Tag: BNA

(ဓာတ်ပုံ - စစ်ကောင်စီတပ်အသုံးပြုနေတဲ့မိုင်းတွေ / AA)

တောင်ကုတ်မှာ မိုင်းနင်းမိလို့အမျိုးသမီးတဦးဒဏ်ရာရ

တောင်ကုတ်မှာ ဖေဖော်ဝါရီလ ၆ ရက်၊ဒီနေ့ ညနေ ၃ နာရီကျော်အချိန်ခန့်က စစ်ကောင်စီထောင်ထားခဲ့တဲ့ စစ်ကျန်မိုင်းတလုံးကိုတက်နင်းမိပြီး အမျိုးသမီးတဦးဒဏ်ရာရသွားတယ်လို့တောင်ကုတ်ဒေသခဲတွေက ဆိုကြပါတယ်။ အဲဒီ တောင်ကုတ်မြို့၊ကံပိုင်ရပ်ကွက်ကအသက် ၅၁ နှစ်အရွယ်ဒေါ်လင်မျိုးချေမှာ ဘယ်ဖက်ခြေထောက်သွားခဲ့ပါတယ်။ အဲဒီတောင်ကုတ်အခြေစစ် စစ်ကောင်စီတပ်အမှတ် ၃၄၆ ခြေမြန်တပ်ရင်းနား၊ကံပိုင်ရပ်ကွက်ရှိ ...

(ဓာတ်ပုံ - အရေပြားရောဂါဖြစ်နေတဲ့မောင်တောမြို့နယ်ကမြိုစစ်ဘေးရှောင်တဦး / BNA)

အာရက္ခဒေသက စစ်ဘေးရှောင်တွေ ဆေးဝါးအကူအညီလိုအပ်နေ

အာရက္ခဒေသက စစ်ဘေးရှောင်တွေမှာ အရေပြားရောဂါ(ယားနာ)ဖြစ်နေကြပြီး ဆေးဝါးကုသမှုခံယူဖို့လက်လှမ်းမမီသလို ဆေးဝါးရဖို့လည်းခက်ခဲနေကြတယ်လို့ စစ်ဘေးရှောင်တွေနဲ့ စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေသူတွေက ဆိုကြပါတယ်။ အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေအားလုံးရှိစစ်ဘေးရှောင်တွေမှာ အရေပြားရောဂါယားနာတွေဖြစ်နေကြတာဖြစ်ပြီး ကလေးငယ်တွေမှာပိုအဖြစ်များတယ်လို့ စစ်ဘေးရှောင်တွေကဆိုကြပါတယ်။ "ယားနာတွေအများကြီးပေါက်နေကြတယ်။ကလေးတွေဆိုပိုများတယ်။တခန္ဓာလုံးမှာပဲအနာတွေက။ကူးတာလည်းမြန်တယ်" လို့ ပေါက်တောမြို့နယ်ရှိ စစ်ရှောင်တဦးက Border News ...

ဓာတ်ပုံ - စစ်ဘေးရှောင်ကူညီရေးပူး ပေါင်းအဖွဲ့ဂွမြို့နယ်။

ဂွမြို့နယ်မှာစစ်ကောင်စီတပ်ရဲ့စစ်ကျန်လက်နက်ဗုံးကြောင်း သုံးဦးသေဆုံး၊နှစ်ဦးဒဏ်ရာရ

(ဂွမြို့နယ်တွင် စစ်ကျန်လက်နက်​ကြောင့် ထိခိုက်သူဒါဇင်နဲ့ချီရှိလာ) ဂွမြို့နယ်မှာ ​ဖေ​ဖော်ဝါရီလ ၃ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ စစ်ကျန်လက်နက်ဗုံးကို ဆော့ကစားရာမှာပေါက်ကွဲပြီး အသက် ငါးနှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် သုံးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ အဲဒီ ဂွမြို့နယ်၊ တိုင်ကျိုးကျေးရွာမှ အသက် ...

