Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
မောင်တောခရိုင် မောင်တောမြို့နယ် လူမျိုးရေးရာ သတင်း အာရက္ခဒေသ

မောင်တောက ဟိန္ဒူဘာသာဝင်တွေ အကူအညီတွေ လို​အပ်နေ

(ဓာတ်ပုံ - မောင်တောမြိုနယ်ကစစ်ဘေးရှောင်ဟိန္ဒူဘာသာဝင်တွေ / BNA)

(ဓာတ်ပုံ - မောင်တောမြိုနယ်ကစစ်ဘေးရှောင်ဟိန္ဒူဘာသာဝင်တွေ / BNA)

Author picture

By

Saw Shin Nyo
Reading Time: 1 min read
0
A A
0
SHARES
43
VIEWS
Share on FacebookShare on Twitter

အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်း ချုပ်ထားတဲ့ မောင်တောမြို့ကဟိန္ဒူဘာသာဝင်တွေဟာ စားနပ်ရိက္ခာ၊ ဆေးဝါး ​အကူအညီတွေ လိုအပ်နေကြတယ်လို့ ဟိန္ဒူဘာသာဝင်တွေက ဆိုကြပါတယ်။

အဲဒီမောင်တောမြို့နယ်မှာ ဟိန္ဒူဘာသာဝင်လေးထောင်ကျော်ထိရှိနေပြီးအများစုဟာ အလုပ်အကိုင်တွေမရှိကြသေးဘူးလို့ ဆိုကြပါတယ်။

သူတို့တွေဟာ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေမရကြသလို အာရက္ခတပ်တော်ဆီကလည်း အကူအညီတွေမရကြတာမို့ စားဝတ်နေရေးအခက်အခဲနဲ့ရင်ဆိုင်နေကြရတယ်လို့ ဟိန္ဒူဘာသာဝင်တွေ ကဆိုကြပါတယ်။

“စားဖို့၊သောက်ဖို့ အခက်အခဲရှိတယ်။ အလုပ်အကိုင်လည်းမရှိဘူး။ ဆန်တသိုက်စားရမယ့်နေရာမှာ နှစ်ဗူးလုပ်လို့စားရတယ်။နှစ်ဗူးစားတာမှာ တဗူးလုပ်လို့စားနေရတယ်။ အဲလိုအခက်အခဲတွေဖြစ်နေပါတယ်။ အဲဒါတွေကို ကူညီပေးစေချင်ပါတယ်။ လူတွေကအလုပ်အကိုင်လည်း အဆင်မ​ပြေဘူး။ စားဝတ်နေရေးနဲ့ အများကြီးဒုက္ခရောက်နေကြတယ်။” လို့ မောင်တောမြို့မှဟိန္ဒူဘာသာဝင်အမျိုးသမီးတဦးက Border News Agency ကိုပြောပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝင် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ရမ်းဗြဲ၊ သံတွဲ၊ တောင်ကုတ်၊ အမ်း၊ ဂွမြို့ နယ်တွေကို အပြီးသတ်သိမ်းပိုက်ထိန်း ချုပ်ထားပြီဖြစ်ပါတယ်။

အာရက္ခတပ်တော်သိမ်းပိုက်ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ်အုပ်ချုပ်ရေးယန္တရားတွေဖော်ဆောင်နေပြီး အာရက္ခပြည်သူတွေအတွက် ပြည်သူ့ဝန် ဆောင်မှုတွေဆောင်ရွက်ပေးနေပေမယ့် တည်ငြိမ်အေးချမ်းမှုတွေမဖြစ်သေးဘူးလို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒါကြောင့် အာရက္ခပြည်သူတွေဟာ မိမိတို့ရဲ့အသက်မွေးဝမ်းကျောင်းအ လုပ်တွေကို ပြန်လည်မလုပ်နိုင်ကြသေးတာမို့ ပုံမှန်ဝင်ငွေမရှိကြသေးဘူးလို့လ ည်း အာရက္ခပြည်သူတွေကဆိုကြပါတယ်။

အဲဒီလိုဝင်ငွေမရှိကြတာမို့ စားဝတ်နေရေးအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုအကူအညီတွေလိုအပ်နေကြတယ်လို့လည်း အာရက္ခပြည်သူတွေကဆိုကြပါတယ်။

