Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
Analysis ဆောင်းပါး နိုင်ငံရေး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် လူ့အခွင့်အရေး အာရက္ခဒေသ

ပြန်လည်ရှင်သန် ထမြောက်ခွင့်အား ပိတ်ပင်ခြင်း

Author picture

By

Saw Shin Nyo
Reading Time: 3 mins read
0
A A
0
SHARES
294
VIEWS
Share on FacebookShare on Twitter

မောင်တူရေးသည်။

အာရက္ခလူ့ဘောင်သည် ယခုအချိန်ကာလ၌ စစ်ဒဏ်သင့်နေသောလူ့ဘောင်ဖြစ်ပေသည်။

အာရက္ခလူ့ဘောင်၏ လက်ရှိဦးဆောင်သူနေရာကိုယူထားသော ULA/AA သည် အဆုံးအဖြတ်စစ်ပွဲကိုလည်း တိုက်နေရပေသည်။

အာရက္ခနိုင်ငံတော်တည်ဆောက်ရေး(State Building)ကိုလည်း အကောင်အထည်ဖော်နေရပေသည်။ ULA/AA အနေဖြင့် တိုက်ပွဲနှင့်တည်ဆောက်ရေးကို တချိန်တည်းတွင် ပြုလုပ်နေရပေသည်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲကို ပြီးအောင်အရင်တိုက်ပြီးခါမှတရားစီရင်ရေး၊အုပ်ချုပ်ရေးကို အကောင်အထည်ဖော်နေခြင်းမဟုတ်ဘဲ တပြိုင်နက်တည်းအကောင်အထည်ဖော်နေခြင်းဖြစ်ပေသ ည်။

အလွန်တရာရှုပ်ထွေးလှသော လုပ်ငန်းစဉ်များကို တပြိုင်တည်းလျှောက်လှမ်းနေရချိန်၌ အကောင်အထည်ဖော်မှုအပိုင်းတွင် လစ်ဟာမှုများ၊ အားနည်းချက်များလည်း ရှိနေမည်မှာ ဓမ္မတာပင်ဖြစ်ပေသည်။

ဤအခြေအနေများ၌စစ်၏သဘောတရားနှင့်တည်ဆောက်ရေးလုပ်ငန်းစဉ်၏ သဘောတရားနှစ်ခုကြားတွင် ဒွိဟဖြစ်စေသောအချက်များလည်း ပေါ်လာမည်မှာ မလွဲပေ။

သဘောတရားဆိုင်ရာ ဒွိဟပုံစံများ

  • သဘောတရားအရ တိုက်ပွဲတွင် သတင်းအချက်အလက်လုံခြုံရေးသည် အရေးကြီးသည်။ရဲဘော်များ၏ တိုက်ခိုက်လိုစိတ်ရှိမှုသည် အရေးကြီးသည်။
  • တည်ဆောက်ရေးလုပ်ငန်းစဉ်များဖြစ်သည့် အုပ်ချုပ်ရေးနှင့်စီမံခန့်ခွဲရေးများတွင် ပြည်သူလူထု၏အကျိုးစီးပွားနှင့်အခွင့်အရေးကို ဖော်ဆောင်မှုသည်အရေးကြီးသည်။

လူထု၏အကျိုးစီးပွားနှင့်အခွင့်အရေးကို ဖော်ဆောင်မှုတွင် “လူထုမှပြန်လည်ထိန်းကျောင်းမှု”သည် အရေးပါပေသည်။

အထက်ပါစံနှုန်းနှစ်ခု၏သဘောတရား ဆိုင်ရာဒွိဟမှာ “ULA/AA အဖွဲ့ဝင်များ၏စည်းကမ်းဖောက်ဖျက်မှုများ၊အာဏာပါဝါပြမှုများကို ပြည်သူလူထုမှထိန်းကျောင်းမှုများ လက်ရှိတော်လှန်ရေး၊စစ်ရေးကာလတွင် မလုပ်သင့်ပေ။ထိုကဲ့သို့လုပ်ပါက ရဲဘော်များ၏တိုက်လို၊ခိုက်လိုစိတ်ကိုထိခိုက်သွားနိုင်သည်။ရဲဘော်များ၏တိုက်လို၊ခိုက်လိုစိတ်ကိုထိခိုက်မှုကြောင့် တိုက်ပွဲ၏ရလဒ်ကိုထိခိုက်နိုင်သည်။” ဆိုသည့် အမြင်မျိုး ပေါ်ထွက်လာသည်။

