Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ကျမ်းမာရေး စစ်ဘေးရှောင် အာရက္ခဒေသ

အာရက္ခဒေသက စစ်ဘေးရှောင်တွေ ဆေးဝါးအကူအညီလိုအပ်နေ

(ဓာတ်ပုံ - အရေပြားရောဂါဖြစ်နေတဲ့မောင်တောမြို့နယ်ကမြိုစစ်ဘေးရှောင်တဦး / BNA)

(ဓာတ်ပုံ - အရေပြားရောဂါဖြစ်နေတဲ့မောင်တောမြို့နယ်ကမြိုစစ်ဘေးရှောင်တဦး / BNA)

Author picture

By

Saw Shin Nyo
Reading Time: 1 min read
0
A A
0
SHARES
13
VIEWS
Share on FacebookShare on Twitter

အာရက္ခဒေသက စစ်ဘေးရှောင်တွေမှာ အရေပြားရောဂါ(ယားနာ)ဖြစ်နေကြပြီး ဆေးဝါးကုသမှုခံယူဖို့လက်လှမ်းမမီသလို ဆေးဝါးရဖို့လည်းခက်ခဲနေကြတယ်လို့ စစ်ဘေးရှောင်တွေနဲ့ စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေသူတွေက ဆိုကြပါတယ်။

အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေအားလုံးရှိစစ်ဘေးရှောင်တွေမှာ အရေပြားရောဂါယားနာတွေဖြစ်နေကြတာဖြစ်ပြီး ကလေးငယ်တွေမှာပိုအဖြစ်များတယ်လို့ စစ်ဘေးရှောင်တွေကဆိုကြပါတယ်။

“ယားနာတွေအများကြီးပေါက်နေကြတယ်။ကလေးတွေဆိုပိုများတယ်။တခန္ဓာလုံးမှာပဲအနာတွေက။ကူးတာလည်းမြန်တယ်” လို့ ပေါက်တောမြို့နယ်ရှိ စစ်ရှောင်တဦးက Border News Agency ကို ပြောပါတယ်။

အဲဒီလိုဖြစ်နေကြသူတွေထဲမှာ သံတွဲနဲ့ ဂွမြို့နယ်က စစ်ဘေးရှောင်တွေမှာလည်း ယားနာပေါက်နေသူတွေ အများအပြားရှိနေပြီး စစ်ဘေးရှောင်ဦးရေအားလုံးရဲ့ထက်၀က်ကျော်ခန့်ထိဖြစ်နေကြတယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတွေက ဆိုကြပါတယ်။

“ဆေးတွေတော့ ဆက်တိုက်၀ယ်ပြီးထောက်ပံ့ကူညီနေတယ်။ဒါပေမယ့် အခုကတော်တော်များများပြန့်ပွားနေတော့ မနိုင်ဘူးဗျာ။တဖက်မှာလည်း ဆန်နဲ့စားနပ်ရိက္ခာ ထောက်ပံ့နေရတော့ အလှူရတဲ့အပေါ်မူတည်ပြီး ထောက်ပံ့နေရတယ်” လို့ သံတွဲမြို့နယ်မှ စစ်ရှောင်အရေးကူညီပေးနေသူတဦးက Border News Agency ကိုပြောပါတယ်။

အာရက္ခတပ်တော်ပါဝင်တဲ့ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ”၁၀၂၇ စစ်ဆင်ရေး” အဖြစ် အာရက္ခဒေသမှာ ပြီးခဲ့တဲ့ ၂၀ ၂ ၃ ခုနှစ်၊နိုဝင်ဘာလ ၁၃ ရက်နေ့က မောင်တော -အငူမော်ကားလမ်းရှိ စစ်ကောင်စီတပ်ရဲ့ ဒုံးပိုက်နယ်ခြားစောင့်အထိုင်စခန်းကို အာရက္ခတပ်တော်မှ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

အဲဒီနေ့ကစတင်ပြီးစစ်ကောင်စီတပ်ကအာရက္ခဒေသရှိ ကုန်းလမ်း၊ရေလမ်းတွေကို ပိတ်ဆို့တားမြစ်ထားသလိုနိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးအဖွဲ့တွေကိုလည်းသွားလာခွင့်တွေ ပိတ်ပင်ထားပါတယ်။

အဲဒါကြောင့် အာရက္ခဒေသမှာကျန်းမာရေးစောင့်ရှောက်မှုတွေအပါအဝင် ဆေးဝါးတွေအဆမတန်စျေးမြင့်တက်နေပြီး ဆေးဝါးပြတ်လက်မှုတွေနဲ့ ကြုံတွေ့နေကြရတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒီလိုဆေးဝါးပြတ်လက်မှုတွေကြောင့် အာရက္ခဒေသမှာ သက်ကြီးရွယ်အိုတွေအပါအဝင် ကလေးငယ်တချို့သေဆုံးတာတွေထိ ရှိနေတယ်လို့လည်း အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

“ဒီဖက်မှာလည်း တော်တော်အခြေအနေဆိုးနေတယ်။ဆေးတွေဘာတွေလည်းအလုံအလောက် မရှိဘူး” လို့ ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ရှောင်အရေးကူညီပေးနေသူတဦးက Border News Agency ကို ပြောပါတယ်။

အဲဒီ အရေပြားရောဂါ(ယားနာ)တွေဟာ စခန်းတွင်း သုံးရေမသန့်ရှင်းတာ၊အ၀ တ်အစားတွေမသန့်ရှင်းတာ၊လူဦးရေထူထပ်တာတွေကြောင့် ဖြစ်နိုင်တယ်လို့ စစ်ရှောင်တွေကဆိုကြပါတယ်။

