Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ကျမ်းမာရေး မောင်တောခရိုင် မောင်တောမြို့နယ် သတင်း အမျိုးသမီးကဏ္ဍ အာရက္ခဒေသ

အာရက္ခဒေသက ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေ

(ဓာတ်ပုံ - မောင်တောခရိုင်က စစ်ဘေးရှောင်အမျိုးသမီးတဦး / BNA)

(ဓာတ်ပုံ - မောင်တောခရိုင်က စစ်ဘေးရှောင်အမျိုးသမီးတဦး / BNA)

Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
67
VIEWS
Share on FacebookShare on Twitter

အာရက္ခဒေသက စစ်ဘေးရှောင်အမျိုးသမီးကိုယ်ဝန်ဆောင်တွေဟာ ဆေးဝါး၊ ကျန်းမာရေးစောင့်ရှောက်မှုတွေအပါအဝင် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုကြပါတယ်။

အဲဒီစစ်ဘေးရှောင်အမျိုးသမီးတွေဟာကိုယ်ဝန်ဆောင်နေကြပေမယ့်ကိုယ်ဝန်ဆောင်အမျိုးသမီးတွေတွေ ပုံမှန်ထိုးရမယ့်ကာကွယ်ဆေးတွေမထိုးကြရဘူးလို့ ဆိုကြပါတယ်။

အဲဒီအပြင် ငွေကြေးအခက်ခဲတွေကြောင့်ကိုယ်ဝန်ဆောင်တွေအတွက် ဆေးဝါး၊အစာအာဟာရပြည့်ဝစွာမရကြဘူးလို့လည်းဆို ကြပါတယ်။

“အခက်အခဲတွေက အများကြီးပဲ။အ လုပ်အကိုင်ကလည်းအဆင်မပြေဘူး။ အဆင်မပြေရင်လည်း အဆင်ပြေသလို ရှာကြံပြီးစားနေရတာပေါ့။ ကိုယ်ဝန်ကလေးလရှိပါပြီ။ ကာကွယ်ဆေးမထိုးရသေးပါဘူး။ အလုပ်လည်း အဆင်မပြေဘူး။ ကာကွယ်ဆေးထိုးဖို့ ပိုက်ဆံမရှိလို့ မထိုးရဘူး။” လို့ မောင်တောမြို့နယ်က စစ်ဘေးရှောင်ကိုယ်ဝန်ဆောင်အမျိုးသမီးတဦး Boder News Agency ကို ပြောပါတယ်။

အာရက္ခဒေသမှာ ကုန်စျေးနှုန်းတွေအ ဆမတန်မြှင့်တက်နေတာမို့ ကလေးနဲ့မိခင်အတွက် အာဟာရပြည့်ဝမယ့်စားစရာတွေမဝယ်စားနိုင်ကြဘူးလို့လည်းကိုယ်ဝန်ဆောင်အမျိုးသမီးတွေကဆိုကြပါတယ်။

အဲဒီအပြင် နိုင်ငံတကာလူသားချင်းစာနာထောင်ထားမှုဆိုင်ရာအကူအညီတွေမရကြသလို အလုပ်လုပ်လို့လည်းမရကြတာမို့ စားဝတ်နေရေးတွေ၊ အမိုး အကာတွေလည်း အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။

“အလုပ်အကိုင်လည်းမရှိရင် ဘယ်လိုစားသောက်လို့အဆင်ပြေမလဲ။ ကလေး မွေးဖို့အတွက် လိုအပ်ချက်တွေအတွက် အကူအညီတွေလိုအပ်ပါတယ်။ကလေး တယောက်မွေးဖို့လိုအပ်ချက်တွေအ များကြီးရှိပါတယ်။ကလေးတယောက်မွေးလို့ လက်ထဲမှာ ပိုက်ဆံတပြားမှမရှိရင်အဆင်မပြေဘူး။ အဲဒါတွေကို အဆ င်ပြေအောင်အကူအညီတွေပေးစေချင်ပါတယ်။” လို့ စစ်ဘေးရှောင်ကိုယ်ဝန် ဆောင်အမျိုးသမီးတဦးက Border News Agency ကိုပြောပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝင် မောင်တော၊ ဘူးသီးတောင်၊ရသေ့တောင်၊ပုဏ္ဏားကျွန်း၊ကျောက်တော်၊မြောက်ဦး၊မင်းပြား၊မြေပုံ၊ပေါက်တော၊ရမ်းဗြဲ၊သံတွဲ၊တောင်ကုတ်၊အမ်း၊ဂွမြို့ နယ်တွေကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်ပါတယ်။

