Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်ရေး မြောက်ဦးခရိုင် သတင်း အာရက္ခဒေသ
Author picture

By

Saw Shin Nyo
Reading Time: 2 mins read
0
A A
0
SHARES
0
VIEWS
Share on FacebookShare on Twitter

​စစ်ပွဲနှင့်တိတ်တဆိတ်ဆုတောင်းသံ

Border News Agency
မြောက်ဦး၊အောက်တိုဘာ ၅။

​ဘုရားပေါ်တွင်ဒေါ်ပန်းမွှေးတယောက် ၎င်း၏သားဖြစ်သူမွေးနံထောင့်၌ ၎င်းသားဖြစ်သူဘေးမသီရန်မခစေရန်ဆုတောင်းနေသည်။

ဒေါ်ပန်းမွှေးက ဗမာပြည်အလယ်ပိုင်းဒေသမှဖြစ်သည်။ ခင်ပွန်းဖြစ်သူကွယ်လွန်ပြီးနောက် ပြီးခဲ့သောလေးနှစ်ခန့်မှ ရန်ကုန်သို့ပြောင်းရွှေ့လာခဲ့သည်။

လွန်ခဲ့သည့်နှစ် ၎င်း၏သားဖြစ်သူက နယ်ဘက်တွင် အလုပ်သွားလုပ်စဉ်အပြန်လမ်း၌ စစ်မှုထမ်းရန်အဆွဲခံလိုက်ရသည်။

၎င်း၏သားဖြစ်သူဘေးကင်းရေးအတွက် ဘုရားပေါ်တွင်လာရောက်ဆုတောင်းနေခြင်းဖြစ်သည်။

​ဒေါ်ပန်းမွှေးတယောက်ဘုရားပေါ်မှဆင်းသွားပြီးနောက် ဒေါ်မေဟုခေါ်သောအမျိုးသမီးတယောက် ဘုရားပေါ် တက်လာပြန်သည်။

ဒေါ်မေကရခိုင်ပြည်ကဖြစ်သည်။သူမ၏သားဖြစ်သူမှာလည်း ရခိုင်မှပြည်မဘက်သို့ ထွက်လာစဉ်လမ်းခုလတ်၌ အာရက္ခတပ်တော်(AA)ဖမ်းဆီး၍ စစ်မှုထမ်းခိုင်းခြင်းခံလိုက်ရသည်။

သူမသည်လည်း သူမ၏သားအတွက် ဘုရားပေါ်တွင် ဆုတောင်းရန်ရောက်ရှိလာခြင်းဖြစ်သည်။

​ဒေါ်ပန်းမွှေးသည်လည်းကောင်း၊ဒေါ်မေသည်လည်းကောင်းတယောက်နှင့်တယောက်မသိကြပေ။သူမတို့အနေဖြင့် နိုင်ငံရေးအကြောင်းကိုလည်း နားမလည်ကြပေ။သို့သော် စစ်ပွဲကသူမတို့ နှစ်ယောက်စလုံးကို ပြင်းထန်စွာရိုက်ခတ်ခဲ့သည်။

၂၀၂၁ ခုနှစ်စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ပြည်တွင်းစစ်မှာ ဧရိယာပိုမိုကျယ်ပြန့်လာခဲ့သည်။ယခင်ကာလက စစ်မဖြစ်ခဲ့ဖူးသောနေရာများတွင် ယမ်းနံ့များ ဝေလာခဲ့သည်။စစ်ကအရာရာတိုင်းကိုတိုက်စားသွားခဲ့သည်။

​အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ၂၀၂၁ ခုနှစ်၊စက်တင်ဘာလတွင် စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သည့် “ခုခံတွန်းလှန်စစ်” စတင်ကြောင်းကြေညာခဲ့သည်။

​စစ်ကိုင်းတိုင်း၊မကွေးတိုင်းနှင့်ချင်းပြည်ကဲ့သို့ အစဉ်အလာအရတိုင်းရင်းသားလက်နက်ကိုင်တပ်များနည်းပါးခဲ့သည့် အလယ်ပိုင်းဒေသများတွင် ဒေသခံ PDF များနှင့်စစ်ကောင်စီတပ်များအကြား တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားလာခဲ့သည်။

