Tag: Rakhine

ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးသေဆုံး

ကျောက်ဖြူမြို့နယ်၊ ကြတ္တိန်ကျေးရွာကို မတ်လ ၃ ရက်၊ ဒီနေ့၊ နေလည် ၁ နာရီ ၄၅ မိနစ်အချိန်ခန့်က စစ်ကောင်စီတပ်ကဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်လို့အရပ်သား တဦးသေဆုံးပြီးတဦး ဒဏ်ရာရသွားသလိုနေအိမ်ဆယ်လုံးမီးလောင်ပျက်စီးသွားတယ်လို့ ကျောက်ဖြူဒေသခံတွေက ဆိုကြပါတယ်။ အဲဒီသေဆုံးသွားသူမှာ အသက်ခြောက်ဆယ့်တနှစ်အရွယ်ဦးပေါက်စဖြစ်ပါတယ်။ အဲဒီဒဏ်ရာရသူမှာ ဒဏ်ရာပြင်းထန်တာကြောင့် ...

(ဓာတ်ပုံ - စစ်ကောင်စီတပ်အသုံးပြုနေတဲ့မိုင်းတွေ / AA)

မောင်တောမြို့နယ်မှာ မြေမြုပ်မိုင်းနင်းမိလို့ အရပ်သားတဦးဒဏ်ရာရ

မောင်တောမြို့နယ်မှာ မတ်လ ၁၃ ရက်၊ ဒီနေ့၊ နေ့လည်က မြေမြုပ်မိုင်းနင်းမိလို့ အရပ်သားတဦး ဒဏ်ရာရသွားတယ်လို့ ရွာသားတွေက ဆိုကြပါတယ်။ အဲဒီမောင်တောမြို့နယ်၊ ရွှေဇားအနောက်ရွာက အသက်ဆယ့်ရှစ်နှစ်အရွယ် မာမောက်ယာဆိမ့်မှာဘယ်ဖက်ခြေထောက်ပြတ်ထွက်သွားသလို မိုင်းစထိမှန်ပြီး ဘယ်ဖက်မျက်လုံးတဖက်လည်းကွယ်သွားတယ်လို့ ရွာသားတွေကဆိုကြပါတယ်။ အဲဒီမာမောက်ယာဆိမ့်ဟာ ဒီနေ့ ...

တာယာအဟောင်းတွေကို အသုံးချအသက်မွေးသူများ

အာရက္ခတပ်တော်(AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့မြောက်ဦးမြို့နယ်ရှိ ကားလမ်းဘေးတနေရာမှာ တာယာအဟောင်းတွေကို အသုံးချအသက်မွေးဝမ်း ကျောင်းနေကြသူတွေရှိနေကြပါတယ်။ သူတို့ဟာ စစ်တွေမြို့နယ်က စစ်ဘေးရှောင်လာကြတဲ့ဒေါ်မခင်ညွှန်နဲ့ကိုထွန်းထွန်းဝင်းမောင်နှမနှစ်ယောက်ဖြစ်ပါတယ်။ သူတို့မောင်နှမနှစ်ဦးဟာ စစ်တွေ-ရန်ကုန်ကားလမ်းဘေးတနေရာမှာ တာယာအထွေထွေလက်မှုလုပ်ကို လုပ်ကိုင်အသက်မွေးဝမ်းကျောင်းနေကြသူတွေဖြစ်ကြပါတယ်။ သူတို့ဟာ တာယာအဟောင်းတွေကို လူစီးဖိနပ်တွေပြုလုပ်ရောင်းချနေကြသလို မီးစက်တွေအတွက်လိုအပ်တဲ့ဖလပ်ပြားတွေကိုလည်း ပြုလုပ်ရောင်းချနေကြတာဖြစ်ပါတယ်။ အဲဒီတာယာဖိနပ်တရံကို ကျပ်တသောင်းလေးထောင်သတ်မှတ်ထားပြီးတာရှည်ခံသလိုအကြမ်းလည်းခံတာမို့ ...