Photo - APM

အာရက္ခပြည်သူတွေကို အပြုသဘောဆောင်စည်းရုံးသင့်

အာရက္ခတပ်တော်(AA)က မောင်တောဒေသခံပြည်သူတွေကို ရပ်ရွာလုံခြုံရေးအတွက်အခြေခံစစ်ပညာသင်တန်းတွေခေါ်ယူသင်ပေးနေတာတွေမှာ ပြည်သူ လူထုကို အပြုသဘောဆောင်စည်းရုံးသင့်တယ်လို့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက ဆိုကြပါတယ်။ အာရက္ခတပ်တော်ဟာ မောင်တောဒေသကအရပ်သားပြည်သူတချို့အပါအဝင် မြိုလူမျိုးတွေကို အတင်းအဓမ္မစစ်မှုထမ်းဖို့ဖမ်းဆီးခေါ်ယူခဲ့တယ်လို့ ပြောဆိုမှုတွေများလာပြီးနောက် အာရက္ခတပ်တော်က ရပ်ရွာလုံခြုံရေးအတွက်အခြေခံစစ်ပညာသင်တန်းတွေခေါ်ယူသင်ပေးနေတာလို့ ဆိုပါတယ်။ အဲဒီလိုခေါ်ယူချိန်မှာ အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တချို့ဟာ ...

(ဓာတ်ပုံ - ကျန်းမာရေးစောင့်ရှောက်မှုတွေလိုအပ်နေတဲ့မောင်တောမြို့နယ်ကမြိုစစ်ဘေးရှောင်တဦး / BNA)

အာရက္ခဒေသပြန်လည်တည်ဆောက်ရေးမှာ အရပ်ဖက်အဖွဲ့အစည်းတွေကို ပိုမိုနေရာပေးသင့်

အာရက္ခတပ်တော်သိမ်းပိုက်ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ်အုပ်ချုပ်ရေးယန္တရားတွေဖော်ဆောင်နေပြီး အာရက္ခပြည်သူတွေဘေးကင်းလုံခြုံရေးအပါအဝင် ပြန်လည်တည်ဆောက်ရေးတွေလည်း ကူညီဆောင်ရွက်ပေးနေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။ အဲဒီလိုပြန်လည်တည်ဆောက်ရေးတွေမှာ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကပိုမိုနေရာပေးသင့်သလို အရပ်ဖက်လူမှုအဖွဲ့အစည်းတွေကို အသိအမှတ်ပြုပြီး အခွင့်အရေးတွေဖော်ဆောင်ပေးသင့်တယ်လို့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက ဆိုကြပါတယ်။ "ဘယ်မြို့၊ဘယ်ဒေသမှာမဆို CSOs နဲ့ အရပ်ဖက်အဖွဲ့အစည်းက အရေးကြီးပါတယ်။ ...

(ဓာတ်ပုံ - စစ်ကောင်စီတပ်အသုံးပြုနေတဲ့မိုင်းတွေ / AA)

မောင်တောမြို့နယ်မှာ မြေမြုပ်မိုင်းနင်းမိလို့ ကလေးငယ်တဦးဒဏ်ရာရ

မောင်တောမြို့နယ်မှာ ဇန်နဝါရီလ ၂၉ ရက်နေ့ကစစ်ကောင်စီထောင်ထားခဲ့တဲ့မိုင်းနင်းမိလို့ အသက်မပြည့်သေးတဲ့ကလေးတဦးဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ အဲဒီမောင်တောမြို့နယ်၊ ဇားဂုံးနားကျေးရွာကအီဆုပ်ရဲ့သား၊ အသက်ခုနှစ်နှစ်အရွယ်ကုရ်ရှိတ်အာလာမှာညာဖက်ခြေထောက်တဖက်ပြတ်ထွက်သွားတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ အဲဒီ ကုရ်ရှိတ်အာလာဟာ သူနေအိမ်ထက်ကနေအိမ်အောက်သို့ဆင်းတဲ့အခါ အိမ်အောက်မှာစစ်ကောင်စီတပ်ထားခဲ့တဲ့မိုင်းနင်းမိပြီးခုလိုဒဏ်ရာရသွားတာဖြစ်တယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီလ ၂၂ ရက်နေ့ကလည်း မြောက်ဦးမြို့၊အောင်မင်္ဂလာရပ်ကွက်မှအမျိုးသမီးတဦးတောင်သို့ထင်ခုတ်သွားစဥ် ...