​အုပ်စုစွဲများ၊သဘောတူညီချက်အားနည်းမှုများ၊အပြန်အလှန်ပဋိပက္ခများအပါအဝင် မြန်မာစစ်တပ်၏ရက်စက်မှုများစသည့် စစ်ပွဲ၏အနိဋ္ဌာရုံများနှင့်နိုင်ငံရေးပျက်ယွင်းမှုများကို ပြည်မရှိပြည်သူလူထုမှာ မျက်ဝါးထင်ထင်မြင်တွေ့လာခဲ့ရသည်။

​နှစ်နှစ်ကျော်အကြာကာလတွင် စစ်ပွဲအခြေအနေမှာကြာရှည်လာပြီး အီလာခဲ့သည်။ကျားဖြန့်ပြဿနာအပေါ် တရုတ်၏နှိမ်နင်းလိုမှုနှင့် ယှဉ်တွဲလာသော “၁၀၂၇ စစ်ဆင်ရေး”က စစ်ပွဲအား ဂ-ငယ်ကွေ့အဖြစ် အရှိန်ပြန်တက်သွားစေခဲ့သည်။

​တရုတ်အနေဖြင့် ၎င်းတို့အလိုရှိနေသော ကျားဖြန့် ပုဂ္ဂိုလ်များကိုရရှိပြီးနောက်တွင် ၁၀၂၇ စစ်ဆင်ရေး၏ အရှိန်ကိုဆက်လက်ကျယ်ပြန့်စေရန် ဆန္ဒမရှိပုံရသည်။

ကိုးကန့်နှင့်တအာင်းတို့ နယ်မြေများကိုသိမ်းယူနိုင်ခဲ့ပြီး နောက်တွင်ချဲ့ထွင်လာမည့်စစ်ရေးနယ်ပယ်များကို ပြန်လည်ကျုံ့ဝင်စေရန် တရုတ်ဘက်ကအားထုတ်ခဲ့သည်။

​၁၀၂၇ စစ်ဆင်ရေးပထမလှိုင်းသည် တရုတ်နိုင်ငံ၏ကြားဝင်စေ့စပ်ပေးမှုဖြင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် “ဟိုင်ဂင် သဘောတူညီချက်” (Haigeng Agreement) ဖြင့် အပစ်အခတ်ရပ်စဲခဲ့သည်။

​သို့သော်လည်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးပစ်ခတ်မှုများ ဆက်လက်ပြုလုပ်ခဲ့သည်ဟုဆိုကာ ညီနောင်မဟာမိတ်သုံးဖွဲ့က ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့တွင် ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းအဖြစ် ရှမ်း-မန်း စစ်ဆင်ရေးကိုပြန်လည်စတင်ခဲ့သည်။

​သို့ရာတွင် စစ်ရေးနယ်ပယ်များကို ပြန်လည်ကျုံ့ဝင်စေလိုသော တရုတ်၏ရပ်တည်ချက်ကိုမူ မကျော်လွန်နိုင်ခဲ့ပေ။ရှမ်းမြောက်ပိုင်းတွင် အပစ်ရပ်မှုနှင့် အချို့ဒေသများကို မြန်မာစစ်တပ်ထံပြန်လည်လွှဲပေးမှုများဖြစ်ပေါ်လာခဲ့သည်။

​ရခိုင်ပြည်အတွင်းတိုက်ပွဲများ (ရခိုင်စစ်ဆင်ရေး) မှာ ၁၀၂၇ စစ်ဆင်ရေး၏ အစိတ်အပိုင်းအဖြစ် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်တွင် စတင်လာခဲ့သည်။

တရုတ်နိုင်ငံ၏စေ့စပ်ပေးမှုကြောင့် ရှမ်းမြောက်ပိုင်းတွင် အပစ်ရပ်ခဲ့သော်လည်း ရခိုင်ပြည်၌တိုက်ပွဲများ အပစ်မရပ်ဘဲဆက်လက်ပြင်းထန်ခဲ့ပြီး AA အနေဖြင့် ရခိုင်ပြည်ရှိမြို့နယ်အများအပြားနှင့် စခန်းပေါင်းများစွာကို ဆက်တိုက်သိမ်းပိုက်ခဲ့သည်။