ဒွိဟများအပေါ် ပြန်လည်ဆန်းစစ်မှု

အာရက္ခဒေသတွင် စစ်ရေးနှင့်အုပ်ချုပ်ရေးကို တပြိုက်နက်တည်းဖော်ဆောက်နေသည်ကို ULA/AA ခေါင်းဆောင်များမှအများပြည်သူသိအောင် တရားဝင်ချပြထားပြီးဖြစ်ပေသည်။

ထိုလုပ်ငန်းစဥ်နှစ်ခုကို တပြိုက်နက်တည်းအကောင်အထည်ဖော်နေချိန်တွင် ULA/AA သည် အင်စတီကျူးရှင်းသဘောအရ ကောင်းမွန်သည့်အစဉ်အလာဖြစ်စေရန် တိုက်ခိုက်ရေးနှင့်အုပ်ချူပ်ရေးကို ရောထွေးမထားဘဲ သီးခြားအကန့်ခွဲကာ တက်နိုင်သမျှခွဲထားပေသည်။

ထိုကဲ့သို့သီးသန့်အကန့်ခွဲထားခြင်းသည် အများ၏အငုံစိတ်တွင်စိုးရိမ်နေသည့်“စစ်ပုံသွင်းခံထားရသောအနာဂတ်အာရက္ခလူ့ဘောင်မျိုးမဟုတ်ဘဲ ဒီမိုကရက်လူ့ဘောင်ဘက်ကိုတက်လှမ်းပုံဖော်ရာတွင် အထောက်အကူ” ဖြစ်စေလို၍ ဖြစ်ပေသည်။

အာရက္ခတပ်တော်(AA)တပ်မှူးချုပ်၊ဗိုလ်ချုပ်ထွန်းမြတ်နိုင်က(၁၂)ကြိမ်မြောက်၊တပ်တော်နေ့မိန့်ခွန်းသဝဏ်လွှာတွင် “တော်လှန်ရေးတရပ်ကိုအောင်မြင်အောင်ဆင်နွဲနိုင်ရန် ပြည်သူတရပ်လုံး ညီညွှတ်ဖို့လိုကြောင်း၊စစ်သားတမျိုးတည်းဖြင့် တိုင်းပြည်ကိုတည်ဆောက်၍မရကြောင်း၊ကဏ္ဍအသီးသီးတွင် ဒေါင့်စေ့အောင်တည်ဆောက်ရကြောင်း၊တိုင်းပြည်အတွက်တာဝန်ထမ်းဆောင်သော အခါ ကိုယ့်ကဏ္ဍနဲ့ကိုယ်အရပ်ဖက်-စစ်ဖက်ဆက်ဆံရေးတွင် အပြန်အလှန်လေးစားတန်ဖိုးထား အသိအမှတ်ပြုရမည်ဖြစ်ကြောင်း၊”မိမိကသာစစ်တိုက်ရသူ၊တောထဲမှာ အပင်ပန်းခံနေသူဟုဆိုကာ ပြည်သူကို အနိုင်ပိုင်းပြောဆိုမှုများ၊ကိုယ့်တာဝန်နဲ့မဆိုင်သည့်အုပ်ချုပ်ရေး၊တရားစီရင်ရေး၊ပြည်သူ့ရေးရာကိစ္စများတွင် ဝင်ရောက်ချယ်လှယ်မှုများကို လုံးဝမပြုလုပ်ရန်လိုကြောင်း၊အခြေ အနေအရမဖြစ်မနေဝင်ပါရန်လိုအပ်လျှင် နည်းလမ်းတကျမှန်မှန်ကန်ကန်သက်ဆိုင်ရာလမ်းကြောင်းအတိုင်းသာ တင်ပြလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊အရေးကြီးသည်မှာစစ်ဖက်အရပ်ဖက် ဟန်ချက်ညီညီလက်တွဲကာ ပြည်သူတရပ်လုံးနှင့်စည်းလုံးညီညွှတ်စွာတိုင်းပြည်အကျိုးကို ထမ်းရွက်ရန်လိုကြောင်း” ကို သတိပေးပြောဆိုထားသည်။

