Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်ရေး နိုင်ငံရေး သတင်း အာရက္ခဒေသ

​စစ်အာဏာသိမ်း ၅ နှစ်ကျော်အတွင်း ပြည်သူ ၇,၈၀၀ ကျော် သေဆုံး

Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
9
VIEWS
Share on FacebookShare on Twitter

Border News Agency
ပုဏ္ဏားကျွန်း၊​ မတ် ၃ ။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့တဲ့ ၅ နှစ်ကျော်ကာလအတွင်း စစ်ကော်မရှင်တပ်ကြောင့် သေဆုံးခဲ့ရတဲ့ပြည်သူနဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူ စုစုပေါင်း ၇,၈၄၃ ဦး ထိရှိလာပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မတ်လ ၂ ရက်နေ့ကထုတ်ပြန်ပါတယ်။

​၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၆ ခုနှစ်၊မတ်လ ၂ ရက်နေ့အထိ နွေဦးတော်လှန်ရေးကာလအတွင်း အသက်ပေးခဲ့ရသူ အရေအတွက်ဟာ ၈,၀၀၀ နီးပါး ရှိလာတာဖြစ်ပြီး ဖမ်းဆီးခံရသူ ၃၀,၅၃၈ ဦး အထိရှိခဲ့တယ်လို့ဆိုပါတယ်။

အဲဒီအထဲကမှ ၂၂,၈၁၈ ဦး ဟာ လက်ရှိအချိန်ထိ ဆက်လက်ထိန်းသိမ်းခံထားရဆဲဖြစ်ပြီး ၁၁,၅၇၇ ဦးမှာ ထောင်ဒဏ်အသီးသီး ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

​စစ်ကော်မရှင်တပ်က အကျဉ်းသား ၇,၀၀၀ ကျော် ပြန်လွှတ်ပေးမယ်လို့ ကြေညာခဲ့ပေမယ့်၊ AAPP ရဲ့ စောင့်ကြည့်မှတ်တမ်းများအရ မတ်လ ၂ ရက်နေ့ ညနေပိုင်းအထိ အကျဉ်းထောင် ၉ ခုကနေ ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား အရေအတွက်ဟာ ၂၄၆ ဦး ခန့်သာ ရှိသေးတယ်လို့ ဆိုပါတယ်။

​ဒါ့အပြင် အာဏာသိမ်းပြီးချိန်ကစလို့ ဖမ်းဆီးခံရပြီးနောက် သေဆုံးခဲ့ရသူပေါင်း ၂,၂၃၅ ဦး ရှိခဲ့ပြီး အဲဒီအထဲက ၁၉၇ ဦး ဟာ အကျဉ်းထောင်တွေအတွင်းမှာပဲ သေဆုံးခဲ့ရတာဖြစ်ပါတယ်။

AAPP ကတော့ အခုဖော်ပြထားတဲ့ ကိန်းဂဏန်းတွေဟာ လက်လှမ်းမီသမျှ ကောက်ယူထားတာဖြစ်လို့ မြေပြင်မှာ ဒီထက်မက ပိုများနိုင်တယ်လို့ အသိပေးထားပါတယ်။

​၅ နှစ်ကျော်ကြာလာတဲ့အထိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပဋိပက္ခတွေအတွင်း ပြည်သူတွေရဲ့ ထိခိုက်သေဆုံးမှုနဲ့ ဖမ်းဆီးချုပ်နှောင်ခံရမှုတွေဟာ လျော့ပါးမသွားဘဲ ဆက်လက်မြင့်တက်နေဆဲဖြစ်တယ်လို့လည်းဆိုပါတယ်။

PrevPrevious​မဲဆောက်ရင်းမွေဈေးမှာ မြန်မာနိုင်ငံသားတဦးဖမ်းဆီးခံရ
Nextအိန္ဒိယ-ရခိုင်သမိုင်းကြောင်းဆိုင်ရာဆက်နွယ်မှုပြပွဲNext
Previous Post

​မဲဆောက်ရင်းမွေဈေးမှာ မြန်မာနိုင်ငံသားတဦးဖမ်းဆီးခံရ

Next Post

အိန္ဒိယ-ရခိုင်သမိုင်းကြောင်းဆိုင်ရာဆက်နွယ်မှုပြပွဲ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - KNU

လယ်ဒိုမှာ စစ်ဘေးရှောင်ခြောက်ရာကျော် အရေးပေါ်အကူအညီတွေလိုအပ်နေ

April 17, 2026
ဓာတ်ပုံ - ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေး

မတ္တရာမျိုးမှန်တပ်ဖွဲ့ရဲ့ ချေမှုန်းရေးမွမ်းမံသင်တန်းဆင်းပွဲ

April 17, 2026

​ဟော်မုဇ်ရေလက်ကြားရှိ မိုင်းတွေကို အမေရိကန်စတင်ရှင်းလင်း

April 17, 2026

လွတ်လာသူ ၆၀၀ နီးပါးမှာ နိုင်ငံရေးအကျဉ်းသား ၁၆၀ ကျော်သာပါ

April 17, 2026

လယ်ဒိုမှာ စစ်ဘေးရှောင်ခြောက်ရာကျော် အရေးပေါ်အကူအညီတွေလိုအပ်နေ

မတ္တရာမျိုးမှန်တပ်ဖွဲ့ရဲ့ ချေမှုန်းရေးမွမ်းမံသင်တန်းဆင်းပွဲ

​ဟော်မုဇ်ရေလက်ကြားရှိ မိုင်းတွေကို အမေရိကန်စတင်ရှင်းလင်း

လွတ်လာသူ ၆၀၀ နီးပါးမှာ နိုင်ငံရေးအကျဉ်းသား ၁၆၀ ကျော်သာပါ

ကရင်နီမှာ အကျဉ်းသား ၂၃၀ ကျော်ကို IEC လွှတ်ပေး

နိုင်ငံတော်သမ္မတဦးဝင်းမြင့် နေအိမ်ကိုပြန်ရောက်

Releated Post

ဓာတ်ပုံ - KNU

လယ်ဒိုမှာ စစ်ဘေးရှောင်ခြောက်ရာကျော် အရေးပေါ်အကူအညီတွေလိုအပ်နေ

April 17, 2026
ဓာတ်ပုံ - ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေး

မတ္တရာမျိုးမှန်တပ်ဖွဲ့ရဲ့ ချေမှုန်းရေးမွမ်းမံသင်တန်းဆင်းပွဲ

April 17, 2026

​ဟော်မုဇ်ရေလက်ကြားရှိ မိုင်းတွေကို အမေရိကန်စတင်ရှင်းလင်း

April 17, 2026

လွတ်လာသူ ၆၀၀ နီးပါးမှာ နိုင်ငံရေးအကျဉ်းသား ၁၆၀ ကျော်သာပါ

April 17, 2026

ကရင်နီမှာ အကျဉ်းသား ၂၃၀ ကျော်ကို IEC လွှတ်ပေး

April 17, 2026

နိုင်ငံတော်သမ္မတဦးဝင်းမြင့် နေအိမ်ကိုပြန်ရောက်

April 17, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page