​MNDAA နှင့် TNLA တို့၌ တရုတ်နိုင်ငံ၏ ဖိအားပေးမှုများနှင့် တိုက်ပွဲအရှိန်လျှော့ချရေးညှိနှိုင်းမှုများရှိနေသော်လည်း မြေပြင်တွင်မူတိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းကြား၌ပင် တင်းမာမှုများပုံစံအမျိုးမျိုးဖြင့်ရှိလာခဲ့သည်။

​အာဏာသိမ်းစစ်တပ်က ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စတင်ကျင့်သုံးခဲ့သည်။

AA ကလည်းအမျိုးသားကာကွယ်ရေးအရေးပေါ်ပြဋ္ဌာန်းချက် (NDEP) ကို ၂၀၂၅ ခုနှစ်၊ မေလ ၁၈ ရက်နေ့တွင် စတင်ကျင့်သုံးခဲ့သည်။

​လက်ရှိတွင်တော့ ရခိုင်စစ်မျက်နှာမှာ အကျယ်ပြန့်ဆုံးဟု ပြော၍ရသည်။ ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်အတွင်း မြန်မာစစ်တပ်နှင့် AA ကြား ကြားဝင်စေ့စပ်ပေးခဲ့သူဒေါက်တာဆာဆာကာဝါ၏ ညှိနှိုင်းမှုများရှိခဲ့ဖူးသော်လည်း နောက်ပိုင်းတွင် ငြိမ်းချမ်းရေးဆွေးနွေးမှုများပျက်ပြားသွားပြီး စစ်တပ်၏လေကြောင်းဗုံးကြဲမှုများမှာ ရခိုင်တွင်ပိုမိုပြင်းထန်လာခဲ့သည်။

​မြန်မာစစ်တပ်သည် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းဆုံးရှုံးခဲ့ရသော နယ်မြေ (မြို့ပြ) များအနက် ၈ ဒသမ ၈၆ ရာခိုင်နှုန်းကို ပြန်လည်သိမ်းယူထားနိုင်ကြောင်း မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအဖွဲ့ (ISP-Myanmar) က ဆိုထားသည်။

ထို​စုစုပေါင်း မြို့ပေါင်း ၁၀၁ မြို့ထိ လက်လွှတ်ခဲ့ရပြီး ၂၀၂၄ ခုနှစ်မှ ၂၀၂၆ ခုနှစ် ပထမခြောက်လအတွင်း မြန်မာစစ်တပ်ဘက်က မြို့ပေါင်း ၂၂ မြို့ကို ပြန်လည်သိမ်းယူနိုင်ခဲ့ကာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့သော ဧရိယာမှာ ၂၄,၁၂၃.၈၁ စတုရန်းကီလိုမီတာရှိသည်ဟုဆိုသည်။

ထိုပြန်လည်ရရှိခဲ့သည့် မြို့ ၂၂ မြို့အနက် ၃ မြို့ (လားရှိုး၊ မိုးကုတ်၊ မိုင်းမိတ်) ကို တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ပြန်လည်ရရှိခဲ့ခြင်းဖြစ်ပြီး ကျန်ရှိသော ၁၉ မြို့ကိုမူ စစ်တပ်၏တိုက်ရိုက်ထိုးစစ်များဖြင့် ပြန်လည်သိမ်းယူခဲ့ခြင်းဖြစ်သည်။

လက်ရှိအခြေအနေတွင် မြန်မာစစ်တပ်သည် ဆုံးရှုံးထားရသည့် မြို့များအနက် ၈၁ မြို့ကို ဆက်လက်လက်လွှတ်ထားရဆဲဖြစ်သည်ဟု ISP-Myanmar က ဆိုထားသည်။

​စစ်ပွဲ၏အကျိုးဆက်က လူမှုစီးပွားဘဝကို ပြင်းပြင်းထန်ထန်ရိုက်ခတ်လာခဲ့သ ည်။

ကမ္ဘာဘဏ်က ၂၀၂၆ ခုနှစ်တွင်လည်း မြန်မာ့စီးပွားရေးမှာ (Surviving, Not Thriving) ရှင်သန်ရုံမျှသာရှိပြီး ဖွံ့ဖြိုးမှုနှေးကွေးသည့် အခြေအနေတွင်သာရှိနေမည်ဟုဆိုသည်။