“ကျမသမီးကခု လေးဖက်နာရောဂါဖြစ်နေပါတယ်။ ကျမတို့မှာ အလုပ်လည်းမရှိဘူး။ဆေးကုဖို့လည်း ပိုက်ဆံမရှိဘူး။ ရောဂါဖြစ်နေတာရှစ်လရှိပါပြီ။ အစာစားလို့လည်းမရဘူး။ ဝမ်းခဲတယ်ပြောတယ်။ ခုကျမတို့မှာလည်း အလုပ်မရှိဘူး။ ဘာလုပ်လို့ ဆေးခန်းပြလို့ရမလဲ။ မပြနိုင်ဘူး။ ပိုက်ဆံမရှိဘူး။ ရောင်းချရတာလည်းအဆင်မပြေဘူး။ စားဖို့ကလ ည်းမရှိဘူး။ ဆေးခန်းပြဖို့ ပိုက်ဆံအကူအညီတွေပေးစေချင်ပါတယ်။” လို့ မော င်တောမြို့မှ ဟိန္ဒူဘာသာဝင်အမျိုးသမီးတဦးက Border News Agency ကိုပြောပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ စစ်ကောင်စီတပ်က မြို့ပေါ်ရပ်ကွက်တွေ၊ လူနေကျေးရွာတွေ၊ဘာသာရေးဆိုင်ရာအဆောက်အအုံတွေ၊ စာသင်ကျောင်းတွေ၊ဆေးရုံတွေ၊ စစ်ဘေးရှောင်စခန်းတွေအပါအဝင် တိုင်ပွဲမဖြစ်ပွားတဲ့နေရာတွေကိုလည်း ဒရုန်းတွေ၊ လက်နက်ကြီးတွေ၊ အတွဲလိုက်ဒုံးတွေအပြင် တိုက်လေယာဥ်တွေ၊ ရေတပ်စစ်သင်္ဘောကြီးတွေနဲ့ပစ်ခတ်တာတွေပြုလုပ်နေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒီအပြင် နိုင်ငံတကာလူသားချင်းစာနာထောင်ထားမှုဆိုင်ရာအကူအညီပေးရေးအဖွဲ့တွေ၊ အဆောက်အအုံတွေ၊ ပစ္စည်းတွေကိုလည်း ဖောက်ထွင်းခိုးယူဖျက်ဆီးနေကြသလို ပြည်သူလူထုကိုပစ်မှတ်ထားပစ်ခတ်သတ်ဖြတ်နေကြတာမို့ စစ်ဘေးရှောင်တွေအပါအဝင်ပြည်သူတွေ အလုပ်လုပ်ဖို့တောင်ခက်ခဲနေကြတယ်လို့ ဆိုကြပါတယ်။

အဲဒါကြောင့် မောင်တောမြို့နယ်ကဟိန္ဒူဘာသာဝင်တွေဟာ ငွေးကြေးအခက်အခဲတွေကြောင်း ဆေးကုသမှုခံယူဖို့အခက်အခဲတွေအများကြီးရှိနေတယ်လို့ ဆိုကြပါတယ်။

“ကလေးတွေရောဂါဖြစ်ရင် ဆရာဝန်လည်းမရှိဘူး။ သူနာပြုဆရာမလည်းမရှိဘူး။ဆေးခန်းလည်းမရှိဘူး။ ဒီမှာ ကျမတို့လာကတည်းက ဘာတခုမှမရှိဘူး။ ဆေးခန်းတော့ဖွင့်တယ်လို့ ကြားတယ်။ အဲဒါကို တခါလောက်သွားပြချင်တယ်။ တခါသွားပြရင် ပိုက်ဆံတစ်သောင်းငါးထောင်ပေးရတယ်။ ပိုက်ဆံရှိမှလည်း သွားနိုင်မယ်။ မရှိရင် ဘယ်လိုလုပ်မလဲ။ တယောက်သွားပြတာ သုံးသောင်း၊ လေးသောင်းယူတယ်တဲ့။ ကျမတို့မှာမရှိဘူး။ မရှိရင် မသွားတော့ဘူး။ အဲဒါကြောင့်အကူအညီလိုချင်ပါတယ်။” လို့ မောင်တောမြို့မှ ဟိန္ဒူဘာသာဝင်တွေ အမျိုးသမီးတဦးက Border News Agency ကို ပြောပါတယ်။

အဲဒီမောင်တောမြို့နယ်တခုလုံးကို ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလ ၈ ရက်နေ့က အာရက္ခတပ်တော်(AA) ကအပြီးသတ်သိမ်း ပိုက်ထိန်းချုပ်ထားပြီးအုပ်ချုပ်ရေးယ န္တရားတွေဖော်ဆောင်နေတယ်လို့ အာရက္ခပြည်သူတွေကဆိုကြပါတယ်။

