Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ကျောက်ဖြူခရိုင် ကျောက်ဖြူမြို့နယ် စီးပွားရေး ဆောင်းပါး အာရက္ခဒေသ

နိုင်ငံတကာ၏အချောင်ရင်းနှီးမြုပ်နှံမှုများသည် အာရက္ခချွတ်ခြုံ ကျမှုကို ပိုမိုဆိုးဝါးစေမည်လား

Author picture

By

Saw Shin Nyo
Reading Time: 3 mins read
0
A A
0
SHARES
129
VIEWS
Share on FacebookShare on Twitter

မောင်တူရေးသည်။

အာရက္ခဒေသ၏ စီးပွားရေးအခြေအနေချွတ်ခြုံကျမှုသည် တာရှည်မည့်အလားအလာမျိုးရှိနေသည်။စီးပွားရေးတိုးတက်မှုသည် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ စီမံခန့်ခွဲမှုအပေါ် နိုင်ငံရေးအရ အကဲဖြတ်နိုင်သည့်အချက်များထဲတွင် တခုအပါအဝင်ဖြစ်သည်။

မြန်မာနိုင်ငံတွင် လူမျိုးစုလက်နက်ကိုင်များထိန်းချုပ်ထားသောနယ်မြေများ၏စီးပွားရေးတိုးတက်မှုသည် အိမ်နီးချင်းတိုင်းပြည်များကို မှီခိုနေရသည်။

လူမျိုးစုလက်နက်ကိုင်များ ထိန်းချုပ်ဧရိယာများ၌ ကုန်ပစ္စည်းထုတ်လုပ်နိုင်သောစီးပွားရေးတည်ဆောက်ထားနိုင်သည်ကို သိပ်မတွေ့ရပေ။ဖွံ့ဖြိုးတိုးတက်ပါသည်ဆိုသော ဝပြည်နှင့်မိုင်းလားကဲ့သို့ နယ်မြေများသည်ပင်လျှင် အိမ်နီးချင်းတိုင်းပြည်များအပေါ်တွင်စီးပွားရေးအရ မှီခိုနေရပြီး အိမ်နီးချင်းတိုင်းပြည်များ၏ စီးပွားရေးသြဇာအာဏာအောက်တွင် ရှိနေသည်။

ကုန်ထုတ်လုပ်နိုင်သောလူ့အဖွဲ့အစည်း

နယ်မြေဒေသကို ထိမ်းချုပ်ထားသောအဖွဲ့အစည်းသည် ထိုနယ်မြေအတွင်း လူထု၏ကုန်ထုတ်လုပ်မှုအပေါ်တွင် မည်မျှထောက်ပံပေးထားသနည်းဆိုသည့်မေးခွန်းဖြင့် ရှင်းရှင်းလင်းလင်း အကဲဖြတ်နိုင်ပေသည်။

ကုန်ထုတ်လုပ်မှုဆိုရာ၌ နည်းပညာဖြင့် ထုတ်လုပ်ရသောပစ္စည်းများ မဆိုလိုသေးပေ။စားဝတ်နေရေးအတွက် လိုအပ်သောစားနပ်ရိက္ခာကို ပေးနိုင်သော မွေးမြူရေး၊စိုက်ပျိုးရေးလုပ်ငန်းများနှင့်လူသုံးကုန်ပစ္စည်းများကို ၎င်းတို့ကိုယ်တိုင် ၎င်းတို့ထုတ်လုပ်နိုင်ရန်အဆိုပါနယ်မြေကို ထိမ်းချုပ်ထားသောအဖွဲ့အစည်းသည် မည်မျှလောက်ထိ ပြည်သူလူထုကို အထောက်အပံအရင်းအနှီးများ ပေးနေသနည်း။

(ဓာတ်ပုံ – ကျောက်ဖြူမြို့ရှိ နိုင်ငံခြားရင်းနှီးမှုတခု / BNA)

မြေပေါ် မြေအောက်သယံဇာတကို ထုတ်ယူ၍ အစိမ်းသက်သက်ရောင်းစားခြင်းသည် လူ့အဖွဲ့အစည်းကိုတည်ဆောက်ရာမရောက်သေးပေ။

ထိုနည်းတူ မူးယစ်ဆေးဝါး၊လောင်းကစားနှင့် အကျင့်စာရိတ္တကိုထိခိုက်သောပတ်ဝန်းကျင်အဖြစ် စီးပွားရှာခြင်းသည်လည်း လူ့အဖွဲ့အစည်းကို တည်ဆောက်ရာမရောက်သေးပေ။

