Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်တွေခရိုင် စစ်ဘေးရှောင် ပုဏ္ဏားကျွန်းမြို့နယ် သတင်း အင်တာဗျူး အာရက္ခဒေသ

“တ​ခါတလေ ကိုယ့်ကိုကိုယ် သတ်သေချင်စိတ်ဖြစ်မိပါတယ်။”

Author picture

By

BNA Author
Reading Time: 2 mins read
0
A A
0
SHARES
3
VIEWS
Share on FacebookShare on Twitter

အင်တာဗျူး
Border News Agency
ပုဏ္ဏားကျွန်း၊ ဇူလိုင် ၁၅။

အာရက္ခဒေသက စစ်ဘေးရှောင်တွေဟာ မိုးတွင်းကာလဖြစ်တာမို့ မိုးသည်းထန်စွာရွာသွန်းတဲ့နေ့တွေမှာ အမိုးအကာမလုံတာ၊ နေရာထိုင်ခင်းမရှိတာ၊ ရေပြည့်ရေလျံတာစတဲ့ အခက်အခဲတွေကြုံတွေ့ခံစားနေကြရတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။

အဲဒီစစ်ဘေးရှောင်တွေဟာ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင် ရာအကူအညီတွေမရကြတာမို့ စားဝတ်နေရေးအခက်အခဲတွေ ပိုမိုကြုံတွေ့နေကြရတယ်လို့ ဆိုကြပါတယ်။

အဲဒီစစ်ဘေးရှောင်တွေဟာ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင် ရာအကူအညီတွေလိုအပ်နေကြသလို အသက်ရှင်ရပ်တည်ရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေလည်း လိုအပ်နေကြတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။

အာရက္ခဒေသက စစ်ဘေးရှောင်စခန်းတာဝန်ခံတဦးကို Border News Agecy တွေ့ဆုံမေးမြန်ထားပါတယ်။

“ဒီမှာက စစ်တွေက စစ်ဘေးရှောင်များပါတယ်။ ပုဏ္ဏားကျွန်းပါပါတယ်။ စစ်တွေ နောက်ပြီးသံတွဲ၊ ကျောက်ဖြူပါပါတယ်။ အဲဒီလေးမြို့က ဒီမှာနေကြတာပါ။”

“မိုးရာသီမှာတော့ ရေတွေပြည့်ပါတယ်။မိုးရွာတိုင်းရေပြည့်ပါတယ်။အများအားဖြင့် ရေပြည့်တဲ့ဒဏ်ကို ကျွန်တော်တို့က အများကြီးရင်ဆိုင်ရပါတယ်။”

“သွားရတာလည်း အိမ်သာလမ်းတွေကလည်း အဆင်မပြေပါဘူး။ကျန်းမာရေးကလည်း သွေးလွန်တုတ်ကွေးကတကြိ မ်၊နှစ်ကြိမ်ထက်မက ဖြစ်တာတွေရှိပါတယ်။”

“အဖွဲ့အစည်းတွေကိုလည်း တင်ပြပါတ ယ်။အဲဒါလေးတော့ အခက်အခဲရှိပါတ ယ်။နောက်ပြီး အမိုးအကာတွေ၊စားဝ တ်နေရေးတွေပါ။စားနိုင်သောက်နိုင်သူပါသလို မတတ်နိုင်တဲ့သူတွေလည်းပါပါတယ်။”

“အိမ်က ထွက်လာကတည်းက ပစ္စည်းဆို ဘာတခုမှရမလာခဲ့ပါဘူး။အဝတ်တထည် ကိုယ်တခုနဲ့ထွက်လာခဲ့ရတာပါ။အဲဒီလိုအခက်အခဲလေးတွေတော့ရှိပါတယ်။”

“အားလုံးအလိုရှိပါတယ်။ကျွန်တော်တို့မှာက။ကျွန်တော်တို့လည်း စစ်ဘေးရှောင်နေရတာ နှစ်နှစ်အချိန်ကာလကိုရောက်နေပါပြီ။”

