာ၊ စစ်ဗျူဟာစတဲ့ စစ်ဘက်ဆိုင်ရာသင်ခန်းစာတွေအပြင်တပ်ဖွဲ့ရဲ့နိုင်ငံရေးအတွေးခေါ်အခိုင်အမာတည်ဆောက်ရေးအတွက် တပ်တွင်းနိုင်ငံရေးသင်တန်းကိုပါ ထည့်သွင်း ပို့ချခဲ့တယ်လို့ဆိုပါတယ်။






