လူ့အဖွဲ့အစည်းသည် စားသုံးရန် ရိက္ခာလိုသည်။ဝတ်ရန်အဝတ်အထည်လိုသည်။နေရန်အိုးအိမ်လိုသည်။စားရန်ရိက္ခာအတွက် စိုက်ပျိုးသောသီးနှံ့များအတွက် လိုအပ်သောသွင်းအားစုများကို မိမိတို့ကိုယ်တိုင် မိမိတို့ မည်မျှထုတ်လုပ်နိုင်သနည်း။

အခြားသောအခြေခံစားဝတ်နေရေးဖြစ်စဉ်များ၏ လိုအပ်ချက်သွင်းအားစုများကိုလည်း မိမိတို့ကိုယ်တိုင် မိမိတို့ မည်မျှလောက်ထုတ်လုပ်နိုင်သနည်း။

လူ့အဖွဲ့အစည်း၏ စားဝတ်နေရေးအ တွက် အခြေခံလိုအပ်ချက်ကို ထုတ်လုပ်နိုင်ပါမှ ထိုလူ့အဖွဲ့အစည်းအတွက် လူမှုတည်ငြိမ်မှုရနိုင်သည်။မိမိကိုယ်တိုင်ထုတ်လုပ်နိုင်မှ အခြေခံစားကုန် သောက်ကုန်ဈေးကို ထိန်းညှိ၍ရပေမည်။

စီးပွားရေးအချောင်ကွက်များနှင့်အီသီယိုပီးယားဥပမာ

ထုတ်ကုန်မဲ့သောအခြေအနေကိုရင်ဆိုင်နေရသည့် လူ့အဖွဲ့အစည်းအတွက် အနာဂတ်တွင် ပညာကိုအခြေခံသည့်လူ့အဖွဲ့အစည်းမျိုးထိ တက်လှမ်းရန် ပိတ်ဆို့ခံလိုက်ရသည့် စီးပွားရေးအချောင်ကွက်များ ခေါင်းထောင်လာတတ်သည်။

ဥပမာ – ၂၀၀၀ ပြည့်လွန်ကာလများ၌ အီသီယိုပီးယားတွင် စိုက်ပျိုးရေးအတွက် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ ဝင်လာရန် ဖိတ်ခေါ်မှုမျိုးဖြစ်သည်။

၁၉၇၀ ပြည့်လွန်ကာလများ၌ ဆိုရှယ်လစ်စနစ်၊ဗဟိုချုပ်ကိုင်မှုစနစ်များဖြင့် နိုင်ငံတော်မှ စိုက်ပျိုးမြေများကို ပြည်သူပိုင်သိမ်းသည့်ဒဏ်ကို အီသီယိုပီးယားလယ်သမားများခံထားရသည်။

ယင်းနောက် ကျေးရွာများပြန်လည်တည်ထောင်ရေး(Villagization)ဒဏ်ကိုလည်း ထပ်ခံရပြန်သည်။

ဤသို့ဖြင့် ပြန်လည်ဖြေလျော့ ပြုပြင်ပြောင်းလဲမှုများစတင်လာချိန် ၂၀၀၀ ပြည့်လွန်ကာလများတွင် ရာသီဆိုးမိုးခေါင်သဖြင့် လယ်မြေများအလုပ်မဖြစ်ကြပေ။အုပ်ချုပ်သူကလည်း ရေအရင်းအမြစ်အပါအဝင် လိုအပ်သောစိုက်ပျိုးရေးသွင်းအားစုကို မထောက်ပံနိုင်ပေ။

(ဓာတ်ပုံ – ကျောက်ဖြူကမ်းခြေမှာဝမ်း စာရှာနေတဲ့ဒေသခံ / BNA)

ပြည်သူများမှာလည်း နှုန်းချိခွေယိုင်လာချိန် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများဝင်လာရန် အုပ်ချုပ်သူများက မျက်နှာငယ်လေးဖြင့် ပြောဆိုရသည်။

စိုက်ပျိုးရေး၊မွေးမြူရေးတွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဆိုသည်က အလွန်ခက်ခဲသည့်ကိစ္စဖြစ်သည်။