“အိမ်ထောင်စုနဲ့လူဦးရေကတော့ ကျွန်တော့မှာအိမ်ထောင်စုကတော့ သုံးဆယ်နဲ့သုံးအိမ်ပါ။”

“ကျွန်တော်တို့မှာ လုပ်ကိုင်စားသောက်နေကြရတာတော့ အလုပ်လည်းမရှိပါဘူး။”

“ဒီနားလေးမှာ လယ်လေးလုပ်ကြပါတ ယ်။စိုက်ခင်းထဲမှာ ငါးထောင်ရ၊ တသောင်းရလုပ်ကြပါတယ်။ မရှိတဲ့လူမှာလည်းမရှိသလို တောင်ပေါ်တွေတက်ပြီး ထင်းတွေခုတ်ပြီး တရက်မှာ ငါးထောင်ရ၊တသောင်းရ လုပ်ကိုင်စားသောက်နေကြရပါတယ်။”

“ပညာရေးပိုင်းဆိုရင်လည်း ကျွန်တော်တို့မှာ စောင့်ရှောက်မှုလည်းမရှိပါဘူး။ကျောင်းမှာလည်း စောင့်ရှောက်မှုတော့ရှိပေမယ့် အမြဲတမ်းအားပေးမှုတွေ နည်းပါတယ်။”

“ကျွန်တော်ကတော့ အကောင်းဆုံးဖြစ်အောင်လုပ်ဖို့လို့တော့ စဥ်းစားထားပါတယ်။ZOA ၊KYA၊RWYO ၊Generation ၊ HDCOရုံးပေးပါတယ်။နောက်အဖွဲ့အစ ည်းတော့ဝင်းခွင့်မရှိပါ။RIကတော့ ပြောတော့ပြောထားပါတယ်။ ဝင်ရောက်ခွင့်တော့မရှိသေးပါဘူး။ CTAကိုလည်း ပြောထားပါတယ်။ တင်ထားပါတယ်။ ဝင်ခွင့်တော့မရှိသေးပါဘူး။ Generation ကတော့ ရခိုင့်ရှေ့ဆောင်အဖွဲ့ပါ။တအိမ်ထောင်စုကိုတသိန်းပါ။ KYAက တော့ ကျွန်တော်တို့ကို ရေဘူး၊ခြင် ထောင်၊စောင်၊ဆပ်ပြာပေးပါတယ်။ RWYOကတော့ မိန်းကလေးအသုံးအ ဆောင်ပစ္စည်းတွေ၊သန့်ရှင်းရေးပစ္စည်းတွေ၊ဆပ်ပြာတွေပေးပါတယ်။ နောက်ပြီးရှေ့ဆောင် Generation ကတော့ ပိုက်ဆံတသိန်းခွဲစီပေးပါတယ်။”

“ကန့်သန့်ချက်တော့မရှိပါဘူး။သူတို့ပေးချင်ရင်တော့ ရောက်ပါတယ်။ မပေးချင်ရင်တော့မရောက်ပါဘူး။ အဲဒီလိုမျိုးတွေတော့ရှိပါတယ်။နောက်ဆုံးလကတော့ ခြောက်လပိုင်းပါ။”

“စစ်ဘေးရှောင်အနေနဲ့အခက်အခဲက တော့ လုံးဝစိတ်ကုန်သွားပါပြီ။စာသင်တာအဆင်မပြေပါဘူး။ကျန်းမာရေးကပိုဆိုးပါသေးတယ်။ကလေးတွေက ခ ဏနေရင်ဖျားနေပါပြီ။သွေးလွန်တုတ်ကွေးဖြစ်နေပါပြီ။ပိုက်ဆံကလည်းမရှိပါဘူး။တ​ခါတလေ ကိုယ့်ကိုကိုယ်သတ်သေချင်စိတ်ဖြစ်မိပါတယ်။”

“ကိုယ့်နေရာကိုယ့်ဒေသလည်းမဟုတ်ပါဘူး။အိမ်သာသွားမယ်ဆိုလည်းက လေးတွေကို ကျောပိုးပြီးသွားရပါတယ် ။မိုးကလည်းရွာပါတယ်။အိပ်နေရင်းနဲ့လည်း လေကတိုက်နေပါပြီ။စိတ်ပူပန်စိုးရိမ်နေရတယ်။”

