Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် အင်တာဗျူး အာရက္ခဒေသ

“ခုကသင်တန်းတက်နေကြတယ်လို့ ကြားပြီး ဒုက္ခရောက်နေကြတယ်လို့ကြားပါတယ်။”

Author picture

By

Swe Zin Htike
Reading Time: 1 min read
0
A A
0
SHARES
5
VIEWS
Share on FacebookShare on Twitter

အင်တာဗျူး
Border News Agency
မြောက်ဦး၊ စက်တင်ဘာ ၄။

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့နယ်ထဲက ဒီလပ်တပ်ဖွဲ့ဝင်ခုနှစ်ဦးအပါအဝင် မူးယစ်ဆေးဝါးသုံးစွဲမှုရောင်းဝယ်ဖောက်ကားမှုတွေနဲ့ အမျိုးသား၊အမျိုးသမီးခုနှစ်ဆယ်ခုနှစ်ဦးကို ဇူလိုင်လက ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)ဖမ်းဆီးခဲ့ပါတယ်။

အဲဒီအထဲကကျောင်းသားလူငယ်တဆယ့်ကိုးဦးကို သြဂုတ်လ ၁၁ ရက်နေ့မှာ မိသားစုတွေဆီ တရားဝင်ပြန်အပ်ပေးခဲ့သလို နောက်ထပ်ပြန်လွှတ်ပေးတာတွေလည်းရှိပါတယ်။

ဒါပေမယ့် ကျန်တဆယ့်ခုနှစ်ဦးကိုတော့ ပြန်မလွှတ်ပေးသေးသလို မိသားစုဝင်တွေအဆက်အသွယ်မရကြတာမို့ စက်တင်ဘာလ ၃ ရက်၊ မနေ့က မိသားစုဝင်တွေသတင်းစာရှင်းလင်းပွဲလုပ်ခဲ့ကြပါတယ်။

အဲဒီအထဲကမိသားစုဝင်တဦးရှင်းပြတာကို Border News Agency ကို ဖော်ပြလိုက်ပါတယ်။

“ကျမတို့မှာ မောင်လေးနှစ်ယောက်ပါ သွားပါတယ်။ တဆယ့်ခုနှစ်ယောက်ထဲမှာ အောင်မျိုးလွင်နဲ့ ရွှေတိုးဆိုပြီး မောင်လေးနှစ်ယောက်ပါသွားပါတယ်။ တယောက်ကတော့ သင်တန်းလေးဆယ်ငါးရက်ဝင်ထားပြီးသားပါ။ သူပြန်ရောက်တာကလည်းမကြာသေးပါဘူး။”

“အိမ်ကိုလာပြီးမေးမြန်းတဲ့အချိန်မှာ သူတို့ကအလုပ်လုပ်လို့ရှိနေတာကြောင့် မတွေ့လိုက်ပါဘူး။ သူတို့ညနေပြန်ရောက်တော့ မောင်လေးနင်တို့ကို ဒီလိုလာပြီးမေးမြန်တယ်ပြောပြီး ဘာကိစ္စနဲ့ကျနော်တို့ကိုဖမ်းမလို့လာတာလည်းဆိုတော့ ရုံးကိုသွားပြီးဖြေရှင်းဖို့သွားပါတယ်။”

“သူတို့ရုံးဘက်က ခဏပါပဲစစ်ဆေးတာကပြီးရင် အိမ်တိုင်လာရောက်ပြန်ပို့ပေးမယ်ဆိုပြီး အခုအချိန်ထိဆိုသုံးလရှိပါပြီ။”

“မောင်လေးတွေကို သတင်းအစအနလည်းမကြားရပါ။ ကျမရဲ့ အဘွားကလည်း အဲဒီစိတ်နဲ့ပဲဆုံးသွားပါတယ်။ ပထမဝါဆိုလပြည့်နေ့က အဘွားကဆုံးသွားပါတယ်။ အဲဒီစိတ်နဲ့ပဲ သူ့မြေးတွေကိုလ ည်းမတွေ့ခဲ့ရပါဘူး။”

