စစ်ရာဇဝတ်မှုများကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ကိုင်တွယ်နိုင်မည်လား
မောင်တူရေးသည်။ စစ်ရာဇဝတ်မှုနှင့်အာရက္ခအစိုးရ အာရက္ခဒေသအတွင်း ဖြစ်ပွားသောစစ်ရာဇဝတ်မှုများကို အာရက္ခပြည်သူ့အစိုးရတကိုယ်တည်းကိုင်တွယ်နိုင်မည်လော့။နိုင်ငံတကာ၏အမြင်တွင်အားလုံးသောစစ်ရာဇဝတ်မှုများကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရတကိုယ်တည်းကိုင်တွယ်နိုင်မည်ဟုမယုံကြည်ကြပေ။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖွဲ့ဝင်များကိုယ်တိုင်ကျူးလွန်ခဲ့သည့်ရာဇဝတ်မှုများကိုသာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကိုင်တွယ်နိုင်ပေလိမ့်မည်။ သို့ရာတွင် ဥပဒေကြောင်းအရ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရထိန်းချုပ်နယ်မြေ၏အပြင်ဘက်တွင်ရှိနေသော မြန်မာ့စစ်တပ်လက်နက်ကိုင်တပ်ဖွဲ့ဝင်များကျူးလွန်ခဲ့သောဖြစ်ရပ်များနှင့်မူဆလင်လက်နက်ကိုင်အကြမ်းဖက်သမားများကျူးလွန်ခဲ့သောဖြစ်ရပ်များကိုအာရက္ခပြည်သူ့တော်လှန်ရေးအစိုးရသည် နိုင်ငံတကာအကူအညီမပါဘဲ တကိုယ်တည်းကိုင်တွယ်ဖြေရှင်းအရေးယူရန် မဖြစ်နိုင်ပေ။ အာရက္ခဒေသအတွင်း စစ်ရာဇဝတ်မှုများအား တားဆီးကာကွယ်ရန် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအပေါ်တွင် ပြည်သူလူထုအများစုမျှော်လင့်ချက်ထားကြပေသည်။ ...








