Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး နိုင်ငံရေး သတင်း

ငါးဖမ်းလုပ်ငန်းကို အကာအကွယ်ပေးမယ်လို့ ဘင်္ဂလားဒေ့ရှ်ရေတပ် ကတိပြု

(ဓာတ်ပုံ - ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ကော့စ်ဘဇာမြို့မှာတွေ့ရတဲ့ဘင်္ဂလားငါးဖမ်းလှေတွေ / BNA)

(ဓာတ်ပုံ - ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ကော့စ်ဘဇာမြို့မှာတွေ့ရတဲ့ဘင်္ဂလားငါးဖမ်းလှေတွေ / BNA)

Author picture

By

BNA Author
Reading Time: 2 mins read
0
A A
0
SHARES
3
VIEWS
Share on FacebookShare on Twitter

သတင်းဆောင်းပါး
Border News Agency
ဒါကာ၊ သြဂုတ် ၂၂။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ငါးဖမ်းလုပ်ငန်းတွေကို အကာအကွယ်ပိုပေးသွားမယ်လို့ ဘင်္ဂလားဒေ့ရှ်ရေတပ်က ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ၂၀၂၅ခုနှစ်၊ အမျိုးသားငါးလုပ်ငန်းရက်သတ္တပတ်ကာလ ဩဂုတ် ၁၉ ရက်နေ့က ပြောတာပါ။

ငါးလုပ်ငန်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံစီး ပွားရေးရဲ့အဓိကဒေါက်တိုင်တွေထဲမှာပါတယ်လို့လည်း ဘင်္ဂလားဒေ့ရှ်ရေတပ်က ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ကမ်းရိုးတန်းတွေ၊ ချောင်းတွေ၊မြစ်တွေ၊ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်းတွေဟာ အလုပ်အကိုင်အခွင့်အလမ်းတွေကိုဖြစ်စေပြီး နိုင်ငံခြားဝင်ငွေကိုလည်း ရှာပေးနေတာပါ။

အဲဒီလုပ်ငန်းတွေရဲ့ သွင်းအားစုတွေဟာ အကာအကွယ်ရဖို့ လိုအပ်နေတယ်လို့ ဘင်္ဂလားဒေ့ရှ်ရေတပ်က ဆိုပါတယ်။

ငါးဖမ်းလုပ်ငန်းတွေဟာမြစ်ကြောင်းတလျှောက်၊ပင်လယ်ပြင်ရေနက်ပိုင်းနေ ရာတွေထိ ရေရှည်မှာ ခိုင်ခိုင်မာမာအားကောင်းကောင်းနဲ့အလုပ်လုပ်နိုင်ဖို့အ တွက် ပင်လယ်ပြင်လုံခြုံရေး၊တရားမဝင်ငါးဖမ်းလုပ်ငန်းတွေကိုတားဆီးသွားမယ်လို့ ဘင်္ဂလားဒေ့ရှ်ရေတပ်က ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ပင်လယ်ပြင်က မ်းရိုးတန်းဟာ ၇၁၀ ကီလိုမီတာရှည် လျားပြီး အာရှမှာ ငါးဖမ်းမှုအများဆုံးနေရာတွေထဲမှာ ပါဝင်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံပင်လယ်စားသော က်ကုန်ဆိုင်ရာကွန်ရက်(Sea Food Network)အဆိုအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရေလုပ်သားငါးသိန်းကျော်ရှိတယ်လို့ ဆိုပါတယ်။

အဲဒီထဲက တံငါသည်ခြောက်သောင်းရှ စ်ထောင်ကျော်ဟာ စက်တပ်ယာဉ်တွေကို အသုံးပြုနိုင်ကြပါတယ်။

အဲဒီငါးဖမ်းလုပ်ငန်းနဲ့ ပင်လယ်ပြင်ဆိုင် ရာဆက်စပ်လုပ်ငန်းစုတွေထဲမှာ ဒေါက်ကျင်း၊စက်လှေထုတ်လုပ်တာ၊စျေးကွ က်ကွန်ရက်၊ အအေးခန်း၊ ကုန်သည်စတဲ့အလုပ်တွေနဲ့ အကျိုးစီးပွားဆက်စပ်သူပေါင်း၊အလုပ်အကိုင်ရနေသူလူဦးရေ ၂.၅ သန်းမှ ၂.၈ သန်းကြားရှိနေမယ်လို့ဆိုပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (FAO)ရဲ့ အဆိုအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ကမ္ဘာမှာ ရေထွက်ကုန်ထုတ်လုပ်မှုအဆင့်ခြောက်မှာရှိပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ရေထွက်ကုန်လုပ် ငန်းမှာ အမျိုးအစားလေးခုရှိပါတယ်။