အာရက္ခတပ်တော်သိမ်းပိုက်ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ်အုပ်ချုပ်ရေးယန္တရားတွေဖော်ဆောင်နေပြီး အာရက္ခပြည်သူတွေအတွက် ပြည်သူ့ဝန် ဆောင်မှုတွေဆောင်ရွက်ပေးနေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒီပြည်သူ့ဝန်ဆောင်မှုတွေမှာ အာရက္ခပြည်သူ့ကျန်းမာရေးဌာနလည်းပါဝင်ပြီး အာရက္ခပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနေကြပေမယ့် ကျန်းမာရေးဝန်ထမ်းတွေအပါအဝ င်ဆေးဝါး၊ စက်ကရိယာတွေမလုံလော က်သေးဘူးလို့လည်း အာရက္ခပြည်သူ့ကျန်းမာရေးဝန်ထမ်းတွေက ဆိုကြပါတယ်။

အဲဒါကြောင့် နိုင်ငံတကာလူသားချင်းစာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးအဖွဲ့တွေက နယ်စပ်ဖြတ်ကျော်အကူအညီပေးသင့်တယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

“အာရက္ခပြည်သူတရပ်လုံးရဲ့ ဒုက္ခရော က်နေတာကို နိုင်ငံတကာအသိုင်းအဝိုင်းက စိတ်ရင်းမှန်၊စေတနာမှန်နဲ့ ကူညီချင်တဲ့ ဆန္ဒရှိရင် နိုင်သလောက် တက်နိုင်သလောက် လုပ်ပေးရင်ကောင်းပါတ ယ်။ပြည်သူတွေကတော့ ဒုက္ခပေါင်းစုံနဲ့ကြုံနေရတယ်။အဲဒါကြောင့် နိုင်ငံတ ကာအဖွဲ့အစည်းက ကိုယ့်ရပ်တည်ချက်နဲ့ကိုယ်လွတ်လပ်လွတ်လပ်အရင်ခေ တ်ပုံစံမျိုးမဖြစ်သေးတဲ့တိုင်အောင် အ နည်းဆုံးမဟုတ်ရင်တောင် ပညာရေး၊ကျန်းမာရေး၊စားနပ်ရိက္ခာတွေထောက် ပံ့ဖို့ WFP ပုံစံမျိုး နည်းနည်းပါးပါးဝင်လာရင် ပြည်သူတွေအတွက်အထောက် အကူဖြစ်နိုင်မယ်လို့မြင်ပါတယ်။” လို့မောင်တောမြို့နယ်မှပြည်သူ့လွှတ် တော်ကိုယ်စားလှယ်ဟောင်းတဦးက Border News Agency ကို ပြောပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ ပြည်လည်တည်ဆောက်ရေးတွေ ဆောင်ရွက်နေသလို လူသားချင်းစာနာထောက်ထားရေးနဲ့ဖွံ့ဖြိုးရေးဆိုင် ရာပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO) တွေ ဖွင့်လှစ်ဆောင်ရွက်နေပေမယ့် အာရက္ခပြည်သူလူထုအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ အများကြီးလိုအပ်နေသေးတယ် လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒီလူသားချင်းစာနာထောက်ထားရေးနဲ့ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO) အကြီးအကဲအဖြစ် အာရက္ခတပ်တော်(AA) တပ်မှူးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့အကိုဖြစ်သူထွန်းမင်းနိုင်က ဦးဆောင်တာဝန်ယူပြီး နိုင်ငံတ ကာလူသားချင်းစာနာထောက်ထားမှုဆို င်ရာကူအညီပေးရေးအဖွဲ့တွေ၊နိုင်ငံတ ကာသံရုံးတွေအပါအဝင် အရပ်ဖက်လူ မှုအဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွ က်နေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒါကြောင့် အာရက္ခပြည်သူ့တော်လှန် ရေးအစိုးရဟာ အာရက္ခပြည်သူတွေအတွက်အရေးကြီးတဲ့ နိုင်ငံတကာလူသား ချင်းစာနာထောက်ထားမှုဆိုင်ရာအကူ အညီပေးရေးအဖွဲ့တွေကို အကာအကွယ်ပေးပူးပေါင်းဆောင်ရွက်လာကြအောင်လမ်းဖွင့်ပေးထားသင့်တယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

