Border News Agency အမ်း၊ ဖေဖော်ဝါရီ ၁၁။ အမ်းမြို့နယ်မှာ ဖေဖော်ဝါရီလ ၈ ရက်နေ့က မြေမြုပ်မိုင်းနင်းမိလို့ လင်မယားနှစ်ဦးဒဏ်ရာရသွားခဲ့ပါတယ်။ အဲဒီ အမ်းမြို့နယ်၊ ပြောင်းချောင်းရပ်ရွာမှ အသက်ငါးဆယ့်ခုနှစ်နှစ်အရွယ် ဦးမောင်လုံးနဲ့ ဇနီးဖြစ်သူလေးဆယ့်ရှစ်နှစ်အရွယ် ဒေါ်ကေးကေး တို့ဒဏ်ရာရသွားခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ ဖေဖော်ဝါရီလ ၈ ရက်၊ မနက် ၉ နာရီခွဲ့အချိန်ခန့်က ပြောင်းချောင်းရွာအနောက်ဖက်ရှိ သူတို့ပိုင်တဲ့ဥယျာဉ်ခြံမှာ မြက်ရိတ်စက်နဲ့ ပေါင်းပင်တွေကို ရှင်းလင်းခဲ့ပါတယ်။ အဲဒီလိုရှင်းလင်းရာမှာ အရင်ကစစ်ကော်မရှင်တပ်ထောင်ထားခဲ့တဲ့ မြေမြုပ်မိုင်းကို မြက်ရိတ်စက်နဲ့တိုက်မိလို့ ပေါက်ကွဲမှုဖြစ်ကာ ဒဏ်ရာရသွားခဲ့ကြတာလို့ ဆိုကြပါတယ်။ အဲဒီ ဦးလုံးမောင်ရဲ့ဘယ်ဘက်လက်မောင်းနဲ့ ညာဘက်ပေါင်မှာ ဒဏ်ရာရသွားပြီး ဇနီးဖြစ်သူ ဒေါ်ကေးကေးမှာလည်း ဘယ်ဘက်ခြေထောက်နဲ့ ညာဘက်ခြေထောက်မှာ ဒဏ်ရာရသွားခဲ့ပါတယ်။ အာရက္ခတပ်တော်ဟာ သူတို့ထိန်းချုပ်မြို့နယ်တွေမှာ မိုင်းရှင်းလင်းရေးတွေ လုပ်ဆောင်နေပေမယ့် အရပ်သားပြည်သူတွေကတော့ မြေမြုပ်မိုင်းအန္တရာယ်တွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကိုလည်း မကြာခဏကြုံတွေ့နေကြရသလို သေဆုံးဒဏ်ရာရထိခိုက်တာတွေ မကြာခဏဖြစ်နေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ မိုင်းအသိပညာပေးမှုတွေ၊ မြေမြုပ်မိုင်းအန္တရာယ်ဟောပြောပွဲတွေကို ပြည်သူလူထုတွေကြားမှာလုပ်ဆောင်နေပြီး မိုင်းအသိပညာဝေတာတွေ၊ မိုင်းအန္တရာယ်ဆိုင်ရာ သတိပေးတာတွေကို ပုံမှန်လုပ်ဆောင်နေပါတယ်။ ဒါပေမယ့် အာရက္ခပြည်သူတွေဟာ စစ်ကောင်စီတပ်ရဲ့ မိုင်းတွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကို မကြာခဏကြုံတွေ့နေကြရတာမို့ မိုင်းရှင်းလင်းပေးတာတွေ၊ မိုင်အသိပညာပေးတာတွေကို ပိုမိုဆောင်ရွက်ပေးဖို့ လိုအပ်နေသေးတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
Read moreBorder News Agencyအမ်း၊ ဇန်နဝါရီ ၂၄။ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ အလင်းဝင်ကြဖို့ ဇန်နဝါရီလ ၂၃ ရက်၊ မနေ့က အာရက္ခတပ်တော် (AA) ဖိတ်ခေါ်လိုက်ပါတယ်။ အဲဒီစစ်ကော်မရှင်တပ်က အတင်းအဓမ္မစုဆောင်းခံထားရတဲ့ စစ်သားသစ်တွေနဲ့တခြားတပ်ဖွဲ့ဝင်တွေ လက်နက်ချအလင်းဝင်ဖို့ ဖိတ်ခေါ်နေတာပါ။ အဲဒီလိုဖိတ်ခေါ်တာဟာ...
Read moreBorder News Agencyအမ်း၊ ဇန်နဝါရီ ၂၀။ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ အမ်းမြို့နယ်မှာ ဇန်နဝါရီလ ၁၉ ရက်နေ့က စစ်ကျန်လက်နက်ပေါက်ကွဲလို့ အသက်ရှစ်နှစ်အရွယ်ကလေးငယ်တဦး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ အဲဒီအမ်းမြို့နယ်၊ အောက်ရွာဆီဆိုင်ကုန်းမှ အသက်ရှစ်နှစ်အရွယ် မောင်မင်းထက်သာ သေဆုံးသွားခဲ့ပါတယ်။...
Read moreBorder News Agencyအမ်း၊ အောက်တိုဘာ ၂၆။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့အမ်းမြို့ကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ ကလေးငယ်တဦးဒဏ်ရာရရှိသွားပါတယ်။ အဲဒီအမ်းမြို့၊ မြို့ဟောင်းရပ်ကွက်က အသက်းကိုးနှစ်အရွယ် ဆလိုင်းသိန်းဇော်သန်း ဒဏ်ရာရသွားတာပါ။ အဲဒီအမ်းမြို့ကို အောက်တိုဘာလ ၂၆ ရက်၊ ဒီနေ့ညနေ ၃...