ထုတ်ကုန်မဲ့ လူ့အဖွဲ့အစည်း ၆

မောင်တူရေးသည်။ ထုတ်ကုန်မဲ့၊ ထုတ်ကုန်နည်းပါးသော အာရက္ခလူ့အဖွဲ့အစည်း - ၆ လက်ဝါးကြီးအုပ်စနစ် မည်သို့ဖြစ်ပေါ်သနည်းဆိုသည်မှာ - ဥပမာ ရပ်ရွာဒေသတခု၌ သားသတ်လိုင်စင်အတွက်လေလံဆွဲသည်ဆိုပါစို့။ အမှန်တကယ် လေလံဝင်ဆွဲမည့်သူတွင် ထိုသားကောင်များကို ၎င်း၏ကိုယ်ပိုင်သွင်းအားစုဖြင့် ထုတ်လုပ်နိုင်သောအခြေအနေရှိ/မရှိကို ဆန်းစစ်ရမည်ဖြစ်ပေသည်။ လူပိန်းနားလည်အောင် ပြောရပါလျှင်သားသတ်လိုင်စင်လေလံဆွဲမည့်သူတွင် ...

ပြန်လည်ရှင်သန် ထမြောက်ခွင့်အား ပိတ်ပင်ခြင်း

မောင်တူရေးသည်။ အာရက္ခလူ့ဘောင်သည် ယခုအချိန်ကာလ၌ စစ်ဒဏ်သင့်နေသောလူ့ဘောင်ဖြစ်ပေသည်။ အာရက္ခလူ့ဘောင်၏ လက်ရှိဦးဆောင်သူနေရာကိုယူထားသော ULA/AA သည် အဆုံးအဖြတ်စစ်ပွဲကိုလည်း တိုက်နေရပေသည်။ အာရက္ခနိုင်ငံတော်တည်ဆောက်ရေး(State Building)ကိုလည်း အကောင်အထည်ဖော်နေရပေသည်။ ULA/AA အနေဖြင့် တိုက်ပွဲနှင့်တည်ဆောက်ရေးကို တချိန်တည်းတွင် ပြုလုပ်နေရပေသည်။ အာရက္ခအဆုံးအဖြတ်စစ်ပွဲကို ပြီးအောင်အရင်တိုက်ပြီးခါမှတရားစီရင်ရေး၊အုပ်ချုပ်ရေးကို ...

ထုတ်ကုန်မဲ့ လူ့အဖွဲ့အစည်း ၅

မောင်တူရေးသည်။ ထုတ်ကုန်မဲ့ သို့မဟုတ် ထုတ်ကုန်နည်း သော အာရက္ခလူ့အဖွဲ့အစည်း - ၅။ အာရက္ခတပ်တော်(AA)ဦးဆောင်သည့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေဖြင့် စစ်ရေးအရအောင်မြင်နေသော်လည်း စီးပွားရေး၊ပညာရေး၊ကျန်းမာရေး၊ကုန်သွယ်ရေးကို ထိန်းချုပ်လည်ပတ်နိုင်ရန် အခက်အခဲများကို ရင်ဆိုင်နေရသည်ဟု ရခိုင့်အရေးစောင့်ကြည့်လေ့လာသုံးသပ်သူများက ဆိုကြသည်။ အာရက္ခပြည်သူလူထုတွင် ဆန်ပြုပ်သောက်နေရသူများရှိနေကြပြီး အချို့မှာ ...

ကျောင်းဆရာလုပ်တဲ့ မက္ကလာ

အာရက္ခတပ်တော်(AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့မြောက်ဦးမြို့မှာ အလယ်တန်းပြဆရာတဦးဟာ မက္ကလာတွေ ရက်လုပ်နေပါတယ်။ သူဟာ အလယ်တန်းပြဆရာဖြစ်ပေမယ့် အာရက္ခအဆုံးအဖြတ်စစ်ပွဲစတင်းကတည်းက ကျောင်းတွေပိတ်သွားတာမို့ သူတတ်ထားတဲ့လက်မှုပညာနဲဆက်လုပ်နေတာလို့ ဆိုပါတယ်။ အဲဒီမက္ကလာကို သူ့အသက်ရှစ်နှစ်အရွယ်ကတည်းက စတင်သင်ယူတတ်မြောက်လာခဲ့တာဖြစ်ပြီး ခုတော့အသက်လေးဆယ့်ဆနှစ်အရွယ်ရောက်နေပေမယ့် ဆက်လုပ်နေတုန်းပဲလို့ သူကဆိုပါတယ်။ ရခိုင်လူမျိုးတွေက မက္ကလာလို့ခေါ်ကြတဲ့ဒီဟာကိုတော့ မိုးရာသီးစပါးစိုက်ပျိုးကြချိန်မှာ ...

