Border News Agency
မြောက်ဦး၊ဇွန် ၂။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏မြေနှင့်ပဋိပက္ခဆိုင်ရာလမ်း ညွှန်ချက်မှတ်စု။
ခ.၅။ နိုင်ငံတော်အဆင့်ဝင်ရောက်စွက်ဖက်မှုတွင် မြေယာနှင့်ပဋိပက္ခသက်ဆိုင်သောအချက်ကို ထည့်သွင်းခြင်း။
ကုလသမဂ္ဂမှဝင်ရောက်စွက်ဖက်ရသောအခါ နိုင်ငံအဆင့်တွင် မြေယာနှင့် ပဋိပက္ခကြားသက်ဆိုင်သောအချက်များကို ထည့်သွင်းရမည်ဖြစ်သည်။
မြေယာနှင့်ပဋိပက္ခကြားဆက်စပ်သော အချက်များမှာ အောက်ဖော်ပြပါခေါ င်းစဉ်များတွင် ပါဝင်ရမည်ဖြစ်သည်။
- “-ငြိမ်းချမ်းရေးသဘောတူညီချက်ကိစ္စရပ်များ။
- ဝင်ရောက်ဖြန့်ဖြေညှိနှိုင်းမှုများနှင့်အ ငြင်းပွားမှုဖြေရှင်းမှုကိစ္စရပ်များ။
- တရားဥပဒေစိုးမိုးရေးအတွက်ဆောင် ရွက်ချက်ကိစ္စရပ်များ။
- ပြည်တွင်နေရပ်စွန့်ခွာသူများနှင့်ဒုက္ခ သည်များအတွက် ထည့်သွင်းစဉ်းစားရမည့်ကိစ္စရပ်များ။
- လက်နက်ကိုင်အဖွဲ့အစည်းများ ထိန်း ချုပ်ထားသောနေရာများနှင့်သက်ဆိုင်သည့်ကိစ္စရပ်များ။”စသည့်မြေယာကိစ္စရပ်အားထည့်သွင်းစဉ်းစားရမည်ဖြစ်သ ည်။
မြေယာကိစ္စရပ်အား ထည့်သွင်းစဉ်းစားရမည့် အခြားနယ်ပယ်များတွင်…
“-မြေယာသတင်းအချက်အလက်စီမံခန့်ခွဲမှုကိစ္စရပ်များ။
- မြေယာမူဝါဒ၊မြေယာစီမံခန့်ခွဲမှု၊မြေ ယာပြုပြင်ပြောင်းလဲမှု၊အငြင်းပွားခြင်းအားဖြေရှင်းမှုနှင့်အရည်အသွေးတိုးတ က်စေရန်အားထုတ်ကိစ္စရပ်များ။
- နိုင်ငံတခုအတွင်းရှိ အစိုးရ၊အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့်၎င်းနိုင်ငံထဲရှိ နိုင်ငံတကာအဖွဲ့အစည်းများ၏အခန်းကဏ္ဍကိစ္စရပ်များ”စသည့်နယ်ပယ်များလည်း ပါဝင်သည်။
ထိုသို့ထည့်သွင်းစဉ်းစားရမည့်အချက်များကို အသေးစိတ်ထပ်မံဖော်ပြထား သည်။
- ငြိမ်းချမ်းရေးသဘောတူညီချက်များတွင် မြေကိစ္စရပ်အားထည့်သွင်းခြင်း။
မြေကိစ္စရပ်သည်…
- ပဋိပက္ခကိုဖြစ်စေသောအဓိကအ ကြောင်းရင်း သို့မဟုတ် ပဋိပက္ခကိုဖြစ်စေရန် စတင်လိုက်သောစနက်တံဖြစ်နေသည်ဟု သတ်မှတ်နိုင်သောအခြေ အနေမျိုးမှာရှိနေတတ်သည်။
ထို့ပြင်မြေယာကိစ္စရပ်သည် ငြိမ်းချမ်းမှုနှင့်တည်ငြိမ်မှုကို အနှောင့်အယှက်ဖြ စ်စေသောအချက်များနှင့်လည်း ဆက် နွယ်နေတတ်သည်။
ထိုသို့အခြေအနေမျိုးများရှိနေလျှင် မြေကိစ္စရပ်အား…
၁ – နိုင်ငံရေးအရ ညှိနှိုင်းဆွေးနွေးမှု၊
၂ – ငြိမ်းချမ်းရေးသဘောတူညီမှု၊
၃ – အထက်ပါအချက် ၁ နှင့် ၂အား အ ကောင်အထည်ဖော်မှု။
၄ – ထိုသို့အကောင်အထည်ဖော်ရန် ကုန် ကျစာရိတ်အားတွက်ချက်မှုစသည့်နယ် ပယ်များထိ ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။
- ငြိမ်းချမ်းရေးတည်ဆောက်ရန် ဝင်ရောက်စွက်ဖက်မှုများကြောင့်…
“၁ – မြေယာကိစ္စရပ်များ၏ရှုပ်ထွေးချိ တ်ဆက်နေသောအခြေအနေများ (Nexus)။