Read moreBorder News Agencyအမ်း၊ အောက်တိုဘာ ၁၆။ ရခိုင်ရိုးမတောင်တန်းကြီးအမ်း-ပဒါန်းလမ်းပေါ်ရှိ အမြောက်တပ်နဲ့လေကြော င်းရန်ကာကွယ်ရေးတပ်စခန်းတည်ရှိရာ နတ်ရေကန်တောင်ဗျူဟာကုန်းကို အပြီးသတ်သိမ်းပိုက်ဖို့ ထိုးစစ်ဆင်တို က်ခိုက်နေတယ်လို့ အောက်တိုဘာလ ၁၅ ရက်၊မနေ့က အာရက္ခတပ်တော်ထုတ်ပြန်ပါတယ်။ အဲဒီနတ်ရေကန်ဗျူဟာကုန်းက လက် ကျန်နေရာတချို့ကို ထိုးစစ်ဆင်တိုက်...
Read moreBorder News Agencyအမ်း၊ အောက်တိုဘာ ၁၄။ ရခိုင်ရိုးမတောင်တန်းကြီးအမ်း-ပဒါန်းလမ်းပေါ်ရှိ အမြောက်တပ်နဲ့လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းတည်ရှိရာ နတ်ရေကန်တောင်ဗျူဟာကုန်းကို အာရက္ခတပ်တော်(AA )အပြီးသတ်သိမ်းပိုက်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။ အဲဒီနတ်ရေကန်တောင်ဗျူဟာကုန်းဟာအမြင့်ပေငါးထောင်နှစ်ရာမှာတည်ရှိပြီးမြန်မာနိုင်ငံအနောက်ဘက်အတွက်လေကြောင်းရန်ကာကွယ်ရေးဗျူဟာဖြစ်တာမို့အလွန်အရေးပါတဲ့ဗျူဟာကြီးဖြစ်ပါတယ်။ အဲဒီအပြင် စစ်ကော်မရှင်တပ်ရဲ့ကာကွ ယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံတွေတည်ရှိရာပဒန်းတပ်နယ်ကို အပေါ်စီးကမြင်တွေ့စိုးမိုးနိုင်တဲ့အမြင့်ဆုံးအထိုင်ဗျူဟာကြီးလည်း ဖြစ်ပါတယ်။ အဲဒါကြောင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်ထောင်နဲ့ချီပြီး အင်အားဖြည့်တင်းခုခံနေသလိုမြေပြင်စစ်ကူ၊ပစ်ကူ၊လေ...
Read moreBorder News Agencyအမ်း၊ စက်တင်ဘာ ၈။ အမ်းမြို့နယ်မှာ သမီးအရင်းဖြစ်သူကိုခြောက်နှစ်တိတိအတင်းအဓမ္မပြုကျင့်နေခဲ့တာမို့ ဖခင်ကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့တရားဥပဒေစိုးမိုးရေးနဲ့ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (DLEPS)မှ ဖမ်းဆီးထားပါတယ်။ အဲဒီအမ်းမြို့နယ်၊ ရက္ခတိန်တိုက်နယ်၊ ကျွဲကူးဆိပ်ကျေးရွာမှာ အသက် ၁၈ နှစ်အရွယ်အမျိုးသမီးတဦးကို အသက် ၃၈ နှစ်အရွယ်ဖခင်ဦးညီလှက...
Read moreBorder News Agencyအမ်း၊ ဇူလိုင် ၂၄။ အမ်းမြို့နယ်မှာ ဇူလိုင်လ ၂၃ ရက်နေ့က မြေမြုပ်မိုင်းနင်းမိလို့ အမျိုးသားတဦးဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ အမ်းမြို့နယ်၊ တပ်တောင်တိုက်နယ်၊ င/လက်ကျရွာက အသက်သုံးဆယ်တနှစ်အရွယ်ဦးသိန်းရွှေမှာဒဏ်ရာရသွားတ ယ်လို့ ရွာသားတွေက ဆိုကြပါတယ်။...
Read moreBorder News Agencyအမ်း၊ ဇူလိုင် ၁၆။ အတင်းအဓမ္မစစ်သားစုဆောင်းခံရထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဘက်ပြောင်းဖို့ အာရက္ခတပ်တော်(AA) က ဇူလိုင်လ ၁၅ ရက်နေ့ဖိတ်ခေါ်လိုက်ပါတယ်။ အဲဒီဘက်ပြောင်းသူတွေရဲ့အသက်နဲ့ လုံခြုံမှုကို အာမခံသွားမယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။ စစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေနဲ့အတင်းအဓမ္မစစ်သားစုဆောင်ခံနေရတဲ့ လူငယ်တွေဟာ...
Read moreBorder News Agencyတပ်တောင်၊ ဇူလိုင် ၁၄။ အမ်းမြို့နယ်၊ တပ်တောင်မြို့မှာ ဇူလိုင်လ ၁၄ ရက်နေ့က ဟင်းရှာသွားရာမှာ အမျိုးသမီးနှစ်ဦးရေနစ်သေဆုံးခဲ့ပါတယ်။ အဲဒီတပ်တောင်မြို့၊အဝပြင်ရွာမှ ဆယ့်ခြောက်နှစ်အရွယ်မဆုမြတ်လှိုင်၊အသ က်ဆယ်နှစ်နှစ်အရွယ်မဆုသက်လှိုင်သေဆုံးသွားခဲ့ပါတယ်။ သူမတို့ဟာ ဇူလိုင် ၁၃ ရက်၊ မနက်...
Read moreHey! Don't Copy my content.