အာရက္ခတိုင်းပြည်တည်ဆောက်ရေး လုပ်ငန်းစဉ်ဖြစ်သည့် အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးဖြစ်စဉ်များတွင် ပြည်သူလူထုမှထိန်းကျောင်းရန်လိုအပ်ကြောင်းကိုလည်း ULA/AA ခေါင်းဆောင်များမှသဘောပေါက်ထားပုံရပေသည်။

သို့ဖြစ်၍ ULA/AA အဖွဲ့ဝင်များမတရား ပြုလုပ်ပါက တိုင်တန်းနိုင်သောယန္တရားများကိုလည်း အစောပိုင်းကာလများကပင် တည်ဆောက်ထားသည်ကို တွေ့ရပေသည်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ULA/AA အဖွဲ့ဝင်များကျင့်ဝတ်စည်းကမ်းချိုးဖောက်ပါက အချိန်မဆိုင်းဘဲ တိုင်ကြားရန် မေတ္တာရပ်ခံထားကြောင်းနိုင်ငံတကာသတင်းမီဒီယာများတွင် ကမ္ဘာသိ ပြောဆိုထားပေသည်။

“အာဏာပိုင်တရပ်သည် ပြည်သူများကို အကာအကွယ်ပေးရမည်ဖြစ်ကြောင်း၊ULA အနေဖြင့်ထိန်းချုပ်နယ်မြေအတွင်းအကာအကွယ်ကို လူမျိုးဘာသာမရွေးလူ့အသိုက်အဝန်းအားလုံးကိုပေးနေကြောင်း၊အကယ်၍ ULAဘက်မတရားဖိနှိပ်မှုတွေလုပ်နေလျှင် အထောက်အထားတွေနဲ့မိမိတို့ကို ပေးဖို့လိုကြောင်း၊အကယ်၍ ULA ဘက်ကမတရားပြုနေပါက ကျေးဇူးပြု၍အချိန်မဆိုင်းဘဲမိမိတို့ကိုအကြောင်းကြားစေလိုကြောင်း” ဗိုလ်ချုပ်ထွန်းမြတ်နိုင်က The New Humanitarian သတင်းဌာနနှင့်အင်တာဗျူး (Arakan army responds rohingya abuse accusations myanmar) တွင် ပြောကြားထားသည်။

ထို့အပြင် “ကမ္ဘာကြီးရှိ အခြားပရိုဖက်ရှင်နယ်လက်နက်ကိုင်တပ်ဖွဲ့များတွင်ပင်လျှင် အသေးစားကျင့်ဝတ်ချိုးဖောက်စည်းကမ်းပျက်မှုများရှိကြောင်း၊ AAတွ င်လည်း ထိုကဲ့သို့အသေးစားကျင့်ဝတ်ချိုးဖောက်မှုများရှိကြောင်း၊ရှိလာပါက ပြင်းပြင်းထန်ထန်အရေးယူကြောင်း၊မိမိတို့အဖွဲ့ဝင်များ၏ချိုးဖောက်မှုများကိုအထောက်အထားခိုင်ခိုင်လုံလုံဖြင့် ပေးပို့မှုကို လှိုက်လှဲစွာကြိုဆိုကြောင်း၊ထိုကဲ့သို့ဖြစ်စဉ်များကို မိမိတို့အဖွဲ့အစည်း၏စည်းမျဉ်းဥပဒေများနဲ့အညီ အရေးယူသွားမည်ဖြစ်ကြောင်း”ကိုလည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က The Diplomat သတင်းဌာန၏အင်တာဗျူး (Arakan army commander in chief twan mrat naing on the future of rakhine state) တွင် ပြောကြားထားသည်။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေများတွင် စစ်ရေးနှင့်လုံခြုံရေးဆိုင်ရာလိုအပ်ချက်အရ ဆက်သွယ်ရေးဖုန်းလိုင်း၊အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသဖြင့် လူထုအနေဖြင့် ULA/AA ၏ ယန္တရားများကို တိုင်ကြားရန်မှာလက်ရှိအဟန့်အတားများ ဖြစ်နေကြပေသည်။