မည်သည့်နိုင်ငံကမှ အခြားနိုင်ငံတွင် စိုက်ပျိုးရေး၊မွေးမြူရေး၌ ငွေအကုန်မခံလိုကြပေ။အခြားနိုင်ငံတွင်လုပ်မည့်အစား ထိုငွေကို မိမိနိုင်ငံ၏ စိုက်ပျိုးရေး၊မွေးမြူရေး သမားများကိုသာ ထောက်ပံ့သုံးစွဲမည်ဖြစ်သည်။

သို့သော် စိုက်ပျိုးမြေလိုအပ်ချက်ရှိနေသော နိုင်ငံများက ပြည်ပတွင် စိုက်ပျိုးရေး၊မွေးမြူရေး၌ ရင်းနှီးမြုပ်နှံမှုရှိကြသည်။

အထူးသဖြင့် ဆော်ဒီအာရေဘီးယားကဲ့ သို့ ရေနံဖြင့်ကြွယ်ဝသော သဲကန္တရအာရတ်နိုင်ငံများ၊စိုက်ပျိုးမြေအကန့်အသတ်ရှိပြီး စားနပ်ရိက္ခာကို ပြည်ပမှတင်သွင်းနေရသော တောင်ကိုးရီးယားကဲ့ သို့ စက်မှုနိုင်ငံများစသည့် နိုင်ငံများကတော့ ပြည်ပနိုင်ငံ၏ စိုက်ပျိုးရေး၊မွေးမြူရေးတွင် ရင်းနှီးမြုပ်နှံကြသည်။

အီသီယိုပီးယားတွင် ဆော်ဒီအာရေဘီးယားကဲ့သို့ နိုင်ငံတကာကိုပိုရေးရှင်းများမှဝင်လာသည်။ထိုသို့ရင်းနှီးမြုပ်နှံမှုများ ဝင်လာသည်ဆိုလျှင်တောင် မည်သည့်နိုင်ငံကမှအရှုံးခံပြီးမဝင်လာပေ။

၎င်းတို့အတွက် အမြတ်ထွက်အောင်သာ အစီအစဉ်ဖြင့်ဝင်လာသည်။ဤသို့ဖြင့်စိုက်ပျိုးမြေများကို နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများထံ ထိုးအပ်လိုက်ရသည်။အီသီယိုပီးယားလယ်သမားများမှာ မိမိလယ်ကိုထိုးအပ်ပြီး မိမိလယ်တွင် အငှါးပြန်၍ အလုပ်သမားလုပ်ရသည်။

အလုပ်လုပ်နေရ၍ ပုံမှန်ဝင်ငွေရသောသူများအတွက် ငတ်နေတာထက်စာရင်အဆင်ပြေပေသည်။မိမိလုပ်ငန်းအပေါ် ကိုင်တွယ်စီမံခွင့်ကိုတော့ စတေးခံလို က်ရသည်။

စတေးခံရသည့်အတွက် အီသီယိုပီးယားရပ်ရွာလူမှုအသိုင်းအဝန်းများအား လုံး အလုပ်အကိုင်ရကြသည်လားဆိုလျှင်လည်း ထိုသို့မဟုတ်ပြန်ပေ။ခိုင်မာသောဥပဒေအကာအကွယ်ကလည်း မရှိ၊အင်စတီကျူးရှင်းများကလည်း မခိုင်မာသောအခါ မြေသိမ်းမှုများ ထပ်ဖြစ်လာသည်။ရပ်ရွာအချို့အတွက် မြေယာဆုံးရှုံးမှုက ထပ်မံပေါ်ပေါက်လာပြန်သည်။

အီသီယိုပီးယားသည် ထိုရင်းနှီးမြုပ်နှံမှုများအတွက် များစွာသောထိခိုက်ပွန်းရှမှုများကို ခံခဲ့ရသည်။

ဆော်ဒီကဲ့သို့ နိုင်ငံမျိုးက အီသီယိုပီးယား စိုက်ပျိုးမြေများက ထွက်လာသောသီးနှံ့များကို သူ့နိုင်ငံထဲသို့သာ ပြန်ယူသွားသည်။