Photo - AA

စစ်တွေမြို့အနီးမှာ နှစ်ဘက်စစ်ရေးတင်းမာနေ

ဒေသကွပ်ကွဲရေးစစ်ဌာနချုပ်တည်ရှိတဲ့ စစ်တွေမြို့အနီးပတ်ဝန်းကျင်မှာ နှစ်ဖက်အပြန်အလှန်လက်နက်ကြီး၊စနိုက်ပါ၊ဒရုန်းပစ်ခတ်တိုက်ခိုက်မှုတွေ နေ့တိုင်းရှိနေခဲ့တယ်လို့ အာရက္ခတပ်တော်က ဇန်နဝါရီလ ၂၇ ရက်နေ့ထုတ်ပြန်ပါတယ်။ အဲဒီစစ်တွေမြို့နယ်၊ဝါဘိုကျေးရွာကို ဇန်နဝါရီလ ၂၀ ရက်၊ နေ့လယ် ၁ နာရီကျော်အချိန်ခန့်မှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ဗုံး​ကြဲတိုက်ခိုက်လို့ လူနေအိမ်တချို့မီးလောင်ပျက်စီးသွားခဲ့တယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ခဲ့ပါတယ်။ ...

Photo - AA

မကွေးတိုင်းအစပ်မှာ စစ်ကောင်စီတပ်ကို အာရက္ခတပ်တော်ဆက်လက်တိုက်ခိုက်နေ

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဂုတ်စီးရိုးကျေးရွာအနီး၊ အမ်း-ပဒါန်းကားလမ်းမထက်မှာ ဇန်နဝါရီလ၂၇ ရက်နေ့ထိစစ်ကောင်စီတပ်ရဲ့တပ်မ ၉၉ လက်အောက်ခံ၊အမှတ် ၄၁၉ ခြေမြန်တပ်ရင်း၊ အမှတ် ၁၄ တပ်ရင်းမှပူးပေါင်းစစ်ကြောင်းတွေကိုအာရက္ခတပ်တော် (AA) က ဆက်လက်တိုက်ခိုက်နေတယ်လို့ထုတ်ပြန်ပါတယ်။ အာရက္ခတပ်တော်ရဲ့ထိုးစစ်ဆင်တိုက်ခိုက်တာတွေကိုဆက်လက်မခုခံနိုင်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ငဖဲမြို့နယ်၊ဂုတ်စီးရိုးကျေးရွာဖက်ကို ဆုတ်ခွာသွားခဲ့တယ်လို့ဆိုပါတယ်။ ...

Photo - AA

ဧရာဝတီနယ်ခြားက ပွိုင့် ၂၆၃ စခန်းကို အာရက္ခတပ်တော်အပြီးသတ်သိမ်းပိုက်

အာရက္ဧ-ဧရာဝတီနယ်ခြားရှိ ပွိုင့် ၂၆၃ စခန်းကို အာရက္ခတပ်တော် (AA)က အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့ ဇန်နဝါရီ လ ၂၇ ရက်နေ့ထုတ်ပြန်ပါတယ်။ အဲဒီအာရက္ခ-ဧရာဝတီနယ်ခြားမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ပွိုင့် ၂၆၃ စခန်းကိုဇန်နဝါရီလ ၂၆ ရက်နေ့၊နေ့လယ် ၂ နာ ...

Photo - AA

အာရက္ခနယ်ခြားက မိုးထိတောင်စခန်းကို အာရက္ခတပ်တော်သိမ်းပိုက်

အာရက္ခ-ပဲခူးနယ်ခြား တောင်ကုတ်မြို့နယ်အပိုင်က စစ်ကောင်စီတပ်ရဲ့မိုးထိတောင်တပ်စခန်းကို အာရက္ခတပ်တော်(AA)က အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့ ဇန်နဝါရီလ ၂၇ ရက်နေ့ထုတ်ပြန်ပါတယ်။ အဲဒီအာရက္ခရိုးမတောင်တန်းမှာရှိတဲ့စစ်ကောင်စီတပ်ရဲ့ မိုးထိတောင်တပ်စခန်းကို အာရက္ခတပ်တော်က ​ဇန်နဝါရိီလ၂၁ ရက်၊၆ နာရီ ၃၀ မိနစ်အချိန်မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးငါးရက်အကြာ ဇန်နဝါရီလ ၂၆ ရက်နေ့မှာ ...

Page 9 of 9 1 8 9

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here