အဲဒါတွေက ကုန်းတွင်းရေပြင်ငါးဖမ်းတာ၊ မွေးမြူတာ၊ ပင်လယ်ပြင်ငါးမွေးမြူတာ၊ ငါးဖမ်းထုတ်လုပ်တာတွေပါ။

Global Fishလိုငါးလုပ်ငန်းဆိုင်ရာနိုင်ငံ တကာသုတေသနအဖွဲ့တွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ရေချိုငါးမွေးမြူးရေးကိုလည်း ဦးစားပေးဖို့လိုအပ်တယ်လို့ ၂၀၂၃ ခုနှစ်က ထုတ်ပြန်ခဲ့ပါတယ်။

တရားမဝင်စနစ်မကျတဲ့(IUU) စနစ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ တရားမဝင်စန စ်မကျတဲ့(IUU)ငါးဖမ်းလုပ်ငန်းတွေကြီးစိုးနေပြီး အစိုးရဟာဥပဒေတွေအရထိန်းကျောင်းတာအားနည်းတယ်လို့ Frontiers သုတေသနအဖွဲ့စာတမ်းကဆိုထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့တရားမဝင်စနစ်မကျတဲ့(ငါးဖမ်းလုပ်ငန်းတွေဟာ ပင်လ ယ်ပြင်၊ရေပြင်တွေမှာ သဘာဝပတ်ဝန်း ကျင်၊ဇီဝမျိုးစိတ်တွေကို ထိခိုက်စေနိုင်တယ်လို့ ဆိုထားပါတယ်။

အဲဒီစာတမ်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ငါးဖမ်းပုံအလေ့အထအမျိုးမျိုး၊ ဖမ်းပိုက်စနစ်၊ ဖမ်းယူစနစ်တွေကို ဆန်းစစ်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ၂၀၂၂ခု နှစ်မှာ ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်းကရတဲ့ GDPဟာ ၂.၀၇ ရာခိုင်နှုန်းရှိတယ်လို့ ကမ္ဘာဘဏ်က ဆိုပါတယ်။

၂၀၂၃ခုနှစ်မှာ အအေးခန်းပါ ငါးဖမ်းသင်္ဘော ၂၃၁ စီး၊လက်လုပ်လှေသုံးသောင်းခန့်ဟာ ပင်လယ်ပြင်လုပ်ကွက်ပေါင်းနှစ်ရာကျော်မှာ ငါးဖမ်းနေကြတ ယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ကမ်းဦးရေတိမ်ဧ ရိယာ ၁၂ ရာခိုင်နှုန်းခန့်ဟာ ငါးဖမ်းလု ပ်ကွက်တွေဖြစ်ပြီး အဲဒီဧရိယာတွေမှာ အလွန်အကျွံငါးဖမ်းမှုတွေရှိနေတယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ လက်လုပ်လှေတွေရဲ့ပိုက်စနစ်နဲ့ ဖမ်းယူစနစ်တွေဟာ ရေနေသတ္တဝါတွေရဲ့သားပေါက်မျိုးစိ တ်တွေကို ပျက်စီးစေပြီး ရေပြင်၊ရေအောက်မျက်နှာပြင်တွေကိုပါ ထိခိုက်စေနိုင်တယ်လို့ ကမ္ဘာဘဏ်က သတိ ပေးထားပါတယ်။ကိုးကား –

  • ဘင်္ဂလားဒေ့ရှ်ပင်လယ်ပြင်နယ်နိမိတ် မြေပုံ
    • https://seafoodnetworkbd.com/bangladesh-to-form-rapid-response-committee-to-safeguard-maritime-territory
  • ငါးလုပ်ငန်းစိန်ခေါ်မှု
    • https://seafoodnetworkbd.com/the-future-of-sustainable-marine-fishing-in-bangladesh-challenges-opportunities
    • https://www.agrifarming.in/aquaculture-in-bangladesh-production-guide?hl=en-GB#
  • Global Fish
    • https://worldfishcenter.org/blog/aquaculture-bangladesh-more-just-load-carp?hl=en-GB#
  • Frontiers
    • https://www.frontiersin.org/journals/marine-science/articles/10.3389/fmars.2023.1150213/full?hl=en-GB
  • ကမ္ဘာဘဏ်အစီရင်ခံစာ
    • https://www.worldbank.org/en/news/feature/2024/06/08/charting-a-course-toward-sustainable-marine-fisheries-in-bangladesh?hl=en-GB#
PrevPreviousရေနံချောင်းမြို့နယ်ကိုစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့တဦးသေဆုံး
Next“မြေဆီ၊ မြေသြဇာကို ကုန်ကျစာရိတ်နည်းနည်းနဲ့ပေးနိုင်မယ်ဆိုရင်တော့ ပိုအဆင်ပြေမယ်လို့ထင်ပါတယ်။”Next
Previous Post

