Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် အင်တာဗျူး အာရက္ခဒေသ

“ကလေးတွေက မဝင်ချင်ပေမယ့် အတင်းအဓမ္မသွင်းလိုက်တယ်…”

Author picture

By

Swe Zin Htike
Reading Time: 1 min read
0
A A
0
SHARES
12
VIEWS
Share on FacebookShare on Twitter

အင်တာဗျူး

Border News Agency
မြောက်ဦး၊စက်တင်ဘာ ၄။

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့နယ်ထဲက ဒီလပ်တပ်ဖွဲ့ဝင်ခုနှစ်ဦးအပါအဝင် မူးယစ်ဆေးဝါးသုံးစွဲမှုရောင်းဝယ်ဖောက်ကားမှုတွေနဲ့အမျိုးသား၊အမျိုးသမီးခုနှစ်ဆယ်ခုနှစ်ဦးကို ဇူလိုင်လက ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)ဖမ်းဆီးခဲ့ပါတယ်။

အဲဒီအထဲကကျောင်းသားလူငယ်တဆယ့်ကိုးဦးကို သြဂုတ်လ ၁၁ ရက်နေ့မှာ မိသားစုတွေဆီ တရားဝင်ပြန်အပ်ပေးခဲ့သလို နောက်ထပ်ပြန်လွှတ်ပေးတာတွေလည်းရှိပါတယ်။

ဒါပေမယ့်ကျန်တဆယ့်ခုနှစ်ဦးကိုတော့ပြန်မလွှတ်ပေးသေးသလို မိသားစုဝင်တွေအဆက်အသွယ်မရကြတာမို့ စက်တင်ဘာလ ၃ ရက်၊ မနေ့က မိသားစုဝင်တွေ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ကြပါတယ်။

အဲဒီအထဲကမိသားစုဝင်တဦးရှင်းပြတာကို Border News Agency ကို ဖော်ပြလိုက်ပါတယ်။

“တွေ့လည်းတွေ့ချင်ပါတယ်။ လွတ်လည်း လွတ်စေချင်ပါတယ်။ တရားမျှတမှုကိုလည်းလိုချင်ပါတယ်။ တခြားသူတွေနဲ့တန်တူအခွင့်အရေးကိုရချင်ပါတယ်။ အားလုံးက ခုနှစ်ဆယ်ကျော်ဖမ်းသွားတာပါ။ ခုနှစ်ဆယ်ကျော်ဖမ်းသွားတဲ့အထဲမှာ ဒီလပ်ကရှစ်ယောက်လွတ်ပေးထားပါပြီ။ နောက်ပြီး ကျောင်းသားနဲ့သက်ငယ်တဆယ့်ကိုးယောက်လွတ်ပါတယ်။ လက်ဝယ်တွေ့ရှိမှုနဲ့ ကျန်နှစ်ဆယ့်လေးယောက်ကိုလည်းလွတ်ပေးပါတယ်။”

“နောက်ထပ်ကျန်တဲ့ ဆယ့်ခုနှစ်ယောက်ကို အစအနအားလုံးဖျောက်ထားပါတယ်။ တွေ့လည်းမတွေ့ရပါဘူး။ အဆက်အသွယ်လည်းမရပါဘူး။ အစည်းအဝေးတခုမှာ WYနဲ့ပတ်သက်ပြီး အားလုံးကိုလွတ်ပေးမယ်လို့ ပြောသွားတာတွေလည်းရှိပါတယ်။ အဲဒီလိုပြောသွားတာကြောင့် ကျမတို့က လွတ်လာမယ်လို့ ထင်ထားခဲ့တာပါ။ နောက်ဆုံးမှာ ဒီတဆယ့်ခုနှစ်ယောက်က လုံးဝမလွတ်ပဲပျောက်သွားပါတယ်။”

“ဒါကြောင့် ကျမတို့ကအလွန်စိတ်ပူပင်နေကြရပါတယ်။ ကလေးတွေကို ဘယ်နေရာတွေမှာထားမှန်းလည်းမသိပါဘူး။ သတင်းစစ်ဆေးချက်အရဆိုရင် သင်တန်းကျောင်းကိုပို့လိုက်ပြီလို့ ကျမတို့ကသတင်းရရှိထားပါတယ်။”

“ကလေးတွေက မဝင်ချင်ပေမယ့် အတင်းအဓမ္မသွင်းလိုက်တယ်လို့ကြားရပါတယ်။”

