မောင်တောမြို့နယ်မှာ မြေမြုပ်မိုင်းနင်းမိလို့ ကလေးငယ်တဦးဒဏ်ရာရ
မောင်တောမြို့နယ်မှာ ဇန်နဝါရီလ ၂၉ ရက်နေ့ကစစ်ကောင်စီထောင်ထားခဲ့တဲ့မိုင်းနင်းမိလို့ အသက်မပြည့်သေးတဲ့ကလေးတဦးဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ အဲဒီမောင်တောမြို့နယ်၊ ဇားဂုံးနားကျေးရွာကအီဆုပ်ရဲ့သား၊ အသက်ခုနှစ်နှစ်အရွယ်ကုရ်ရှိတ်အာလာမှာညာဖက်ခြေထောက်တဖက်ပြတ်ထွက်သွားတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ အဲဒီ ကုရ်ရှိတ်အာလာဟာ သူနေအိမ်ထက်ကနေအိမ်အောက်သို့ဆင်းတဲ့အခါ အိမ်အောက်မှာစစ်ကောင်စီတပ်ထားခဲ့တဲ့မိုင်းနင်းမိပြီးခုလိုဒဏ်ရာရသွားတာဖြစ်တယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီလ ၂၂ ရက်နေ့ကလည်း မြောက်ဦးမြို့၊အောင်မင်္ဂလာရပ်ကွက်မှအမျိုးသမီးတဦးတောင်သို့ထင်ခုတ်သွားစဥ် ...