“ကိုယ်ခံအားနည်းတာရယ်။အာဟာရနဲ့ ဗီတာမင်ဓါတ်ချို့တဲ့တာရယ်။တကိုယ်ရေသန့်ရှင်းမှုမရှိတာရယ်ကြောင့်ဘက်တီးရီးယားပိုး၊မှိုပိုးတွေဝင်ပြီးအနာတွေဖြစ်တာပါ။” လို့ အထွေထွေရောဂါအ ထူးကုဆရာဝန်တဦးက Border News Agency ကို ပြောပါတယ်။

အဲဒီလိုယားနာဖြစ်နေသူတွေကို ရေနွေး၊ဆပ်ပြာနဲ့သေသေချာချာဆေးကြောပြီး တချို့အနာတွေကိုပြည်ဖေါက်ကာဆေးထည့်ဖို့လိုတယ်လို့ အထူးကုဆရာဝန်က အကြံပြုထားပါတယ်။

အဲဒီတချို့အနာတွေကိုတော့ ဘက်တီးရီးယားနဲ့မှိုပိုးသတ်ဆေးတွေ လိမ်းပေးမှာဖြစ်ပြီး Multivitamin အားဆေးသောက်ပေးဖို့လည်း လိုအပ်တယ်လို့ ဆိုပါတယ်။

အာရက္ခဒေသမှာ စစ်ရေးအခြေအနေတွေနဲ့ စစ်ကောင်စီရဲ့လေကြောင်း၊လက်နက်ကြီးအန္တရယ်တွေကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသူခြောက်သိန်းကျော်အထိ ရှိနေပါတယ်။

အဲဒီစစ်ရှောင်တွေဟာ နိုင်ငံတကာကူညီလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေမရကြတာမို့ စားနပ် ရိက္ခာအခက်အခဲတွေနဲ့ရင်ဆိုင်ကြုံနေကြရတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

PrevPreviousမောင်တောမြို့နယ်မှာ မြေမြုပ်မိုင်းနင်းမိလို့ အရပ်သားတဦးဒဏ်ရာရ
Nextတောင်ကုတ်မှာ မိုင်းနင်းမိလို့အမျိုးသမီးတဦးဒဏ်ရာရNext
Previous Post

မောင်တောမြို့နယ်မှာ မြေမြုပ်မိုင်းနင်းမိလို့ အရပ်သားတဦးဒဏ်ရာရ

Next Post

တောင်ကုတ်မှာ မိုင်းနင်းမိလို့အမျိုးသမီးတဦးဒဏ်ရာရ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

လက်နက်ကိုင်တပ်ဖွဲ့ထဲမှ လိင်ပိုင်းဆိုင် ရာစော်ကားမှု – ၅

August 14, 2026
ဓာတ်ပုံ - အာရက္ခတပ်တော်​

ဂွကို အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်လို့ ရှစ်ဦးသေဆုံး

August 14, 2026

ဦးနှောက်သော့ခတ်ခံထားရတဲ့ အုပ်ချုပ်ရေးနဲ့ တော်လှန်ရေး

August 13, 2026
Photo - The Naf Waves

မောင်တောမှာ ဆန်ပြဿနာနေ့နဲ့ ဦးဦးသာထွန်းနေ့ ကျင်းပ

August 13, 2026

မဲဆောက်မှာ အမျိုးသားတဦး ကားသုံးစီးဆင့်တိုက်ခံရလို့ သေဆုံး

ထိုင်းမှာ တရားမဝင်လာတဲ့ မြန်မာငါးဆယ့်သုံးဦး ဖမ်းဆီးခံရ

​ကိုလံဘီယာငလျင်ကြောင့် သေဆုံးသူ နှစ်ရာ့ခြောက်ဆယ့်ငါးဦးရှိလာ

ဂွကို အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်လို့ ရှစ်ဦးသေဆုံး

AA နယ်မြေတွေကို လနှစ်ဆယ်ကြာတိုက်နေပေမယ့် စစ်တပ်မထိုးဖောက်နိုင်

AA ထိန်းချုပ်နယ်မြေတွေကို ပြန်ဝင်ဖို့အာဏာသိမ်းစစ်တပ်ကြိုးစားနေ

Releated Post

ဓာတ်ပုံ - ထိုင်းသတင်းတွေ

မဲဆောက်မှာ အမျိုးသားတဦး ကားသုံးစီးဆင့်တိုက်ခံရလို့ သေဆုံး

August 14, 2026

ထိုင်းမှာ တရားမဝင်လာတဲ့ မြန်မာငါးဆယ့်သုံးဦး ဖမ်းဆီးခံရ

August 14, 2026

​ကိုလံဘီယာငလျင်ကြောင့် သေဆုံးသူ နှစ်ရာ့ခြောက်ဆယ့်ငါးဦးရှိလာ

August 14, 2026
ဓာတ်ပုံ - အာရက္ခတပ်တော်​

ဂွကို အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်လို့ ရှစ်ဦးသေဆုံး

August 14, 2026

AA နယ်မြေတွေကို လနှစ်ဆယ်ကြာတိုက်နေပေမယ့် စစ်တပ်မထိုးဖောက်နိုင်

August 14, 2026

AA ထိန်းချုပ်နယ်မြေတွေကို ပြန်ဝင်ဖို့အာဏာသိမ်းစစ်တပ်ကြိုးစားနေ

August 14, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page