ထိုတိုင်တန်းနိုင်သောယန္တရားများတည် ဆောက်ထားစေကာမူ စစ်ရေးသဘောတရားအရ ဆက်သွယ်ရေးဖုန်းလိုင်း၊အင်တာနက်လိုင်းများဖြတ်တောက်ခံနေကြရချိန်တွင် ပြည်သူလူထု၏အသံသည် တိုးတိတ်သွားရပေသည်။

ပြည်သူလူထု၏အသံ တိုးတိတ်နေမှုသည် အခွင့်အရေးသမားများနှင့်သဘောတရားကိုနားလည်မှုအားနည်းသောသာမန်အောက်ခြေအဖွဲ့ဝင်များ၏ အာဏာပြမှုများအတွက် ရေခံမြေခံကိုဖြစ်စေ သည်။

ဤအချက်များက ULA/AA အပေါ် ပြည်သူလူထု၏ ယုံကြည်မှုကိုထိခိုက်စေသည်။ပြည်သူလူထု၏ယုံကြည်မှုကိုထိ ခိုက်ပါက စစ်ရေးကိုထိခိုက်ပေသည်။ဤသို့ဖြင့် ဆိုးကြော့သံသရာဘက်ကို ရောက်သွားနိုင်ပေသည်။

ဆန်းစစ်မှုမှရလာသောသုံးသပ်ချက်

ULA/AA အဖွဲ့ဝင်များ၏စည်းကမ်းဖောက်ဖျက်မှုများ၊အာဏာပြမှုများကို ပြည်သူလူထုမှထိန်းကျောင်းမှုများလက်ရှိ တော်လှန်ရေး၊စစ်ရေးကာလတွင် မလုပ်သင့်ပေ။လုပ်ပါက ရဲဘော်များ၏တို က်လို၊ ခိုက်လိုစိတ်ကို ထိခိုက်သွားနိုင်သည်ဆိုလျှင် အခွင့်အရေးသမားများနှင့်သဘောတရားကို နားလည်မှုအားနည်းသော သာမန်အောက်ခြေအဖွဲ့ဝင်များ ၏အာဏာပြမှုများရှင်သန်ရန်ရေခံမြေခံကိုဖြစ်စေမှု​ကြောင့် ULA/AA အပေါ်ပြည်သူလူထု၏ယုံကြည်မှုကိုထိခိုက်စေမှုများသည် စစ်ရေးကိုမထိခိုက်နိုင်ဘူးလားဟု ပြန်၍မေးခွန်းထုတ်စရာရှိနေပေသည်။

ထိုလုပ်ငန်းစဥ်နှစ်ခုကို တပြိုက်နက်အကောင်အထည်ဖော်နေချိန်တွင် ULA/AA သည် အင်စတီကျူးရှင်းသဘောအရ ကောင်းမွန်သည့်အစဉ်အလာဖြစ်စေရန် တိုက်ခိုက်ရေးနှင့်အုပ်ချူပ်ရေးကို ရောထွေးမထားဘဲ သီးခြားအကန့်ခွဲကာ တပ်နိုင်သမျှထားမှုသည်အလကားဖြစ်နေပြီလား။

“ကျင့်ဝတ်ပျက်မှုများသည် ရေရှည်တွင် ခိုင်မာသောရလဒ်ကိုဖြစ်လာရန်အကြောင်းမရှိပေ။”

“ပြည်သူလူထု၏ ထိန်းကျောင်းမှုကြောင့် ကျင့်ဝတ်အားကောင်းနေသောအဖွဲ့အစည်းသည် အခက်အခဲများကို ဖြတ်ကျော်ရာတွင်မအောင်မြင်စရာအကြောင်းမရှိပေ။”

“ဤသို့ဆိုလျှင် အဘယ်ကြောင့်အုပ်ချုပ်ရေးနှင့်စီမံခန့်ခွဲရေးလုပ်ငန်းစဉ်များ၌ပြည်သူလူထု၏ ထိန်းကျောင်းမှုကို လမ်းဖွင့်မပေးချင်ရပါသနည်း။”

