Border News Agency
မောင်တော၊ သြဂုတ် ၃၀။
မောင်တောမှာ အမျိုးသမီးများပေါင်းစည်းဖွံ့ဖြိုးတိုးတက်ရေးအသင်းက အမျိုးသမီးတွေကို စွမ်းရည်မြှင့်သင်တန်းတွေပေးနေပါတယ်။
မောင်တောမြို့မှ မူဆလင်၊ ဟိန္ဒိူ၊ ရခိုင်အမျိုးသမီးတွေကို အမျိုးသမီးများပေါင်းစည်းဖွံ့ဖြိုးတိုးတက်ရေးအသင်း (Woman Joint Development Organization)က ပြုလုပ်ပေးနေတာပါ။
အဲဒီအမျိုးသမီးတွေကို တပိုင်တနိုင်အိမ်တွင်းထုတ်ကုန်ထုတ်လုပ်တာတွေ၊ တပိုင်တနိုင်စီးပွားရေးလုပ်တာတွေကိုသင်ပေးနေတာပါ။
အဲဒီအပြင် ကိုယ်ဝန်ဆောင်မိခင်တွေ ကာကွယ်ဆေးထိုးဖို့လိုအပ်တာတွေ၊ တကိုယ်ရည်သန့်ရှင်းမှုအရေးကြီးတာ၊ ဝမ်းပျက်ဝမ်လျောရောဂါကြိုတင်ကာကွယ်ရေးအသိပညာပေးစတဲ့ ကျန်းမာရေးအသိပညာပေးတာတွေကိုလည်းပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအသင်းဟာ မြို၊ သက်၊ ခမီ၊ မာရာမာကြီး စတဲ့လူနည်းစုအမျိုးသမီးတွေကိုလည်းလက်တွဲခေါ်ယူသင်ကြားတာတွေပြုလုပ်ပေးသွားမှာဖြစ်ပြီး နိုင်ငံတကာအကူအညီတွေ လိုအပ်နေကြတယ်လို့ဆိုကြပါတယ်။














