Border News Agency
လယ်ဒို၊ စက်တင်ဘာ ၃။
လယ်ဒိုမြို့နယ်နဲ့ မူးမြို့နယ်ကို စစ်ကော်မရှင်တပ်မှလေကြောင်း၊ လက်နက်ကြီးပစ်ခတ်တိုက်လိုက်လို့ အရပ်သားခုနှစ်ဦးဒဏ်ရာရသွားသလို နေအိမ်လေးလုံးပျက်စီးသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ စက်တင်ဘာလ ၃ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
မူးမြို့နယ်အတွင်းစစ်ကော်မရှင်တပ်ရဲ့ခမရ-၃၀၇ ရွှေဝါတပ်ရင်းမှ သြဂုတ်လ ၃၁ ရက်နေ့က ရေလဲအနောက်ဖက်ကမ်းကျေးရွာကို ရွယ်ရည်ချက်ရှိရှိ လက်နက်ကြီးငါးလုံးထိပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် အသက် ၇၂ နှစ်အရွယ်ဒေါ်မေမြင့်ရှိန်၊အသက် ၇၅ နှစ်အရွယ် ဒေါ်စန်းမြင့်၊ အသက် ၄၆ နှစ်အရွယ်ဒေါ်ဝတ်မှုံ၊ အသက် ၂၂ နှစ်အရွယ် မသင်းသင်းမြိုင်၊အသက် ၆၅ နှစ်အရွယ်၊ဒေါ်ကြည်မြင့်၊အသက် ၆ ၅နှစ်အရွယ်ဒေါ်တင်၊ အသက်လေးဆယ်အရွယ်ကိုကျော်သက်တို့ဒဏ်ရာရသွားပြီး နေအိမ်တအိမ်လည်းပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလယ်ဒိုမြို့နယ်၊ကြိတ်ကွင်းကျေး ရွာတွင်းကိုလည်း သြဂုတ်လ ၃၀ ရက်နေ့ကစစ်ကော်မရှင်တပ်ရဲ့ခလရ-၂၆၄ မှဒရုန်းနဲ့တိုက်ခိုက်တာကြောင့် စောဇော်လှိုင်ဝင်းရဲ့နေအိမ်တလုံးပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင်သာယာကုန်းဒရုန်းတပ်ဖွဲ့မှကြိတ်ကွင်းကျေးရွာသို့ ၁၂၀ မမနဲ့ပစ် ခတ်ခဲ့တာကြောင့် ဦးမောင်မောင်စိုးရဲ့နေအိမ်နဲ့ စောခီးလာရဲ့နေအိမ်လည်းပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာလယ်ဒို၊ ဆောထိ၊ မူးမြို့နယ်တွေကို နေ့စဥ်လိုလိုလက်နက်ကြီး၊ ဒရုန်းတွေနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်တာလို့ အပြစ်မဲ့အရပ်သား ပြည်သူလူတွေ သေဆုံးဒဏ်ရာရနေကြသလို ကိုယ့်နေရပ်မှာမနေရဲတော့ပဲ ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ဆိုပါတယ်။