PrevPreviousစစ်ရာဇဝတ်မှုများကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ကိုင်တွယ်နိုင်မည်လား
Nextထုတ်ကုန်မဲ့လူ့အဖွဲ့အစည်းNext
Previous Post

စစ်ရာဇဝတ်မှုများကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ကိုင်တွယ်နိုင်မည်လား

Next Post

ထုတ်ကုန်မဲ့လူ့အဖွဲ့အစည်း

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - အမေရိကန်စစ်ဌာနချုပ်

​အီရန်ဒရုန်းနဲ့တိုက်ခိုက်လို့ အမေရိကန်စစ်သည် ၁ ဦး ထပ်မံသေဆုံး

March 10, 2026
ဓာတ်ပုံ - ထိုင်းဘုရင့်တပ်တော်

ထိုင်း-မြန်မာနယ်စပ်မှာ မြန်မာလုပ်သား ၄၅ ဦးဖမ်းဆီးခံရ

March 10, 2026
ဓာတ်ပုံ - လူမှုကွန်ရက်

​အီရန်ရှိ အမျိုးသားကျောက်ကပ်ဆေးစင်တာကို အမေရိကန်နဲ့ အစ္စရေးတို့ ဗုံးကြဲတိုက်ခိုက်

March 10, 2026
ဓာတ်ပုံ - KNU

လယ်က‌ဆောမြို့နယ်တိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် လေးဦးသေဆုံး

March 10, 2026

​အီရန်ဒရုန်းနဲ့တိုက်ခိုက်လို့ အမေရိကန်စစ်သည် ၁ ဦး ထပ်မံသေဆုံး

ထိုင်း-မြန်မာနယ်စပ်မှာ မြန်မာလုပ်သား ၄၅ ဦးဖမ်းဆီးခံရ

​အီရန်ရှိ အမျိုးသားကျောက်ကပ်ဆေးစင်တာကို အမေရိကန်နဲ့ အစ္စရေးတို့ ဗုံးကြဲတိုက်ခိုက်

လယ်က‌ဆောမြို့နယ်တိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် လေးဦးသေဆုံး

ပါရှန်းပင်လယ်အော်ရှိ အီရန်စစ်သင်္ဘောကို အမေရိကန် တိုက်ခိုက်

လယ်မူလားမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့အရပ်သား ၆ ဦးသေဆုံး

Releated Post

ဓာတ်ပုံ - အမေရိကန်စစ်ဌာနချုပ်

​အီရန်ဒရုန်းနဲ့တိုက်ခိုက်လို့ အမေရိကန်စစ်သည် ၁ ဦး ထပ်မံသေဆုံး

March 10, 2026
ဓာတ်ပုံ - ထိုင်းဘုရင့်တပ်တော်

ထိုင်း-မြန်မာနယ်စပ်မှာ မြန်မာလုပ်သား ၄၅ ဦးဖမ်းဆီးခံရ

March 10, 2026
ဓာတ်ပုံ - လူမှုကွန်ရက်

​အီရန်ရှိ အမျိုးသားကျောက်ကပ်ဆေးစင်တာကို အမေရိကန်နဲ့ အစ္စရေးတို့ ဗုံးကြဲတိုက်ခိုက်

March 10, 2026
ဓာတ်ပုံ - KNU

လယ်က‌ဆောမြို့နယ်တိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် လေးဦးသေဆုံး

March 10, 2026
Photo - လူမှုကွန်ရက်

ပါရှန်းပင်လယ်အော်ရှိ အီရန်စစ်သင်္ဘောကို အမေရိကန် တိုက်ခိုက်

March 10, 2026
Photo - KNU

လယ်မူလားမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့အရပ်သား ၆ ဦးသေဆုံး

March 10, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page