အီသီယိုပီးယား လယ်သမားများ၏ လုပ်အား၊မြေယာကိုအသုံးပြု၍ ဆော်ဒီမှရိတ်သိမ်းသွားသည်။

အီသီယိုပီးယားအဖို့ စားနပ်ရိက္ခာဖူလုံမှုမရှိသည့်သံသရာတွင်လည်နေခဲ့သည်။

ဤအခြေအနေကိုခံစားနိုင်သည့် နမူနာက တရုတ်၏ကျောက်ဖြူပိုက်လိုင်းစီမံကိန်းကိုကြည့်ပါ။အာရတ်နိုင်ငံများမှ ရေနံများကို တရုတ်က သင်္ဘောများဖြင့်သယ်၍ ကျောက်ဖြူမဒေးကျွန်းတွင် သိုလှောင်သည်။ယင်းနောက်ပိုက်လိုင်းဖြင့် တရုတ်ပြည်ကိုယူဆောင်သည်။

မလက္ကားရေလက်ကြားကို ဖြတ်ရသည် ငွေအင်အား၊အချိန်အင်အားများစွာ တရုတ်ပြည်အတွက် သက်သာသွားသည်။

တရုတ်ပြည်၏ စွမ်းအင်လိုအပ်ချက် ရာခိုင်းနှုန်းတချို့တဝက်ကို မဒေးကျွန်းရေနံသိုလှောင်ရုံများနှင့်ပိုက်လိုင်းမှ အထောက်အပံပေးသည်။

သို့သော် အာရက္ခပြည်၏ စွမ်းအင်လို အပ်ချက်အပေါ်တွင် မည်သည့်ခံစားခွင့်မှမရှိချေ။

နောက်ပိုင်းတွင် အီသီယိုပီးယားအနေဖြင့် ဗဟိုချုပ်ကိုင်မှုကို ဖြေလျော့လာကာ မြေယာပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်လာနိုင်ခါမှ အတော်အသင့်အသက်ရှူဖြောင့်သွားခဲ့သည်။

ဤသို့ဆိုလျှင် နိုင်ငံတကာရင်းနှီးမြုပ်နှံမှုများကို ငြင်းပယ်ရမည်လားဟု မေးခွန်းထုတ်စရာရှိပါသည်။နိုင်ငံတကာရင်း နှီးမြုပ်နှံမှုများကိုငြင်းပယ်စရာမလိုအပ်ပေ။

သို့သော် အဆိုပါရင်းနှီးမြုပ်နှံမှုသည် လူထုကို အကျိုးပြုစေရန်လိုသည်။

အာရက္ခပြည်အနေဖြင့် အီသီယိုပီးယားလမ်းစဉ်ကို လိုက်လျှင်တောင် အာရက္ခလယ်သမားများက ၎င်းတို့၏လယ်ယာကို ရင်းနှီးမြုပ်နှံသူထံ လိုလိုချင်ချင်ထိုးအပ်မည်လား။ထိုးအပ်သည်ဖြစ်စေ မထိုးအပ်သည်ဖြစ်စေ အုပ်ချုပ်သူက မြေကိုသိမ်း၍ ထိုးအပ်လိုက်သည်ဆိုအုံးစို့။မည်သည့်နိုင်ငံက အာရက္ခပြည်တွင် စိုက်ပျိုးရေး၊မွေးမြူရေး၌ ရင်းနှီးမြုပ်နှံမည်နည်း။

ဘင်္ဂလားဒေ့ရှ်လို နိုင်ငံမျိုးကလာရောက်လုပ်ကိုင်မည်ဆိုသည်မှာလည်း မဖြစ်နိုင်ပေ။အဘယ်ကြောင့်ဆိုသော် ဘင်္ဂလားဒေ့ရှ်၏လယ်မြေများသည် နွေမိုးဆောင်းအခါမလပ် စိုက်ပျိုးနေပြီဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်၏ လယ်တဧကအထွက်နှုန်းသည် အာရက္ခပြည်၏လယ်တဧက အထွက်နှုန်းထက်မြင့်သည်။လုပ်သားလည်းပေါသည်။အကယ်၍ ဘင်္ဂလားဘက်မှ ထိုသို့ရင်းနှီးမြုပ်နှံရန် စိတ် ဝင်စားသည်ဆိုပါစို့။ အာရက္ခလယ်မြေများကို ဘင်္ဂလားဒေ့ရှ်ဘက်က လာလုပ်သည့်အခြေအနေမျိုးက အင်္ဂလိပ်ခေတ်တွင်တော့ ရှိခဲ့ဖူးသည်။