“တော်တော် အခက်အခဲဖြစ်ပါတယ်။ စားရေးသောက်ရေးဆို ပြောမနေပါနဲ့တော့…မရှိတာကများပါတယ်။ကလေးတွေလည်းကြာလာရင် အာဟာရမဖြစ်တော့ပါဘူး။”

“အဲဒီလိုမျိုးအခက်အခဲတွေ တော်တော်ဖြစ်ပါတယ်။ကျွန်တော်တို့ကူလီထမ်းပါတယ်။အရင်က ကျွန်တော်တို့ ကူလီထမ်းတုန်းက အိတ်တအိတ်ကိုထမ်းခ ငါးရာရပါတယ်။ တောင်ကုန်းကိုတက်ရပါတယ်။ ခုတော့ တထောင်ပါ။ ခုကမထမ်းနိုင်ကြတော့ပါဘူး။ တခေါက်ထမ်းလို က်ရင် ခါးနာ၊ဒူးနာ။ ပြီးရင် နေ့တိုင်းလ ည်းမဟုတ်ပါဘူး။ တပတ်မှာမှ နှစ်ရက်သုံးရက်။ အဲဒီပိုက်ဆံတသောင်းကျော်ကျော်ရတာလေးကို မျှပြီးတော့စားရပါသေးတယ်။ ဘယ်လိုသုံးရမလဲဆိုတာလည်း ကြည့်ရပါသေးတယ်။မီးဆိုတာလည်း ကိုယ့်လမ်းကိုမမြင်ပါဘူး။ဖ ယောင်းတိုင် ဝယ်ဖို့ကလည်း အဆင်မပြေပါဘူး။”

“အခက်အခဲတော်တော်ဖြစ်ပါတယ်။တော်တော်လည်း စိတ်ကုန်နေပါပြီ။ ကိုယ့်ရွာကိုပြန်ချင်နေပါပြီ။ စစ်တွေကို တော်တော်ပြန်ချင်နေပါပြီ။ ကျွန်တော်ကတော့ စစ်တွေမြို့ကပါ။”

“အဝတ်မရှိပါဘူး။အဝတ်လုံးဝမရှိပါဘူး။သားသမီးတွေဆို ပြောစရာမလိုတော့ပါဘူး။တထည်နဲ့ကျင်လည်တာပါ။နောက်တထည်ဝယ်ဖို့ လိုက်မမှီပါဘူး။”

“ကိုယ့်မှာမှအလုပ်အကိုင်မရှိတာပါ။ကူ လီထမ်းပါတယ်။ကူလီထမ်းတော့အ လေးမ,မနိုင်တော့ပါဘူး။မထမ်းရတဲ့ရ က်လည်းရှိပါတယ်။မထမ်းရင်တော့ င တ်တာပါပဲ။ပြီးတော့ တောင်တက်ပါတ ယ်။မိုးရာသီတော့ တောင်တက်လို့မရပါဘူး။မျှစ်တွေချိုးပါတယ်။ခုတော့မချိုးနိုင်တော့ပါဘူး။ကျွန်တော်တို့က ဒေသ ခံတွေမှမဟုတ်တာပါ။”

“ဒဏ်တွေကို မခံနိုင်တော့ပါဘူး။ တော်တော်အခက်အခဲဖြစ်ပါတယ်။ စားနပ်ရိပ်က္ခာတွေ၊အနေအထိုင်။ နောက်ပြီးမိုးများရင် အိမ်တွေမြုပ်နေတာပါပဲ။ တော်တော်ရေကြီးပါတယ်။ တခုခုကိုသွားမ ယ်ဆိုရင်လည်း ခြေကျင်ပါပဲ။ ဝေးချင်သလောက်ဝေး သွားလို့မရရင် လမ်းမှာအိပ်ချင်လည်းအိပ်ရပါမယ်။ကိုယ့်ဒေ သမဟုတ်တော့ တော်တော်စိတ်ကုန်ပါတယ်။”