“ကြံစရာမရတော့တာကြောင့် ကျမတို့က မြို့နယ်ပါတီရုံးကိုသွားပြီး အကြံတောင်းပါတယ်။ သူတို့ဆီ အသနားခံစာသွားတင်ပါတယ်။ သွားတင်ထားတဲ့ အသနားခံစာကို ပါတီရုံးက မတင်လိုက်ရဘူးလို့ပြောပါတယ်။”

“ဒီကလေးတွေကို ကျမတို့က လွတ်စေချင်ပါတယ်။ သူတို့ဆီက လက်ဝယ်တွေ့ရှိတာမဟုတ်ပါဘူး။ဒီတိုင်းဖမ်းသွားတာပါ။ တချို့ကလေးတွေဆိုရင် အိမ်တိုင်လာရောက်ခဏစစ်ဆေးမယ်ဆိုပြီး ခေါ်သွားတာတွေလည်းရှိပါတယ်။ လမ်းကနေ ဖမ်းသွားတာတွေလည်းရှိပါတယ်။သူတို့ဘက်က ကားတစီးနဲ့ပတ်ပြီးခေါ်တာပါ။”

“အစည်းအဝေးတခုမှာ အားလုံးကိုလွတ်ပေးမယ်လို့ ပြောသွားတာတွေလည်းရှိပါတယ်။ ခေါ်သွားတဲ့အခါ ထောက်လမ်းရေးအဖွဲ့ကလည်းပါတယ်။ ဒီလပ်အဖွဲ့ကလည်းပါတယ်။ ရပ်ကွက်ကအုပ်ချုပ်ရေးမှုလည်းပါပါတယ်။”

“တာဝန်ရှိသူတွေကိုပြောချင်တာက ကျမတို့ကလေးတွေကိုသက်ညှာမှုနဲ့ပြန်လွတ်ပေးစေချင်ပါတယ်။ လူကြီးတွေကိုအသနားခံပြီး ကျမတို့ရဲ့သားသမီးတွေကိုပြန်လွတ်ပေးစေကြောင်းတင်ပြစေချင်ပါတယ်။”

“လွတ်သွားတဲ့ကလေးတွေလိုမျိုးတန်း တူတန်းမျှ ကျမတို့ရဲ့သားသမီးတွေကို ပြန်လွတ်စေချင်တဲ့ဆန္ဒတခုပါပဲ။အသနားခံစာသွားတင်ထားတာရှိပါတယ်။”

“အဲဒီစာကို ပါတီရုံးကမတင်လိုက်ရပါဘူးလို့ပြောပါတယ်။ သူတို့ဘက် သတင်းပြန်လာတယ်လို့ပြောပြီး ကလေးတွေကိုချွေးထွက်အပြစ်ဒဏ်တခုပေးပြီး ပြန်လွတ်ပေးမယ်လို့ပြောပါတယ်။ ပြစ်ဒ ဏ်ပေးပြီးနောက်မှ ကျန်ကလေးတွေကလွတ်လာပြီး ကျမတို့ရဲ့ သားသမီးတွေက ခုအချိန်ထိပြန်မလွတ်လာသေးတာကြောင့် သတင်းကြားအရဆို သင်တန်းကျောင်းကိုရောက်သွားပြီလို့ ကြားထားပါတယ်။”

“ကျမတို့ဆီကကလေးတွေက မဝင်ဘူးလို့ပြောပေမယ့် သူတို့ဘက်ဘယ်လိုသဘောမျိုးနဲ့ခေါ်သွားလည်းဆိုတာမသိပါဘူး။”

“မိန်းကလေးက မပါပါဘူး။ အားလုံးကတဆယ့်ခုနှစ်ယောက်ပါ။ မိန်းကလေးတွေက အကုန်လွတ်လာပါပြီ။ ဖမ်းသွားတဲ့အထဲ အသက်နှစ်ဆယ့်တစ်က အငယ်ဆုံးပါ။သုံးဆယ့်ကိုးက အကြီးဆုံးပါ။”

PrevPreviousသံတွဲကမ်းခြေတွေကို အာဏာသိမ်းစစ်သင်္ဘောတွေက လက်နက်ကြီးပစ်ခတ်
Next“ခုကသင်တန်းတက်နေကြတယ်လို့ ကြားပြီး ဒုက္ခရောက်နေကြတယ်လို့ကြားပါတယ်။”Next
Previous Post