အာရက္ခပြည်၏ မြေပြန့်လွင်ပြင်များတွင် စပါးစိုက်ရန် စစ်တကောင်းသားများကို အင်္ဂလိပ်က ခေါ်သွင်းလာခဲ့သည်။အင်္ဂလိပ်က ထိုသို့ခေါ်သွင်းလာပြီးနောက် အာရက္ခပြည်၏ လူမှုပထဝီဝင်အပေါ် အပြောင်းအလဲက ကြီးမားစွာသက်ရောက်ခဲ့သည်။

ထိုသမိုင်းမျိုးကို အာရက္ခပြည်သူများ ထပ်ကြုံချင်မည်မဟုတ်တော့ပေ။အိန္ဒိယဘက်မှရော သူ၏အရှေ့မြောက်ခုနှစ်ပြည်နယ်၏စားနပ်ရိက္ခာဖူလုံမှုအတွက် စိတ်ဝင်စားမည်လား။

ဤသည်မှာလည်း ဖြစ်တန်ရာရှိသော် လည်း သိပ်မရေရာပေ။အိန္ဒိယအနေဖြင့် သူ၏အရှေ့မြောက်ပြည်နယ်များတွင် တောင်ယာလှေကားထစ်စိုက်ပျိုးရေးအတွက်သာ ငွေအကုန်အကျခံမည်။ အာရက္ခပြည်ထဲတွင် စိုက်ပျိုးရေး မွေးမြူရေး လာလုပ်မည်မဟုတ်သေးပေ။

(ဓာတ်ပုံ – ကျောက်ဖြူမြို့ရှိ နိုင်ငံခြားရင်းနှီးမှုတခု / BNA)

အာရက္ခပြည်၏ စားနပ်ရိက္ခာ ဖူလုံမှုသည် မတည်ငြိမ်သောအခြေအနေတွင် ရှိသည်။

စီးပွားရေးအချောင်ကွက်များ၏ ဆွဲဆောင်မှုကြောင့် အာရက္ခဒေသ၏ သယံဇာတ၊ ပင်လယ်ပြင်၊မြေယာ၊သဘာဝပတ်ဝန်းကျင်နှင့်လူမှုစီးပွားဘဝဆိုင်ရာတွင် ထပ်မံထိခိုက်နာကြင်စရာ ဖြစ်ရပ်များလည်း ပေါ်ပေါက်ရန် တာစူနေသေးသည်။

အာရက္ခပြည်တွင် စီးပွါးရေးလည်ပတ်မှုလုံးဝမရှိသလောက်နီးပါးဖြစ်နေ၍ ဒေသခံနှစ်သန်းကျော် အငတ်ဘေးဆိုက်မည့်အန္တရာယ်ကိုရင်ဆိုင်နေရသည်ဟု စစ်တမ်းအချက်အလက်များကိုအခြေခံပြီး ကုလမဂ္ဂအဖွဲ့အစည်းများက သတိပေးထားသည်။

အာရက္ခပြည်၏ စားနပ်ရိက္ခာအပါအဝင်အခြေခံလူသုံးကုန်ပစ္စည်းများလုံလောက်မှုအတွက်သည်ပင်လျှင်နိုင်ငံတကာ၏ ပါဝင်ပတ်သက်မှုလိုအပ်နေသည်။

အကယ်၍ နိုင်ငံတကာဘက်မှ စီးပွားရေးအချောင်ကွက်များဖြင့် ရင်းနှီးမြုပ်နှံမှုများဝင်ရောက်လာလျှင်လည်းဘေးထွက်ဆိုးကျိုးများကို ခုသာခံသာရှိရန်
အာရက္ခပြည်သူများတွင် ဒီမိုကရက်စံနှုန်းများရှိသောနိုင်ငံရေးအခင်းအကျင်းမဖြစ်မနေလိုအပ်နေသည်။

ဒီမိုကရက်စံနှုန်းများကို မဖော်ဆောင်ဘဲ ဗဟိုချုပ်ကိုင်မှုများသည့်အခင်းအကျင်းမျိုးသက်သက်တွင် အာရက္ခပြည်သူများအတွက် အနာဂတ်၌ဒဏ်ပိုပိမည်ဖြစ်သည်။

PrevPreviousမြောက်ဦးမြို့နယ်မှာ အာရက္ခပြည်သူ့အစိုးရက ကျန်းမာရေးစောင့်ရှောက်မှုပေး
Nextကမ္ဘာ့ရာသီဥတုကပ်ဘေးကို အာရက္ခဒေသခံနိုင်ရည်ရှိအောင် ဘယ်လိုထိန်းကြမလဲNext
Previous Post