“ဝမ်းလည်းနည်းပါတယ်။ ကျွန်တော်တို့။ အဖွဲ့အစည်းတွေ လာမလားလို့လ ည်ပင်းရှည်နဲ့မျှော်နေရတာပါပဲ။အကူ အညီတော့ရမလား။အများကြီးလည်းမဟုတ်ပါဘူး။ ကျွန်တော်တို့က လစဥ် တလမှာတခေါက်လောက်တော့ရောက်စေချင်ပါတယ်။ ခုက မျှော်ပြီးတော့ တလလာမလားမျှော်တယ်။ မလာဘူး။ နှစ်လမျှော်တယ်။ မလားဘူး။ သုံးလနေမှရောက်လာပါတယ်။ တော်တော်ပျော်ကြပါတယ်။”

“အဖွဲ့အစည်းလာပြီး သင်တန်းတွေပေးပြီးဆင်းသွားတာလည်းရှိပါတယ်။ဆပ် ပြာတခဲပေးသွားတာလည်းရှိတယ်။ဆ ပ်ပြာကို ကျွန်တော်တို့ ကိုက်စားလို့မှမရတာပါ။”

“ကိုယ်ငတ်ရင် ခံနိုင်ပါသေးတယ်။ သားသမီးငတ်တာကမခံနိုင်ပါဘူး။ အဲဒီအတွက်ကြောင့်လည်း တော်တော်ရင်ကွဲရပါတယ်။ တော်တော်ဖြစ်ကြပါတယ်။ သုံးကြိမ်း၊ လေးကြိမ်ဖြစ်ခဲ့ပါတယ်။ ကံ ကောင်းစွာနဲ့တူမလေးဆို ဆေးရုံတက်ရပြီး အသက်စိုးရိမ်ရတဲ့ထိဖြစ်သွားပါတယ်။”

“ကျွန်တော့်မှာသားလေးဆို ကံကောင်း လို့ သူနာပြုဆရာမရောက်လို့ ဆေးမှီလိုက်တာပါ။ မဟုတ်ရင် ဆေးရုံတက်ရပါတယ်။ ဆေးရုံတက်ရရင် တက်ဖို့အင် အားလည်းမရှိပါဘူး။”

“ကျွန်တော်တို့မှာကနောက်ခံလူလည်းမရှိပါဘူး။တကွဲတပြားစီပြေးကြတာပါ။ထောက်ပံ့ကြေးလည်းမရှိတော့ ကံ ကောင်းလို့ဘုရားတရားမတာပါ။ခုကကျန်းမာရေးတခေါက်လောက်ဝင်စေချင်ပါတယ်။ကျွန်တော်တို့ရောက်နေတာနှစ်နှစ်ပြည့်ပါပြီ။ကျန်းမာရေးဌာနကို တခါမှလည်းမမြင်ဖူးသေးပါဘူး။”

“အိမ်တိုင်လာရောက်ကလေးတွေကို။ အခုလည်းကလေးတွေဖြစ်ကြပါတယ်။ ကျွန်တော့်မိန်းမလည်း ဖျားနေပါတယ်။ဖျားနေတယ်ဆိုရင်တော့ တုတ်ကွေးပါပဲ။ ခုတော့ သုံးကြိမ်၊ လေးကြိမ်ရှိပါပြီ။အဖွဲ့အစည်းတွေကိုလည်း အစည်းအဝေးတွေမှာကျွန်တော်တို့ ပြောပြပါတယ်။”

“အဖွဲ့အစည်းမှာလည်းအခုလက်ရှိပရောဂျက်တွေကလည်းပြတ်တောက်မှုတွေရှိနေပါတယ်။ကျွန်တော်တို့က အဖွဲ့အစည်းတွေကို ပြောပြပေမယ့်လည်း တိုက်ရိုက်ဆက်သွယ်မှုတွေလည်း အား နည်းပါတယ်။ဒီမှာလည်း နိုင်ငံခြားအဖွဲ့အစည်းတွေ လုပ်နေတာလည်းရှိနေပါတယ်။”