မြန်မာနိုင်ငံ၏ လက်ရှိစီးပွားရေးအခြေအနေသည် ငွေကြေးဖောင်းပွမှုမြင့်မားခြင်း၊ ကုန်ဈေးနှုန်းကြီးမြင့်ခြင်းနှင့် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ဆက်အားနည်းနေဆဲဖြစ်သည်။

ထိုငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀ ရာ ခိုင်နှုန်းအထက်တွင်ဆက်ရှိနေပြီး စားသောက်ကုန်နှင့်အိမ်သုံးပစ္စည်း ဈေးနှုန်းများအလွန်အမင်းမြင့်တက်နေသည်။

လျှပ်စစ်မီးမမှန်ခြင်းနှင့် ငွေကြေးမတည်ငြိမ်မှုများက လုပ်ငန်းများကိုထိခိုက်စေသည်ဟုဆိုထားသည်။

​နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်နေသော်လည်း အလားအလာမှာနှေးကွေးလျက်ရှိပြီး တရုတ်ယွမ်ငွေဖြင့်ရင်းနှီးမြှုပ်နှံခွင့်ပြုချက်များရှိလာသော်လည်း ဈေးကွက်အတွင်း အကျပ်အတည်းများရှိနေဆဲဖြစ်သည်။

​မြန်မာ့လယ်ယာထွက်ကုန်နှင့် အစားအသောက်ကဏ္ဍမှာ စီးပွားရေး၏အဓိကမောင်းနှင်အားအဖြစ် ကြံ့ကြံ့ခံရပ်တည်နေရပြီး ရိုက်ခတ်မှုများမှာကြီးကြီးမားမား ရှိနေသည်။

​တရုတ်ရင်းနှီးမြှုပ်နှံမှုများပင် မြန်မာနိုင်ငံသို့မဝင်နိုင်ဘဲ တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာန၏ အကြံပြုချက်များတွင် မြန်မာနိုင်ငံသည် ရင်းနှီးမြှုပ်နှံမှုအတွက် အန္တရာယ်အတိုင်းအတာ အရမ်းကြီးမားသည့် စာရင်းတွင်ပါဝင်နေကြောင်း ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် BBC Burmese မှ ဖော်ပြထားသည်။

​စစ်ပွဲသည်အရာရာတိုင်းကို တိုက်စားသွားခဲ့သည်။လက်ရှိအချိန်ထိ အဖြေက ဝေးကွာနေဆဲဖြစ်သည်။ စစ်တွင် အနိဋ္ဌာရုံများရှိသည်။

စစ်ပွဲတရပ်ကို ရွေးချယ်သည်ဖြစ်စေ မရွေးချယ်သည်ဖြစ်စေ စစ်ဖြစ်လာလျှင်ဘက်အသီးသီးကိုထိခိုက်သည်။စစ်၏ဒဏ်ရာသည် စစ်ပြီးသွားလျှင်ပင် ရေရှည် ခက်ခက်ခဲခဲပြန်လည်ကုစားရသ ည်။

​မြန်မာနိုင်ငံ၏ စစ်ပွဲသံသရာက ရှည်ကြာလွန်းလှသည်။ရှည်ကြာသည်နှင့်အမျှ ဒေါ်ပန်းမွှေး၊ဒေါ်မေတို့ကဲ့သို့ မိခင်များ၏စိုးရိမ်သောကများ၊ပူပန်မှုများ၊ တိုးတိတ်သော ဆုတောင်းသံများက အကျပ်အတည်းများကြားတွင် ဆက်ရှိနေဦးမည်ဖြစ်သည်။

PrevPreviousပုဏ္ဏားကျွန်း-ကျောက်တော်ကားလမ်းတလျှောက်ကို စစ်တပ်ပစ်မှတ်ထားတိုက်ခိုက်နေ
Nextပန်းနီလာစစ်ဘေးရှောင်စခန်း လေကြောင်းတိုက်ခံရမှုမြင်ကွင်းNext
Previous Post

