Border News Agency
မကွေး၊ သြဂုတ် ၂၇။
မကွေးတိုင်း၊ နတ်မောက်မြို့နယ်ကို သြဂုတ်လ ၂၄ ရက်နေ့က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ကလေးနှစ်ဦးအပါအဝင်အရပ်သားငါးဦးသေ ဆုံးခဲ့တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
စစ်ကော်မရှင်တပ်ဟာ နတ်မောက်မြို့ နယ်မှာတိုက်ပွဲဖြစ်ပွားတာမရှိပဲ ပေါင်ငါးရာဗုံးနှစ်လုံးနဲ့တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်နှစ်ဦးအပါအဝင်အရပ် သားငါးဦးသေဆုံးပြီး ကိုးဦးဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
အဲဒီအသက်သုံးနှစ်အရွယ်မသဲတုန်၊ အသက်ဆယ့်နှစ်နှစ်အရွယ်မချိုဇင်ကျော်ကျော်၊ အသက်သုံးဆယ်ခုနှစ်နှစ်အရွယ် ဒေါ်လွမ်းပို၊ အသက်ငါးဆယ်ခြောက်နှစ်နှစ်အရွယ်ဦးကြည့်မြင့်၊ အသက်ခြောက်ဆယ်ခုနှစ်နှစ်အရွယ်ဦးဝင်းဆောင်တို့သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒီအပြင် ဒဏ်ရာရသူတွေထဲမှာ အသက်ကိုးနှစ်အရွယ်ကလေးတဦးနဲ့ အသက်ဆယ့်နှစ်နှစ်အရွယ် ကလေးနှစ်ဦးမှာ မျက်လုံးမှာ ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတာကြောင့် မျက်လုံးကွယ်သွားတယ် ဆိုပါတယ်။
စစ်ကော်မရှင်တပ်ရဲ့နေပြည်တော်လေတပ်မှလဲဘူးကျေးရွာကို ရွယ်ရည်ချက်ရှိရှိလေကြောင်းတိုက်ခဲ့တာကြောင့် အရပ်သားတွေသေဆုံးခဲ့ကြသလို နေအိမ်အများအပြားလည်းပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ မြန်မာနိုင်ငံတဝှ မ်းတော်လှရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့နေရာတွေကို လေကြောင်းတိုက် ခိုက်တာ၊လက်နက်ကြီးပစ်တာတာတွေ နေ့စဥ်လိုလိုပြုလုပ်နေတာကြောင့် အရ ပ်သားသေဆုံးမှုတွေလည်း နေ့တိုင်းရှိနေပါတယ်။
အဲဒါကြောင့်စစ်ကောင်စီတပ်လေကြောင်းရန်ကိုရှောင်နိုင်ဖို့ စစ်ရေးသတိအမြဲရှိဖို့လိုအပ်ပြီး လေကြောင်းရန်ကာကွယ် ရေးဆိုင်ရာနည်းလမ်းတွေကို ပြည်သူတွေလိုက်နာကြဖို့လိုအပ်တယ်လို့လည်း တော်လှန်ရေးအဖွဲ့အစည်းတွေကသတိ ပေးထားပါတယ်။













