Border News Agency
ကျောက်တော်၊ဇွန် ၂၁။
အာရက္ခဒေသမှာ တောတောင်ကိုမှီခိုပြီးအသက်မွေးဝမ်းကျောင်းပြုနေကြတဲ့အာရက္ခပြည်သူတွေဟာ မြေမြုပ်မိုင်းတွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကြား အသက်စွန့်ပြီးဝမ်းစာရှာနေကြရပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲတွေစတင်ကတည်းက စစ်ကောင်စီတပ်က လမ်းပန်းဆက်သွယ်ရေး၊ကုန်စည်စီဆင်းမှုတွေကို တားဆီးပိတ်ဆို့ထားတာမို့အာရက္ခပြည်သူတွေ အခက်အခဲပေါင်းစုံကြုံတွေ့နေကြရပါတယ်။
အဲဒီအပြင် အာရက္ခဒေသမှာအလုပ်အ ကိုင်အခွင့်အလမ်းရှားပါးတာတွေ၊ကုန် ဈေးနှုန်း အဆမတန်မြင့်တက်တာတွေကြောင့် ခက်ခဲကျပ်တည်းမှုတွေနဲ့ တွေ့ ကြုံနေရတယ်လို့ အာရက္ခပြည်သူတွေဆိုကြပါတယ်။
အဲဒါကြောင့် စစ်ဘေးရှောင်တွေအပါ အဝင်အရပ်သားပြည်သူတွေဟာ စစ်ကောင်စီတပ်စခန်းချခဲ့တဲ့နေရာတွေ၊အတိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ တောတောင်တွေမှာ အသက်စွန့်ဝမ်စာရှာနေကြရတ ယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အဲဒီလိုအသက်အန္တရာယ်ကြားကနေ မိုးရာသီကာလတွေမှာ ရာသီပေါ်ဟင်းသီးဟင်းရွက်တွေ ခူးယူရောင်းချပြီး ဝမ်းရေးအတွက် ဝမ်းစာရှာဖွေနေကြရပေမယ့် စိုးရိမ်ကြောက်လန့်နေကြတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
“အလုပ်တွေကမရှိဘူး။မနက်ထမင်း စောစောစားပြီးရင် တောကိုဝင်တယ်။ ရာသီပေါ်ဟင်းတွေခူးတယ်။ရွာပြန်ရောက်ရင် ရောင်းပြီးတော့ဝမ်းရေးကိုဖြေရှင်းနေရတာ။မိုင်းအန္တရာယ်တွေကိုကြောက်ရတယ်။ဟင်းရှာတဲ့တောတော င်တွေက အရင်ကအေအေနဲ့စစ်ကောင် စီတပ်တွေ တိုက်ပွဲဖြစ်ခဲ့တဲ့နေရာတွေဆိုတော့ စိုးရိမ်တာတွေလည်းရှိတယ်။ ဒါပေမယ့်ဝမ်းရေးအတွက်ဆိုတော့ သ တိထားပြီး သွားလာရှာဖွေနေရတယ်။” လို့ ကျောက်တော်မြို့နယ်မှအမျိုးသမီးတဦးက Border News Agency ကိုပြောပါတယ်။
အာရက္ခဒေသကစစ်ဘေးရှောင်တွေအ ပါအဝင်အရပ်သားပြည်သူတွေဟာ နီးစပ်ရာတောတောင်တွေက ဟင်းသီးဟ င်းရွက်တွေရှာဖွေခူးယူကြပြီး အနီးအ နားက ရွာတွေ၊စျေးတွေမှာ ရောင်းချဝ မ်းရေးဖြေရှင်းနေပြရတယ်လို့ ဆိုကြပါတယ်။
အဲဒီတောတောင်တွေကိုမှီခိုပြီး အသက်စွန့်ဝမ်စာရှာနေကြပေမယ့်ကုန်ဈေးနှုန်းတွေအဆမတန်တက်နေတာမို့ စားဝတ် နေရေးမဖုံလုံကြဘူးလို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
“အသက်စွန့်ပြီးရှာဖွေတာတောင် တနေ့လုပ်အားခနှစ်သောင်းကျော်လောက်ပဲရတယ်။အဲဒီငွေနဲ့ ဆန်၊ဆီ၊ဆားဝယ်ဖို့တောင်မလောက်ဘူး။မိသားစုများရင် ပိုတောင်အဆင်မပြေဘူး။ကျွန်မတို့က စစ်ဘေးရှောင်တွေဆိုတော့ အရင်က တည်းကခက်ခဲနေကြတာ။တောကရလာတဲ့ ဟင်းတွေကို ဆန်နဲ့လည်းလှဲ့ရတယ်။ရလာတဲ့ငွေက ဆန်ဝယ်ဖို့တောင်မလောက်ဘူး။” လို့ စစ်ဘေးရှောင်အ မျိုးသမီးတဦးက Border News Agecy ကို ပြောပါတယ်။
အဲဒီတောတောင်တွေကို ဝမ်းရေးအတွက်ရှာဖွေဖို့သွားကြချိန်မှာ မြေမြုပ်မိုင်း တွေ၊စစ်လက်ကျန်လက်နက်တွေကြောင့် ထိခိုက်သေဆုံးခဲ့ကြရသူတွေလည်း ရှိနေပါတယ်။
ဒါပေမယ့် စစ်ဘေးရှောင်တွေအပါအဝင်အရပ်သားပြည်သူတွေဟာ အသက်ရှင်ရပ်တည်ရေးအတွက် မြေမြုပ်မိုင်းအန္တရာယ်တွေကြားမှာ အသက်စွန့်ပြီးဝမ်း စာရှာနေကြရတုန်းလို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အဲဒါကြောင့် အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေအားလုံးမှာ ကုန်ဈေးနှုန်းတွေကို ထိန်းချုပ်ဖို့လိုအပ်သလို အလုပ်အ ကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးဖို့လို အပ်နေတယ်လို့ အာရက္ခပြည်သူတွေကဆိုကြပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ မိုင်းရှင်းလင်းရေးတွေလုပ် ဆောင်နေပေမယ့် အရပ်သားပြည်သူတွေဟာ မြေမြုပ်မိုင်းအန္တရာယ်တွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကိုမကြာခဏကြုံတွေ့နေကြရသလို သေ ဆုံးဒဏ်ရာရတာတွေ မကြာခဏဖြစ်နေကြတယ်လို့ အာရက္ခပြည်သူတွေကဆိုကြပါတယ်။
အဲဒါကြောင့် စစ်ဘေးရှောင်တွေအပါ အဝင်အရပ်သားပြည်သူတွေဟာ စားဝတ်နေရေးအခက်အခဲတွေ ကြုံတွေနေကြရသလို ဘေးကင်းလုံခြုံရေးဆိုင်ရာစိန်ခေါ်မှုတွေကိုလည်း ကြုံတွေ့နေကြရတယ်လို့လည်း ဆိုကြပါတယ်။
အဲဒီအပြင်မြေမြုပ်မိုင်းတွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကိုလည်း စိုးရိမ်နေကြရသေးတာမို့ အာရက္ခတပ်တော်အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ကူညီမိုင်းရှင်းပေးကြစေချင်တယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။






