Border News Agency
မြောက်ဦး၊ သြဂုတ် ၂၅။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့မြောက်ဦးမြို့ကို ဩဂုတ်လ၂၅ ရက်နေ့ညက စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်လို့ အရပ်သား ၁ ၂ ဦးသေဆုံးပြီး ၂၀ ဦး ဒဏ်ရာရရှိသွားကြပါတယ်။
မြောက်ဦးမြို့၊အောင်တပ်အုပ်စု၊ဒိုင်းကျီရပ်ကွက်ကို သြဂုတ်လ ၂၅ ရက်နေ့ည ၁၁ နာရီကျော်အချိန်က စစ်ကော်မရှင်တပ်က လေကြောင်းမှပေါင်းငါးရာဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။
အဲဒီဗုံးဟာ ဒိုင်းကျီရပ်ကွက်ရှိစိုက်ပျိုးရေးဂိုဒေါင်အနီး ကျရောက်ပေါက်ကွဲပြီးအနီးရှိအရပ်သားပြည်သူတွေ သေ ဆုံးဒဏ်ရာရခဲ့ကြတာပါ။
အဲဒီအထဲမှာ ကလေးသူငယ်တွေ၊ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေလည်းပါဝင်ပြီး ဒဏ်ရာပြင်းထန်သူတွေလည်းပါဝင်ပါတယ်။
အဲဒီအပြင်လူနေအိမ်တွေလည်း တစစီပျက်စီးသွားခဲ့သလို မြေကျင်းကြီးတွေထိဖြစ်သွားခဲ့ပြီးမိသားစုလိုက်သေဆုံးသွားကြသူတွေလည်း ရှိပါတယ်။
စစ်ကော်မရှင်တပ်ဟာ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေကို လေယာဥ်တွေ၊ဒရုန်းတွေနဲ့လေကြောင်း ကင်းထောက်တာတွေ နေ့စဥ်ရက်ဆက်ပြုလု ပ်နေပါတယ်။
စစ်ကော်မရှင်တပ်ဟာ အရပ်သားပြည်သူနေရာတွေကို ရည်ရွယ်ချက်ရှိရှိလေကြောင်းလေကြောင်းတိုက်ခိုက်မှုတွေနေ့စဥ်လိုလိုပြုလုပ်နေတာမို့ အရပ်သားပြည်သူတွေ သေဆုံးဒဏ်ရာရနေကြပါတယ်။