အဲဒီမောင်တောမြို့နယ်မှာ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင် ရာအကူအညီပေးရေးအဖွဲ့တွေအများကြီးရှိနေပေမယ့် ရုံးအားလုံးကို ပိတ်ထားကြပြီး စစ်ဘေးရှောင်ထွက်သွားကြပြီမို့ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးအဖွဲ့တွေရဲ့အကူအညီတွေလည်းရပ်တန့်နေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

PrevPreviousထုတ်ကုန်မဲ့ လူ့အဖွဲ့အစည်း ၅
Nextပြန်လည်ရှင်သန် ထမြောက်ခွင့်အား ပိတ်ပင်ခြင်းNext
Previous Post

ထုတ်ကုန်မဲ့ လူ့အဖွဲ့အစည်း ၅

Next Post

ပြန်လည်ရှင်သန် ထမြောက်ခွင့်အား ပိတ်ပင်ခြင်း

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

Photo - ONN

ကျောက်​တော်လေကြောင်းတိုက်ခိုက်ခံရမှု ငါးဆယ်သုံးဦးထိသေဆုံး

September 28, 2026
ဓာတ်ပုံ - ONN

ကျောက်တော်လေကြောင်းတိုက်ခံရမှု သုံးဆယ်ကျော်သေဆုံး

September 28, 2026
ဓာတ်ပုံ-ONN

ကျောက်တော်လေကြောင်းတိုက်ခံရမှုသုံးဆယ်သုံးဦးထိသေဆုံး(ဓာတ်ပုံသတင်း)

September 28, 2026

မုတ္တမကွေ့အနီးဖြတ်ကျော်မယ့် မုန်တိုင်းငယ်ကိုအနီရောင်အဆင့်သတ်မှတ်

September 28, 2026

အာရက္ခဒေသမှာ စစ်တပ်ကြောင့်ဆယ်ရက်အတွင်း အရပ်သား ၆ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရ(ဓာတ်ပုံသတင်း)

မြန်မာတော်လှန်ရေးတပ်တွေကို လေ့ကျင့်ပေးခဲ့တယ်လို့စွပ်စွဲခံရတဲ့ နိုင်ငံခြားသားခုနှစ်ဦးအိမ်ပြန်ခွင့်ရ

အိန္ဒိယနဲ့နီပေါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမြေပြိုလို့ လူ၆၈ ဦးသေဆုံး

သက်တမ်းနှစ်ဆယ်ကျော်ယာဉ်ဟောင်းတွေကို EV နဲ့ အစားထိုးတင်သွင်းခွင့်ပြု

ဖာပွန်ခရိုင်တိုက်ပွဲမှာ စစ်တပ်ထံမှလက်နက်ခုနှစ်လက် KNLA သိမ်းဆည်းမိ

ဆောမှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားနှစ်ဦးသေဆုံး

Releated Post

ဓာတ်ပုံ-AA

အာရက္ခဒေသမှာ စစ်တပ်ကြောင့်ဆယ်ရက်အတွင်း အရပ်သား ၆ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရ(ဓာတ်ပုံသတင်း)

September 27, 2026
​Ref/Photo - India Today

မြန်မာတော်လှန်ရေးတပ်တွေကို လေ့ကျင့်ပေးခဲ့တယ်လို့စွပ်စွဲခံရတဲ့ နိုင်ငံခြားသားခုနှစ်ဦးအိမ်ပြန်ခွင့်ရ

September 27, 2026
Ref/​Photo - AFP/Reuters

အိန္ဒိယနဲ့နီပေါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမြေပြိုလို့ လူ၆၈ ဦးသေဆုံး

September 27, 2026
ဓာတ်ပုံ-BNA

သက်တမ်းနှစ်ဆယ်ကျော်ယာဉ်ဟောင်းတွေကို EV နဲ့ အစားထိုးတင်သွင်းခွင့်ပြု

September 27, 2026
​ဓာတ်ပုံ - KNU

ဖာပွန်ခရိုင်တိုက်ပွဲမှာ စစ်တပ်ထံမှလက်နက်ခုနှစ်လက် KNLA သိမ်းဆည်းမိ

September 27, 2026

ဆောမှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားနှစ်ဦးသေဆုံး

September 27, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page