ဆုံးဖြတ်ချက်ချနိုင်သူများဘက်မှဒွိဟအပေါ်ကိုင်တွယ်မှု

သဘောတရားစံနှုန်းနှစ်ခုသည် တချိန်ထဲတွင် သူနည်းသူဟန်ဖြင့်မှန်နေပြီး အပြန်အလှန်လည်း ဒွိဟဖြစ်နေလျှင် ဆုံးဖြတ်ချက်ချရမည်သူသည်“တရားမျှတမှု၊ ကျိုးကြောင်းစီလျော်မှု၊ ဖြောင့်မတ်တည်ကြည်မှု”ဖြင့်သာ ချင့်ချိန်ဆုံးဖြတ်ရပေသည်။

ထိုသို့ဆုံးဖြတ်ရသည်မှာလည်း သီအိုရီအရ အထူးအဆန်းမဟုတ်ဘဲ ကမ္ဘာပေါ်တွင်ကျင့်သုံးနေသော တရားစီရင်ရေးစံနှုန်းသာဖြစ်ပေသည်။

တိုင်းပြည်တည်ဆောက်ရေးလုပ်ငန်းစဉ်များဖြစ်သည့် အုပ်ချုပ်ရေးနှင့်စီမံခန့် ခွဲရေးများတွင် ပြည်သူလူထု၏အကျိုးစီးပွားနှင့်အခွင့်အရေးကို ဖော်ဆောင်မှုလည် အရေးကြီးပေသည်။

အုပ်ချုပ်ရေး၊စီမံခန့်ခွဲရေးတွင်သဘောသဘာဝအရ“ဖြောင့်မတ်တည်ကြည်မှု”မှာလိုအပ်ပေသည်။ဖြောင့်မတ်တည်ကြည်မှုသည် ကိုယ်ကျင့်သီလလည်းဖြစ်ပေသည်။လိုက်နာရမည့် ကျင့်ဝတ်လည်းဖြစ်ပေသည်။

ပြည်သူလူထုထိန်းကျောင်းမှုကို အဟန့်အတားဖြစ်စေသော “တော်လှန်ရေးကာလဖြစ်၍ ULA/AA အဖွဲ့ဝင်အချို့၏ စည်းကမ်းဖောက်ဖျက်မှုများ၊အာဏာပါဝါပြမှုများကို မဖော်ထုတ်သင့်ဆိုသော အမြင်မှာဆိုးကြော့သံသရာကိုသာ ဖိတ်ခေါ် နေပေ၏။

“ရက္ခိုင့်တပ်တော်သည် ရခိုင်ပြည်သူများ၏အကျိုးစီးပွားကိုကာကွယ်မြင့်တင်ရန်တည်ထောင်ထားသောရခိုင်ပြည်သူ့စစ်တပ်ဖြစ်ကြောင်း၊ပြည်သူများ၏လုံခြုံရေးနှင့်အကျိုးစီးပွားကို ဦးထိုက်ပန်ဆင်ရန်တာဝန်ရှိကြောင်း၊ပြည်သူများနှင့်ဆက်ဆံရာတွင် လေးစားစွာဆက်ဆံရန်၊စည်းကမ်းကျင့်ဝတ်နှင့်အညီတသားတည်းလိုက်နာကျင့်ကြံရန်လိုကြောင်း”(၁၁)ကြိမ်မြောက်တပ်တော်နေ့ သဝဏ်လွှာတွင် တပ်မှူးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်က သတိပေးပြောဆိုထားသည်။

“လူထုမှပြန်လည်ထိန်းကျောင်းခွင့်”ဟူ သည်အုပ်ချုပ်သူ၊စီမံခန့်ခွဲသူများအတွက်အသုံးချတတ်လျှင် အင်မတန်မှအသုံးဝင်သောအရာဖြစ်ပေသည်။

အာရက္ခလူ့ဘောင်၏ ပြန်လည်ထိန်းကျောင်းခွင့်အား အာဏာရှင်အဆက်ဆက်မှပိတ်ပင်ထားမှုမှာ ကာလမနည်းကြာခဲ့ပြီဖြစ်ပေသည်။