“သေးလွန်တုတ်ကွေးဖြစ်ပြီဆို ကျွန် တော်တို့မှာက တခုမဟုတ်ရင် နောက် တခုကိုသွားရပါတယ်။ကုန်ကျစာရိတ်တွေကများပါတယ်။ထောက်ပံ့ကူညီမှုတွေကလည်း အဖွဲ့အစည်းတွေက တို က်ရိုက်မဝင်နိုင်သေးပါဘူး။”

“ပညာရေးကတော့ အထောက်အကူလုံးဝမရှိပါဘူး။လွန်ခဲ့တဲ့နှစ်တနှစ်လုံး ကျွန် တော်တို့သားသမီးတွေ ပညာရေးနဲ့ပတ် သက်လို့လုံးဝမသင်လိုက်ရပါဘူး။ဒီနှစ်ကျေးရွာခေါင်းဆောင်ပိုင်းတွေနဲ့အစည်းအဝေးလုပ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။”

“ဒီဆရာမကြီး လစာငွေကို ကျွန်တော်တို့ကိုကျေးရွာသားနဲ့တန်းတူမထားဖို့ကို ၊နောက်ပြီးအုပ်ချုပ်ရေးပိုင်းနဲ့ကျောင်းပိုင်းကို အဆိုတင်ပြခဲ့ပါတယ်။သူတို့ကတော့ လက်ခံပါတယ်။အဆင်ပြေပါလိမ့်မယ်။လုပ်ပေးမယ်လို့ ပြောခဲ့ပါတ ယ်။ဝမ်းနည်းပြီးပြောခဲ့ပါတယ်။အဲဒီလိုမျိုးအခက်အခဲလေးတွေတော့ရှိပါတယ်။”

“ကျွန်တော်တို့မှာ ဒုက္ခသည်စခန်းထဲမှာဖြစ်နေလို့ကိုယ်ထူကိုယ်ထနားနေဆော င်တော့ရှိနေပါပြီ။ခုတော့ ပြမယ်ဆိုရင် တခုခုဆို အဲဒီလိုဖြစ်တာကောင်းမလား၊ကျေးရွာပိုင်းမှာပဲလုပ်တာကောင်းမလား။အတတ်နိုင်ဆုံးတော့ ကိုယ့်စခန်းထဲမှာပဲ ပညာရေးစောက်ရှောက်မှုတွေကိုလိုချင်ပါတယ်။”

“ခုဆို ရေကြီးပါတယ်။မိုးရွာတာနဲ့ရေ ကြီးပါပြီ။ကျောင်းတက်လည်းတော် တော်ဝေးပါတယ်။အဆုံးမှာပါ။ရေပြည့်လာရင် ကျွန်တော်တို့မှာလည်း တကူး တကသွားလာနေရရင်တော့အဆင်မပြေပါဘူး။တကယ်လို့ ရမယ်ဆိုရင် ကိုယ့်စခန်းထဲမှာပဲကိုယ်လုပ်ချင်ပါတယ်။”

“ပညာရေးမှာ အဲဒီလိုမျိုးတွေ လုပ်ချင်တာတော့ရှိပါတယ်။လက်ရှိဖြစ်နေတာက သုံးယောက်ပါ။ အသက်အရွယ်ကကိုးနှစ်တယောက်ပါ။ တဆယ့်လေးနှစ်တယောက်။ ဒီနားမှာဆိုရင်တော့ရှစ်နှစ်တယောက်ပါ။ ကျား၊မကတော့ (မ)နှစ်ယောက်၊(ကျား)တယောက်ပါ။ တဆယ့်​လေးနှစ်က(မ)ပါ။ကိုးနှစ်ဆိုတာကလ ည်း (မ)ပါ။ ရှစ်နှစ်ကတော့ (ကျား)ပါ။”

“ဖြစ်ပွါးခဲ့တာက အဲဒီလောက်ပါပဲ။ ရိုးရိုးအဖျား၊ ငှက်ဖျား၊ ကာလဝမ်းရောဂါတွေ။ အဲဒီလိုမျိုးတွေဖြစ်ပါတယ်။ ရာသီစာဖြစ်တဲ့ သရက်သီးတို့ပေါ်ချိန်ဆိုရင် အဲဒီလိုလေးတွေတော့ဖြစ်ပါတယ်။ ရေတွေလည်းမသန့်ပါဘူး။ ရေကန်တွေလည်း ကြည့်သွားလို့ရပါတယ်။”