၂ – ဇာတ်မြစ်များ(Root)။
၃ – ထပ်၍အကြိမ်ကြိမ်ဖြစ်နေမှုများ (Relapse)။”စသည့် အခြေအနေများကို ကုစားနိုင်ရမည်ဖြစ်သည်။
- ပြည်တွင်းနေရပ်ရွေ့ပြောင်းနေရသူ (IDPs)များ၏ လိုအပ်ချက်များကို ထောက်ပံ့ရာတွင်လည်း မြေယာကိစ္စရပ်ကို ထည့်သွင်းစဉ်းစားရမည်ဖြစ်သ ည်။
အထူးသဖြင့် မိသားစုစားဝတ်နေရေးကို တာဝန်ယူနေရသော အမျိုးသမီးများနှင့်၎င်းတို့မိသားစုဝင်များ၏လိုအ ပ်ချက်ကို ထောက်ပံ့ရာတွင် မြေယာကိ စ္စရပ်ကို ထည့်သွင်းစဉ်းစားရမည်။
IDPsများနှင့်မိသားစုအရေးခေါင်းပေါ်ထမ်းနေရသောအမျိုးသမီးများသည် မကြာခဏဆိုသလို အခြားသောလူမှုစီးပွားဆိုင်ရာဝန်ဆောင်မှုများကိုရရှိရန် မြို့ပြနေရာများကို ပြောင်းရွေ့နေရသည်။
၎င်းတို့တွင်အိုးအိမ် သို့မဟုတ် မြေယာအား အမည်ပေါက်သုံးစွဲခွင့် ရရန်အတွ က်လည်းကောင်း၊ပဋိပက္ခ၏တာညော င်းရှည်ကြာနေသော ပတ်ဝန်းကျင်မှ လွတ်မြောက်စေရန်လည်းကောင်း မြိပြဧရိယာများသို့ ရွေ့ပြောင်းနေရသည်။
ထိုကဲ့သို့ကိစ္စရပ်များတွင်၎င်းတို့၏ မြေယာကိစ္စရပ်အား ထည့်သွင်းစဉ်းစားရမ ည်ဖြစ်သည်။
မြေယာကိစ္စများကိုဆောင်ရွက်ရာတွင်…။
၁ – ပဋိပက္ခ၏ဇစ်မြစ်ကို သုံးသပ်ခြင်း/သုံးသပ်ချက်ကို ဖြန့်ဝေခြင်း။
၂ – အကောင်အထည်ဖော်နေသော အစီ အစဉ်များထဲတွင် ပဋိပက္ခအား ထိန်းကျောင်းကိုင်တွယ်ခြင်း စသည့်အချက်များပါဝင်ရမည်ဖြစ်သည်။
- မြေယာအပေါ်ကိုင်တွယ်ရန် အသစ်ဖွဲ့ စည်းသောအင်စတီကျူရှင်းများ၊ဖြစ် စဉ်များအနေဖြင့်ရှုပ်ထွေး၍မျက်နှာမူစရာများစွာဖြင့် ရင်ဆိုင်ရမည်ကိုလည်း ကြိုတင်ပြင်ဆင်ထားသင့်သည်။
မျက်နှာချင်းဆိုင်လာရမည့်အချက်များတွင် သမိုင်းကြောင်းတလျှောက် တရားမျှတမှုမရှိသောအချက်များကို ဖော်ထုတ်လာခြင်းကဲ့သို့ အချက်များလည်းပါဝင်လာမည်ဖြစ်သည်။
မြေယာအုပ်ချုပ်မှုအဆင့်တိုင်း၌ညှိနှိုင်းမှု၊အငြင်းပွားမှုအား ဖြေရှင်းမှုများကို အရှိန်မြင့်ဆောင်ရွက်နိုင်ရမည်ဖြစ် သည်။
ထိုသို့ဖြေရှင်းရာတွင် ပြန်လည်နေရာချထားရေးအစီအစဉ်များ၊အိုးအိမ်ရရှိမှုများ၊လျော်ကြေး(Restitution)နှင့်နစ်နာ ကြေး(Compensation)ဆိုင်ရာကိစ္စရပ်များကိုဦးစားပေးအကောင်အထည်ပေးသည့် ယန္တရားရှိရမည်ဖြစ်သည်။
ထိုအစီအစဉ်များနှင့်ယန္တရားများက အိုးအိမ်၊မြေယာနှင့် ပိုင်ဆိုင်မှုအခွင့်အရေးများကို ချိုးဖောက်ခံရသူများအတွ က် ပြန်လည်ကုစားမှုကို သေချာစေရမည်ဖြစ်သည်။
မြေယာမှတ်ပုံတင်ခြင်းအပေါ် လက်ဝါးကြီးအုပ်ထားမှုများကိုလည်း တားဆီးနိုင်ရမည်ဖြစ်သည်။
ရာဇဝတ်မှုမြောက်သည့် မြေသိမ်းမှုများအတွက် အရေးယူနိုင်မည့်ဥပဒေဆိုင်ရာအပြောင်းအလဲများကိုလည်း ဖြစ်ပေါ်စေရမည်ဖြစ်သည်။
ဆက်လက်ဖော်ပြပါမည်။