သံတွဲကမ်းခြေတွေကို အာဏာသိမ်းစစ်သင်္ဘောတွေက လက်နက်ကြီးပစ်ခတ်

Next Post

“ခုကသင်တန်းတက်နေကြတယ်လို့ ကြားပြီး ဒုက္ခရောက်နေကြတယ်လို့ကြားပါတယ်။”

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

မိသားစုနဲ့ ပြန်တွေ့ချင်ရင် AA ဆီ အလင်းဝင်ကြဖို့ တပ်သားစိုးမင်းသိန်းတိုက်တွန်း

October 20, 2026
(ဓာတ်ပုံ - စစ်ဘေးရှောင်အမျိုးသမီးငယ်တဦး/BNA)

​အာရက္ခဒေသက စစ်ဘေးရှောင်အမျိုးသမီးတွေ အကူအညီတွေလိုအပ်နေ

October 20, 2026
(ဓာတ်ပုံ-မြောက်ဦးမြို့နယ်၊ပေါင်းတုတ်ကျေးရွာအနီးမြေကို အောက်တိုဘာလ ၁၇ ရက်နေ့၊မနက် ၉ နာရီကျော်အချိန်က စစ်သုံ့ပန်းများဖြင့်အကွက်ရိုက်နေပုံ/BNA)

လေကြောင်းရန်မကာကွယ်ဘဲ မြေသိမ်းမှုများက အာရက္ခတော်လှန်ရေးမည်သည့်ကို ဦးတည်စေမည်နည်း။

October 17, 2026
(ဓာတ်ပုံ-မြောက်ဦးမြို့နယ်၊ပေါင်းတုတ်ကျေးရွာအနီးမှာ အကွက်ရိုက်နေတဲ့နေရာ/BNA)

မြောက်ဦးမြို့နယ်က အတင်းအဓမ္မသိမ်းမယ့်မြေတွေကို အကွက်ရိုက်တိုင်းနေ

October 17, 2026

မဲဆောက်မှာ မြန်မာဆယ့်ရှစ်ဦးထပ်ဖမ်းခံရ

ရိုဟင်ဂျာတွေနေရပ်ပြန်ရေး အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ IIMM ပြော

မိသားစုနဲ့ ပြန်တွေ့ချင်ရင် AA ဆီ အလင်းဝင်ကြဖို့ တပ်သားစိုးမင်းသိန်းတိုက်တွန်း

ချင်းမိုင်ဘူတာမှာ မြန်မာနှစ်ဆယ့်ခုနှစ်ဦးဖမ်းခံရ

​မီဇိုရမ်မှာ ရူပီသိန်းနှစ်ရာ့ရှစ်ဆယ်ကျော်တန်တရားမဝင်ပစ္စည်းတွေနဲ့ မူးယစ်ဆေးတွေဖမ်းမိ

IPU ညီလာခံမှာ CRPH ကိုဆွေးနွေးဖက်အဖြစ် အသိအမှတ်ပြု

Releated Post

ဓာတ်ပုံ - Tak Immigration

မဲဆောက်မှာ မြန်မာဆယ့်ရှစ်ဦးထပ်ဖမ်းခံရ

October 20, 2026

ရိုဟင်ဂျာတွေနေရပ်ပြန်ရေး အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ IIMM ပြော

October 20, 2026

မိသားစုနဲ့ ပြန်တွေ့ချင်ရင် AA ဆီ အလင်းဝင်ကြဖို့ တပ်သားစိုးမင်းသိန်းတိုက်တွန်း

October 20, 2026
ဓာတ်ပုံ - Thai News

ချင်းမိုင်ဘူတာမှာ မြန်မာနှစ်ဆယ့်ခုနှစ်ဦးဖမ်းခံရ

October 20, 2026
ဓာတ်ပုံ - မီဇိုရမ်ရဲတပ်ဖွဲ့

​မီဇိုရမ်မှာ ရူပီသိန်းနှစ်ရာ့ရှစ်ဆယ်ကျော်တန်တရားမဝင်ပစ္စည်းတွေနဲ့ မူးယစ်ဆေးတွေဖမ်းမိ

October 20, 2026
​ဓာတ်ပုံ - CRPH

IPU ညီလာခံမှာ CRPH ကိုဆွေးနွေးဖက်အဖြစ် အသိအမှတ်ပြု

October 20, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page