အင်တာဗျူး
Border News Agency
မြောက်ဦး၊ သြဂုတ် ၂၂။
အာရက္ခဒေသမှာ သဘာဝဘေးအန္တရာယ်တွေကြောင့် စိုက်ပျိုးထားပြီးသား စပါးခင်းဧကနှစ်သောင်းခန့်ပျက်စီးသွားခဲ့ပါတယ်။
အဲဒီအပြင် အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ၊ လိုအပ်ချက်တွေကိုလည်း လယ်သမားတွေ ကြုံတွေ့ရင်ဆိုင်နေကြရပါတယ်။
အဲဒါကြောင့် မြောက်ဦးမြို့နယ်က လယ်သမားတဦးကို Border News Agency က တွေ့ဆုံမေးထားပါတယ်။
“စပါးစိုက်ပျိုးတဲ့အခါ အခက်အခဲကတော့ ရေကြီးပါတယ်။ ဖျားကြီးပါတယ်။ ရေကမြင့်တက်လာပါတယ်။ မိုးများတော့စပါးတွေလည်းပျက်စီးလာပါတယ်။ စိုက်ပျိုးလိုက်တဲ့မျိုးစပါးတွေကလည်း မဖြစ်မြောက်… အဲဒီလိုမျိုးတွေတော့ကြုံတွေ့ရပါတယ်။”
“ထပ်ပြီးတော့ ပျိုးစိုက်ရပါတယ်။ ကုန်ကျစာရိတ်တွေကလည်း အနည်းငယ်နဲ့မရတော့ပါဘူး။ စျေးနှုန်းတွေကမြင့်လာပါတယ့။မြေသြဇာတွေ စျေးမြင့်တက်လာပါတယ်။အဲဒီတော့ စပါးစိုက် ပျိုးရတာလည်း လယ်သမားတွေအတွက် အမြတ်ဆိုတာထက် အရှုံးတွေအ များကြီးပေါ်လာခဲ့ပါတယ်။”
“လွန်ခဲ့တဲ့နှစ်တွေကလည်း အရှုံးပေါ်ပါတယ်။ ဒီနှစ်မှာလည်း အရှုံးပေါ်ဖို့ဘက်ကိုများနေပါတယ်။ အဲဒါကတော့ စပါးစျေးနှုန်းအပေါ်မှာပဲမူတည်ပြီးသတ်မှ တ်လို့ရမှာပါ။ ဘာလို့ဆို ကုန်ကျစာရိတ်ထက် စပါးစျေးကမြင့်သွားခဲ့လို့ရှိရင်တော့ အမြတ်ပေါ်ပါမယ်။ ခန့်မှန်းတဲ့အတိုင်းအတာနဲ့ဆို အမြတ်တော့ပေါ်မယ်မထင်ပါဘူး။”
“မြေသဩဇာတွေမြင့်တက်လာတာ၊စိုက်ပျိုးခတွေမြင့်တက်လာတာ၊ထွန်ယက်ခတွေစျေးကြီိးလာတာ၊စက်ပစ္စ ည်းတွေစျေးကြီးလာတာ အကုန်လုံးကစျေးမြင့်တက်လာတော့ အရှုံးပေါ်ဖို့က သေချာနေတယ်လို့ ခန့်မှန်းပါတယ်။”
“တခြားအသုံးပြုမှုတွေကတော့ မရှိဘူးဆိုသလိုဘဲ လယ်သမားတွေမှာကျွဲ၊ နွားတွေလည်းမရှိတော့ပါဘူး။ တပိုင်တနိုင်မွေးမြူရေးကလည်း အသားစားသဖွယ်မွေးမြူပါတယ်။”
“အရင်ကလို လက်ရိုးကျထွန်ယက်စိုက်ပျိုးတဲ့ကျွဲ၊ နွားတွေကမရှိတော့ပါဘူး။ အခုက စက်ကိုပဲအသုံးပြုလာရပါတယ်။”
“လိုအပ်ချက်ရှိလာရင် စက်ပစ္စည်းတွေဝယ်ထည့်လာရပါတယ်။ မြေသြဇာစျေးတွေကတော့ စူပါတံဆိပ်နဲ့ဆို နှစ်သိန်းသုံးသောင်းရှိပါတယ်။”
“ထပ်ပြီးသုံးတာက ဆန်မှုန့်တွေကြဲပါတယ်။ ကြဲပေမယ့်လည်းစုံလင်အောင်တော့မကြဲပါဘူး။ စက်တွေကဆန်မှုန့်ကလည်း လယ်သမားအကုန်လုံးကြဲနိုင်လောက်အောင် မထွက်ပါဘူး။”
“ကူညီထောက်ပံ့မှုတော့မရှိပါဘူး။ နောက်ဆိုရင်တော့ မပြောတတ်ပါဘူး။ အခုတော့ သိပ်မတွေ့ရပါဘူး။ အဓိကတော့ မြေဆီ၊ မြေသြဇာကို ကုန်ကျစာရိတ်နည်းနည်းနဲ့ပေးနိုင်မယ်ဆိုရင်တော့ ပိုအဆင်ပြေမယ်လို့ထင်ပါတယ်။”