ရေနံချောင်းမြို့နယ်ကိုစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့တဦးသေဆုံး

Next Post

“မြေဆီ၊ မြေသြဇာကို ကုန်ကျစာရိတ်နည်းနည်းနဲ့ပေးနိုင်မယ်ဆိုရင်တော့ ပိုအဆင်ပြေမယ်လို့ထင်ပါတယ်။”

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

“အဲဒီဦးကျော်သန်းဟာ ဘယ်လောက်ထိ ULA /AA ကိုအားမနာလုပ်လဲဆိုရင်… ရပ်ရွာအုပ်ချုပ်ရေးမှူးတယောက်အနေနဲ့ပေါ့။”

January 13, 2026
​ဓာတ်ပုံ - ချင်းညီနောင်

ချင်းညီနောင်လေးဖွဲ့ စုပေါင်းပြီး CPU / CPA ကို ဖွဲ့စည်း

January 12, 2026
ဓာတ်ပုံ - ပြန်ကြားရေးနဲ့မဟာမိတ်ဆက်ဆံရေးဌာနကြီး (SF/SAF)

စစ်ကော်မရှင်တပ်ဖွဲ့ဝင် ဆယ့်ခြောက်ဦးဖမ်းမိ

January 12, 2026
Hindustan Times

​အီရန်ဆန္ဒပြပွဲမှာ သေဆုံးသူငါးရာကျော်ရှိ

January 12, 2026

“အဲဒီဦးကျော်သန်းဟာ ဘယ်လောက်ထိ ULA /AA ကိုအားမနာလုပ်လဲဆိုရင်… ရပ်ရွာအုပ်ချုပ်ရေးမှူးတယောက်အနေနဲ့ပေါ့။”

ချင်းညီနောင်လေးဖွဲ့ စုပေါင်းပြီး CPU / CPA ကို ဖွဲ့စည်း

စစ်ကော်မရှင်တပ်ဖွဲ့ဝင် ဆယ့်ခြောက်ဦးဖမ်းမိ

PSLF / TNLA ရဲ့ အလုပ်သင်ဗိုလ်သင်တန်း ဆင်းပွဲ

​အီရန်ဆန္ဒပြပွဲမှာ သေဆုံးသူငါးရာကျော်ရှိ

NUG လက်အောက် PDF အဖြစ် CRA တပ်ရင်းတရင်းပူးပေါင်း

Releated Post

“အဲဒီဦးကျော်သန်းဟာ ဘယ်လောက်ထိ ULA /AA ကိုအားမနာလုပ်လဲဆိုရင်… ရပ်ရွာအုပ်ချုပ်ရေးမှူးတယောက်အနေနဲ့ပေါ့။”

January 13, 2026
​ဓာတ်ပုံ - ချင်းညီနောင်

ချင်းညီနောင်လေးဖွဲ့ စုပေါင်းပြီး CPU / CPA ကို ဖွဲ့စည်း

January 12, 2026
ဓာတ်ပုံ - ပြန်ကြားရေးနဲ့မဟာမိတ်ဆက်ဆံရေးဌာနကြီး (SF/SAF)

စစ်ကော်မရှင်တပ်ဖွဲ့ဝင် ဆယ့်ခြောက်ဦးဖမ်းမိ

January 12, 2026
ဓာတ်ပုံ - PSLF/TNLA သတင်းနဲ့ပြန်ကြားရေးဌာန

PSLF / TNLA ရဲ့ အလုပ်သင်ဗိုလ်သင်တန်း ဆင်းပွဲ

January 12, 2026
Hindustan Times

​အီရန်ဆန္ဒပြပွဲမှာ သေဆုံးသူငါးရာကျော်ရှိ

January 12, 2026
Photo - Chauk Revolution Army (CRA)

NUG လက်အောက် PDF အဖြစ် CRA တပ်ရင်းတရင်းပူးပေါင်း

January 12, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page