နိုင်ငံတကာ၏အချောင်ရင်းနှီးမြုပ်နှံမှုများသည် အာရက္ခချွတ်ခြုံ ကျမှုကို ပိုမိုဆိုးဝါးစေမည်လား
မောင်တူရေးသည်။ အာရက္ခဒေသ၏ စီးပွားရေးအခြေအနေချွတ်ခြုံကျမှုသည် တာရှည်မည့်အလားအလာမျိုးရှိနေသည်။စီးပွားရေးတိုးတက်မှုသည် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ စီမံခန့်ခွဲမှုအပေါ် နိုင်ငံရေးအရ အကဲဖြတ်နိုင်သည့်အချက်များထဲတွင် တခုအပါအဝင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် လူမျိုးစုလက်နက်ကိုင်များထိန်းချုပ်ထားသောနယ်မြေများ၏စီးပွားရေးတိုးတက်မှုသည် အိမ်နီးချင်းတိုင်းပြည်များကို မှီခိုနေရသည်။ လူမျိုးစုလက်နက်ကိုင်များ ထိန်းချုပ်ဧရိယာများ၌ ကုန်ပစ္စည်းထုတ်လုပ်နိုင်သောစီးပွားရေးတည်ဆောက်ထားနိုင်သည်ကို သိပ်မတွေ့ရပေ။ဖွံ့ဖြိုးတိုးတက်ပါသည်ဆိုသော ဝပြည်နှင့်မိုင်းလားကဲ့သို့ နယ်မြေများသည်ပင်လျှင် အိမ်နီးချင်းတိုင်းပြည်များအပေါ်တွင်စီးပွားရေးအရ ...