PrevPreviousမော်ချီးမှာ စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်လို့ ခုနှစ်ဦးသေဆုံး
Nextသီပေါမှာ စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားနှစ်ဦးသေဆုံးNext
Previous Post

မော်ချီးမှာ စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်လို့ ခုနှစ်ဦးသေဆုံး

Next Post

သီပေါမှာ စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားနှစ်ဦးသေဆုံး

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

​စစ်အာဏာသိမ်း ၅ နှစ်ကျော်အတွင်း ပြည်သူ ၇,၈၀၀ ကျော် သေဆုံး

March 3, 2026
ဓာတ်ပုံ - တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးဌာန

​မဲဆောက်ရင်းမွေဈေးမှာ မြန်မာနိုင်ငံသားတဦးဖမ်းဆီးခံရ

March 3, 2026
Photo - U.S. Central Command

အမေရိကန် B-1B ဗုံးကြဲလေယာဉ်တွေအီရန်နိုင်ငံအတွင်းပိုင်းအထိ ဝင်ရောက်တိုက်ခိုက်နေ

March 3, 2026

ပျက်ကျသွားတဲ့အမေရိကန် F-15E အမျိုးသမီးလေယာဉ်မှူးကိုကူဝိတ်နိုင်ငံသားတွေကူညီကယ်ဆယ်

March 3, 2026

​စစ်အာဏာသိမ်း ၅ နှစ်ကျော်အတွင်း ပြည်သူ ၇,၈၀၀ ကျော် သေဆုံး

​မဲဆောက်ရင်းမွေဈေးမှာ မြန်မာနိုင်ငံသားတဦးဖမ်းဆီးခံရ

အမေရိကန် B-1B ဗုံးကြဲလေယာဉ်တွေအီရန်နိုင်ငံအတွင်းပိုင်းအထိ ဝင်ရောက်တိုက်ခိုက်နေ

ပျက်ကျသွားတဲ့အမေရိကန် F-15E အမျိုးသမီးလေယာဉ်မှူးကိုကူဝိတ်နိုင်ငံသားတွေကူညီကယ်ဆယ်

​အီရန်တိုက်ခိုက်မှုကြောင့် အမေရိကန်စစ်သည်သေဆုံးသူ ၄ ဦးအထိ ရှိလာ

မင်းပြားရှိ လေလံကူတို့ဆိပ်တွေကိုအာရက္ခအစိုးရ ကွင်းဆင်းစစ်ဆေး

Releated Post

​စစ်အာဏာသိမ်း ၅ နှစ်ကျော်အတွင်း ပြည်သူ ၇,၈၀၀ ကျော် သေဆုံး

March 3, 2026
ဓာတ်ပုံ - တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးဌာန

​မဲဆောက်ရင်းမွေဈေးမှာ မြန်မာနိုင်ငံသားတဦးဖမ်းဆီးခံရ

March 3, 2026
Photo - U.S. Central Command

အမေရိကန် B-1B ဗုံးကြဲလေယာဉ်တွေအီရန်နိုင်ငံအတွင်းပိုင်းအထိ ဝင်ရောက်တိုက်ခိုက်နေ

March 3, 2026

ပျက်ကျသွားတဲ့အမေရိကန် F-15E အမျိုးသမီးလေယာဉ်မှူးကိုကူဝိတ်နိုင်ငံသားတွေကူညီကယ်ဆယ်

March 3, 2026

​အီရန်တိုက်ခိုက်မှုကြောင့် အမေရိကန်စစ်သည်သေဆုံးသူ ၄ ဦးအထိ ရှိလာ

March 3, 2026
Photo - GEM

မင်းပြားရှိ လေလံကူတို့ဆိပ်တွေကိုအာရက္ခအစိုးရ ကွင်းဆင်းစစ်ဆေး

March 3, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page