“ခုကသင်တန်းတက်နေကြတယ်လို့ကြားပြီး ဒုက္ခရောက်နေကြတယ်လို့ကြားပါတယ်။ ဒါကတော့ ကျမတို့နောက်ဆုံးတင်တာပါ။ ပါတီရုံးကိုလည်းသွားမပြောတော့ပါဘူး။ သူတို့ဘက်ကလည်း အချိန်ဆွဲပါတယ်။ စာတင်တော့လည်း သူတို့ဘက်စာကိုမတင်ဖြစ်ဘူးလို့ပြောပါတယ်။ အထက်ကိုလည်း မတင်ပေးပါဘူး။”

“နောက်ဆုံးကြံရာမရတာကြောင့် ဒီအဖွဲ့အစည်းတွေကိုအားကိုးပြီးတင်တာပါ။ လူကြီးတွေဆီကိုသိအောင်ရောက်အောင်စာတင်ပေးပါ၊ပို့ပေးပါ။”

“လွတ်ပေးတဲ့ထဲမှာ မပါပါဘူး။ ကျောင်းသားကိုလွတ်ပေးပါတယ်။ ရောင်းတဲ့မိန်းကလေးတွေကိုလည်းလွတ်ပေးပါတယ်။ လက်ဝယ်တွေ့ရှိတာလည်းမဟုတ်ပါဘူး။”

“သူတို့ဆီ ဘာအပြစ်ရှိလဲဆိုပြီး မေးမြန်ဖို့သွားတဲ့အချိန်မှာ တခါတည်းဖမ်းထားလိုက်တာပါ။”

“ဒီနေ့ချိန်ထိမတွေ့ရသေးပါဘူး။ လူကြီးတွေကိုသိအောင်လုပ်ပေးပါ။ တခြားသူတွေနဲ့တန်းတူအခွင့်အရေးကိုရချင်ပါတယ်။”

“ခုကရောင်းတဲ့သူတွေလည်း လွတ်ပါတယ်။ ကျောင်သားတွေလည်းလွတ်ပါတယ်။ ကျန်တဆယ့်ခုနှစ်ယောက်ဟာ လုံးဝပျောက်ဆုံးနေတာပါ။ အဆက်အသွယ်လည်းမရပါဘူး။ အစားအသောက်တွေပို့ပေးပေမယ့် သူတို့ဘက်လက်မခံပါဘူး။ မရှိဘူးလို့ပဲပြောပါတယ်။ နေရာစုံအောင်ရှာကြည့်ပြီးပါပြီ လုံးဝမတွေ့ပါဘူး။ ကျမတို့က ခေါ်သွားတဲ့အဖွဲ့ဆီသွားပြောပါတယ်။ ပြန်ပို့ပေးမယ်လို့ပဲပြောပြီးအခုထိမရောက်သေးဘူးလို့ပြောတော့ ကျနော်တို့နဲ့မဆိုင်ဘူးလို့ပြောပါတယ်။ ကျနော်တို့က ထိန်းသိမ်းပေးတာလောက်ပဲလို့ပြောပါတယ်။ ဖမ်းသွားတာက ထောက်လမ်းရေးနဲ့ ဒီလပ်အဖွဲ့ပါ။”

“ကျမမောင်လေးက လက်နက်ကြီးကြောင့်ခြေထောက်မှာ စတီးရိုးတပ်ထားရတာပါ။ ကျမတို့မိသားစုမှာ အမေကလည်း လက်နက်ကြီးစဝင်သွားတာကြောင့် ကျောက်ကပ်မရှိပဲနေသူပါ။ အဖေကလည်းလေဖြတ်နေတာပါ။ ဒါကို သားတယောက်ကစတီးရိုးတပ်ထားရတာကို ဘယ်လိုစိတ်နဲ့ဖမ်းသွားလဲဆိုတာ စည်းစားလို့မရပါဘူး။”