(ဓာတ်ပုံ - စစ်ကောင်စီတပ်အသုံးပြုနေတဲ့မြေမြုပ်မိုင်း / AA)

တောင်ကုတ်မှာ မြေမြုပ်မိုင်းနင်းမိလို့ အမျိုးသားတဦးဒဏ်ရာရ

အာရက္ခတပ်တော်(AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ တောင်ကုတ်မြို့မှာ မတ်လ ၁၁ ရက်၊ ဒီနေ့နေ့လည် ၁၂ နာရီ ၄၀ မိနစ်အချိန်ခန့်က စစ်ကောင်စီတပ်ထောင်ထားခဲ့တဲ့ မြေမြုပ်မိုင်းနင်းမိလို့ အမျိုးသားတဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။ အဲဒီတောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်က အသက်သုံးဆယ်လေးနှစ်အရွယ်ဦးမောင်ဌေးဝင်းမှာ ဘယ်ဖက်ခြေထောက်ပြတ်ထွက်သွားတယ်လို့ ဒေသခံတွေက ...

ထုတ်ကုန်မဲ့လူ့အဖွဲ့အစည်း ၄

မောင်တူရေးသည်။ ထုတ်ကုန်မဲ့၊ ထုတ်ကုန်နည်းပါးသော အာရက္ခလူ့အဖွဲ့အစည်း - ၄ အာရက္ခဒေသတွင် ကုန်ထုတ်လုပ်မှုနှင့်ပြည်တွင်းဝယ်လိုအားမြင့်မားမှုကိုဆောင်ရွက်နိုင်မည်လားဆိုသည့်အချက်ကို ဆန်းစစ်ကြည့်မည်ဆိုလျှင် အာရက္ခဒေသတွင် မည်သည့်ကုန်ထုတ်လုပ်မှုများရှိပါသနည်းဆိုသည့်ကို ပြန်ကြည့်ရန်လိုအပ်ပေသည်။ ယေဘူယျအားဖြင့် စိုက်ပျိုးရေး၊မွေးမြူရေး၊ရေလုပ်ငန်းရှိကြသည်။ စိုက်ပျိုးရေးကိုကြည့်ပါက ဆန်စပါးစိုက်ပျိုးရေးသည် အဓိကဖြစ်သည်။ ထိုဆန်စပါးစိုက်ပျိုးရေး၏သွင်းအားစုနှင့်ဈေးကွက်စီးပွားရေးဆိုင်ရာလုပ်ရပ်များကိုကြည့်လျှင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရသည် ငွေကြေး၊လုပ်အား၊နည်းပညာ၊ကုန်ကြမ်းပစ္စည်းများဖြစ်သောမျိုးစပါး၊ရေရရှိမှု၊မြေသြဇာ၊စိုက်ပျိုးမြေ၊ကျွဲ၊နွား၊ကုန်ထုတ်ပစ္စည်းကိရိယာများဖြစ်သော ...

(ဓာတ်ပုံ - မီးလောင်ပျက်စီးသွားတဲ့ကျောက်ဖြူမြို့နယ်၊ကပ်သပြေကျေးရွာ / APM)

ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးဒဏ်ရာရ

ကျောက်ဖြူမြို့နယ်၊ကပ်သပြေကျေးရွာကို မတ်လ ၁၀ ရက်နေ့က စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးဒဏ်ရာရသွားသလို့ နေအိမ်နှစ်ဆယ်ကျော်မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။ အဲဒီကပ်သပြေကျေးရွာက အသက် ၅၆ နှစ်အရွယ် ဦးဘသိန်းအောင်ဒဏ်ရာရသွားခဲ့ပါတယ်။ အဲဒီစစ်ကောင်စီတပ်ရဲ့ ဓညဝတီရေ တပ်ကကပ်သပြေကျေးရွာကို ရွယ်ရည်ချက်ရှိရှိဒရုန်းနဲ့ဗုံးကြဲချခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ အဲဒီလိုဗုံးကြဲတိုက်ခိုက်တာကြောင့် ...

Page 5 of 10 1 4 5 6 10

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here