အာရက္ခလူ့ဘောင်အား ဆယ်စုနှစ်များစွာပိတ်ပင်ခံထားရသည့် ပြည်သူလူထုပြန်လည်ထိန်းကျောင်းခွင့်အား ပြန်လည်ရှင်သန်ထမြောက်ရန် အစပြုနေချိန်တွင်ပင်လျှင် အခွင့်အရေးသမားများနှင့်မသိနားမလည်မှုများက ထိုရှင်သန်ထမြောက်ရန်အစပြုမှုကို အဓမ္မပြုကျင့်ရန် ဈေးဆစ်ခြင်းခံနေရသည့်အခြေအနေမျိုးတွင် ရှိနေပေသေးသည်။

PrevPreviousမောင်တောက ဟိန္ဒူဘာသာဝင်တွေ အကူအညီတွေ လို​အပ်နေ
Nextထုတ်ကုန်မဲ့ လူ့အဖွဲ့အစည်း ၆Next
Previous Post

မောင်တောက ဟိန္ဒူဘာသာဝင်တွေ အကူအညီတွေ လို​အပ်နေ

Next Post

ထုတ်ကုန်မဲ့ လူ့အဖွဲ့အစည်း ၆

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

Photo - APM

“ကိုယ့်သားသမီး အသက်မပြည့်သေးတာကြောင့် ပြန်ပြီးခေါ်ချင်ပါတယ်။”

September 22, 2026
Photo-APM

“ငပသုန်ရွာမှာဆိုရင် လူပျို၊အပျိုတရာကျော်ရှိတာကို တရာကျော်လုံးကိုခေါ်သွားတော့ ရွာလည်းပျက်သွားနိုင်တဲ့အခြေအနေရှိပါတယ်။”

September 22, 2026
Photo-APM

“ငပသုန်ကလူတွေနဲ့ခြိမ်းခြောက်ပြီးကျွန်းသာယာက ခေါ်နေလားမသိပါဘူး။”

September 22, 2026
(ဓာတ်ပုံ - အာရက္ခတပ်တော်စစ်ပညာသင်တန်း/APM)

မြေပုံမြို့နယ်က လူငယ်တွေကို အာရက္ခတပ်တော်က အတင်းအဓမ္မစစ်မှုထမ်းခေါ်ယူနေ

September 22, 2026

ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးသေဆုံး

မြန်မာနိုင်ငံမှာ 5G စနစ်မကြာမီသုံးနိုင်မယ်လို့ အာဏာသိမ်းစစ်တပ်ပြော

ဝီရဌာနီမှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးတဦးသေဆုံး

သာစည်နဲ့လားရှိုးမှာငွေကျပ် သိန်းတထောင်ရှစ်ရာကျော်ဖိုးရှိ မူးယစ်ဆေးဝါးတွေဖမ်းမိ

ဂွမှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားနှစ်ဦးဒဏ်ရာရ(ဓာတ်ပုံသတင်း)

ငြိမ်းချမ်းရေးအတွက်အားလုံးပူးပေါင်းကြဖို့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်တိုက်တွန်း 

Releated Post

ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးသေဆုံး

September 21, 2026

မြန်မာနိုင်ငံမှာ 5G စနစ်မကြာမီသုံးနိုင်မယ်လို့ အာဏာသိမ်းစစ်တပ်ပြော

September 21, 2026

ဝီရဌာနီမှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးတဦးသေဆုံး

September 21, 2026
ဓာတ်ပုံ-မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့

သာစည်နဲ့လားရှိုးမှာငွေကျပ် သိန်းတထောင်ရှစ်ရာကျော်ဖိုးရှိ မူးယစ်ဆေးဝါးတွေဖမ်းမိ

September 21, 2026
ဓာတ်ပုံ-APM

ဂွမှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားနှစ်ဦးဒဏ်ရာရ(ဓာတ်ပုံသတင်း)

September 21, 2026
ဓာတ်ပုံ-BNA

ငြိမ်းချမ်းရေးအတွက်အားလုံးပူးပေါင်းကြဖို့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်တိုက်တွန်း 

September 21, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page