ပုဏ္ဏားကျွန်း-ကျောက်တော်ကားလမ်းတလျှောက်ကို စစ်တပ်ပစ်မှတ်ထားတိုက်ခိုက်နေ

Next Post

ပန်းနီလာစစ်ဘေးရှောင်စခန်း လေကြောင်းတိုက်ခံရမှုမြင်ကွင်း

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

(ဓာတ်ပုံ-ပုဏ္ဏားကျွန်းမြို့နယ်၊ကျောက်ဆိပ်ကျေးရွာအနီးရှိ ဝန်ထမ်းအိမ်ရာကို စက်တင်ဘာလ ၃၀ ရက်နေ့ လေကြောင်းတိုက်ခိုက်ပြီးနောက်တွေ့ရပုံ/BNA)

ပုဏ္ဏားကျွန်း-ကျောက်တော်ကားလမ်းတလျှောက်ကို စစ်တပ်ပစ်မှတ်ထားတိုက်ခိုက်နေ

October 5, 2026

ပန်းနီလာစစ်ဘေးရှောင်စခန်းကို စစ်တပ်လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးတဦးသေဆုံး

October 5, 2026

ပုဏ္ဏားကျွန်းမြို့နယ်ရှိ ပန်းနီလာစစ်ဘေးရှောင်စခန်းကို လေကြောင်းတိုက်ခိုက်

October 5, 2026
​ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

မင်းအောင်လှိုင် မလေးရှားသို့ မနက်ဖြန်သွားမယ်

October 5, 2026

ပုဏ္ဏားကျွန်းစစ်ရှောင်စခန်း လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူတဆယ့်တဦးရှိလာ

ပုဏ္ဏားကျွန်း ယိုးငူစစ်ရှောင်စခန်းကို စစ်တပ်လေကြောင်းတိုက်ခိုက်လို့ ခြောက်ဦးသေဆုံး

ပုဏ္ဏားကျွန်းရှိ စစ်ရှောင်စခန်းကိုစစ်တပ် လေကြောင်းတိုက်ခိုက်လို့ ခြောက်ဦးသေဆုံး

နမ့်ဆန်မှာယာဥ်တိမ်းမှောက်လို့အမျိုးသမီးတဦးသေဆုံးပြီးနှစ်ဦးဒဏ်ရာရ

မင်းတုန်းမှာ အာဏာသိမ်းစစ်တပ်စစ်ကြောင်း မိုင်းဆွဲခံရလို့ ခုနှစ်ဦးသေဆုံး

မလေးရှားမှ စစ်သင်္ဘောတွေနဲ့ခေါ်လာတဲ့ မြန်မာနိုင်ငံသားတွေ ရန်ကုန်သို့ရောက်

Releated Post

ဓာတ်ပုံ - AA

ပုဏ္ဏားကျွန်းစစ်ရှောင်စခန်း လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူတဆယ့်တဦးရှိလာ

October 4, 2026
ဓာတ်ပုံ - AA

ပုဏ္ဏားကျွန်း ယိုးငူစစ်ရှောင်စခန်းကို စစ်တပ်လေကြောင်းတိုက်ခိုက်လို့ ခြောက်ဦးသေဆုံး

October 4, 2026
ဓာတ်ပုံ - BNA

ပုဏ္ဏားကျွန်းရှိ စစ်ရှောင်စခန်းကိုစစ်တပ် လေကြောင်းတိုက်ခိုက်လို့ ခြောက်ဦးသေဆုံး

October 4, 2026
ဓာတ်ပုံ-ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး

နမ့်ဆန်မှာယာဥ်တိမ်းမှောက်လို့အမျိုးသမီးတဦးသေဆုံးပြီးနှစ်ဦးဒဏ်ရာရ

October 4, 2026
ဓာတ်ပုံ - သရက်ခရိုင် အမှတ် ၄ တပ်ရင်း

မင်းတုန်းမှာ အာဏာသိမ်းစစ်တပ်စစ်ကြောင်း မိုင်းဆွဲခံရလို့ ခုနှစ်ဦးသေဆုံး

October 4, 2026
​ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

မလေးရှားမှ စစ်သင်္ဘောတွေနဲ့ခေါ်လာတဲ့ မြန်မာနိုင်ငံသားတွေ ရန်ကုန်သို့ရောက်

October 4, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page