“အဲဒီကလေးကိုပြန်လွတ်ပေးစေချင်ပါတယ်။ သူ့နဲ့အတူ နောက်ထပ်ကလေးတွေကိုလည်း တန်းတူညီမျှလွတ်ပေးစေချင်ပါတယ်။ အားလုံးတန်တူအခွင့်အရေးကိုရချင်ပါတယ်။”

PrevPrevious“ကလေးတွေက မဝင်ချင်ပေမယ့် အတင်းအဓမ္မသွင်းလိုက်တယ်…”
Next“တယောက်ကတော့ လေးဆယ်ငါးရက်ဝင်ထားတာကို နောက်ထပ်တယောက်ကိုမသွင်းချင်တော့ပါဘူး။”Next
Previous Post

“ကလေးတွေက မဝင်ချင်ပေမယ့် အတင်းအဓမ္မသွင်းလိုက်တယ်…”

Next Post

“တယောက်ကတော့ လေးဆယ်ငါးရက်ဝင်ထားတာကို နောက်ထပ်တယောက်ကိုမသွင်းချင်တော့ပါဘူး။”

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဒက်စတိုပီယန်းဘဝတွေ – ၅

September 5, 2026

​ဒက်စတိုပီယန်းဘဝတွေ- ၄

September 5, 2026
​ဓာတ်ပုံ - One Nation News

အသက်မပြည့်သေးတဲ့ လူငယ်တဦးကို အာရက္ခတပ်တော်က မိဘတွေဆီပြန်အပ်

September 5, 2026
(ဓာတ်ပုံ - ရသေ့တောင်မြို့နယ်၊အငူမော်ရွာအနီး စက်တင်ဘာလ ၄ ရက်နေ့ကကျရောက်လာတဲ့လက်နက်ကြီးကျည်/ပေးပို့)

ရသေ့တောင်မြို့နယ် အငူမော်ကို စစ်တပ်ကမ်းတက်ဖို့ ကြိုးစားနေ

September 5, 2026

ကန်ချနဘူရီမှာ တရားမဝင်မြန်မာနိုင်ငံသားဆယ့်ခုနှစ်ဦးဖမ်းခံရ

​ဒက်စတိုပီယန်းဘဝတွေ- ၄

ကော့ဘဇားမှာ ARSA အဖွဲ့ဝင်တဦးကို ဘင်္ဂလားဒေ့ရှ် အထူးရဲတပ်ဖွဲ့ဖမ်းဆီး

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဗီယက်နမ်သမ္မတ မစ္စတာတိုလန်းနဲ့တွေ့ဆုံ

ကံမမြို့နယ် ပကဖ အပတ်စဉ် ၅ စစ်သင်တန်းဆင်းပွဲ

အသက်မပြည့်သေးတဲ့ လူငယ်တဦးကို အာရက္ခတပ်တော်က မိဘတွေဆီပြန်အပ်

Releated Post

ကန်ချနဘူရီမှာ တရားမဝင်မြန်မာနိုင်ငံသားဆယ့်ခုနှစ်ဦးဖမ်းခံရ

September 5, 2026

​ဒက်စတိုပီယန်းဘဝတွေ- ၄

September 5, 2026
​ဓာတ်ပုံ - RAB-15

ကော့ဘဇားမှာ ARSA အဖွဲ့ဝင်တဦးကို ဘင်္ဂလားဒေ့ရှ် အထူးရဲတပ်ဖွဲ့ဖမ်းဆီး

September 5, 2026
​ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဗီယက်နမ်သမ္မတ မစ္စတာတိုလန်းနဲ့တွေ့ဆုံ

September 5, 2026
​ဓာတ်ပုံ - ကံမမြို့နယ် ပကဖ

ကံမမြို့နယ် ပကဖ အပတ်စဉ် ၅ စစ်သင်တန်းဆင်းပွဲ

September 5, 2026
​ဓာတ်ပုံ - One Nation News

အသက်မပြည့်သေးတဲ့ လူငယ်တဦးကို အာရက္ခတပ်တော်က မိဘတွေဆီပြန်အပ်

September 5, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page