မြောက်ဦးမြို့နယ်မှာ အာရက္ခပြည်သူ့အစိုးရက ကျန်းမာရေးစောင့်ရှောက်မှုပေး

Next Post

ကမ္ဘာ့ရာသီဥတုကပ်ဘေးကို အာရက္ခဒေသခံနိုင်ရည်ရှိအောင် ဘယ်လိုထိန်းကြမလဲ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

(ဓာတ်ပုံ - ပန်းနီလာစစ်ဘေးရှောင်စခန်းလေကြောင်းတိုက်ခံရပြီးနောက်တွေ့ရပုံ/BNA)

ပန်းနီလာစစ်ဘေးရှောင်စခန်း လေကြောင်းတိုက်ခံရမှုမြင်ကွင်း

October 5, 2026

October 5, 2026
(ဓာတ်ပုံ-ပုဏ္ဏားကျွန်းမြို့နယ်၊ကျောက်ဆိပ်ကျေးရွာအနီးရှိ ဝန်ထမ်းအိမ်ရာကို စက်တင်ဘာလ ၃၀ ရက်နေ့ လေကြောင်းတိုက်ခိုက်ပြီးနောက်တွေ့ရပုံ/BNA)

ပုဏ္ဏားကျွန်း-ကျောက်တော်ကားလမ်းတလျှောက်ကို စစ်တပ်ပစ်မှတ်ထားတိုက်ခိုက်နေ

October 5, 2026

ပန်းနီလာစစ်ဘေးရှောင်စခန်းကို စစ်တပ်လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးတဦးသေဆုံး

October 5, 2026

ပုဏ္ဏားကျွန်းစစ်ရှောင်စခန်း လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူတဆယ့်တဦးရှိလာ

ပုဏ္ဏားကျွန်း ယိုးငူစစ်ရှောင်စခန်းကို စစ်တပ်လေကြောင်းတိုက်ခိုက်လို့ ခြောက်ဦးသေဆုံး

ပုဏ္ဏားကျွန်းရှိ စစ်ရှောင်စခန်းကိုစစ်တပ် လေကြောင်းတိုက်ခိုက်လို့ ခြောက်ဦးသေဆုံး

နမ့်ဆန်မှာယာဥ်တိမ်းမှောက်လို့အမျိုးသမီးတဦးသေဆုံးပြီးနှစ်ဦးဒဏ်ရာရ

မင်းတုန်းမှာ အာဏာသိမ်းစစ်တပ်စစ်ကြောင်း မိုင်းဆွဲခံရလို့ ခုနှစ်ဦးသေဆုံး

မလေးရှားမှ စစ်သင်္ဘောတွေနဲ့ခေါ်လာတဲ့ မြန်မာနိုင်ငံသားတွေ ရန်ကုန်သို့ရောက်

Releated Post

ဓာတ်ပုံ - AA

ပုဏ္ဏားကျွန်းစစ်ရှောင်စခန်း လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူတဆယ့်တဦးရှိလာ

October 4, 2026
ဓာတ်ပုံ - AA

ပုဏ္ဏားကျွန်း ယိုးငူစစ်ရှောင်စခန်းကို စစ်တပ်လေကြောင်းတိုက်ခိုက်လို့ ခြောက်ဦးသေဆုံး

October 4, 2026
ဓာတ်ပုံ - BNA

ပုဏ္ဏားကျွန်းရှိ စစ်ရှောင်စခန်းကိုစစ်တပ် လေကြောင်းတိုက်ခိုက်လို့ ခြောက်ဦးသေဆုံး

October 4, 2026
ဓာတ်ပုံ-ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး

နမ့်ဆန်မှာယာဥ်တိမ်းမှောက်လို့အမျိုးသမီးတဦးသေဆုံးပြီးနှစ်ဦးဒဏ်ရာရ

October 4, 2026
ဓာတ်ပုံ - သရက်ခရိုင် အမှတ် ၄ တပ်ရင်း

မင်းတုန်းမှာ အာဏာသိမ်းစစ်တပ်စစ်ကြောင်း မိုင်းဆွဲခံရလို့ ခုနှစ်ဦးသေဆုံး

October 4, 2026
​ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

မလေးရှားမှ စစ်သင်္ဘောတွေနဲ့ခေါ်လာတဲ့ မြန်မာနိုင်ငံသားတွေ ရန်ကုန်သို့ရောက်

October 4, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page