Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး နိုင်ငံရေး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် အာရက္ခဒေသ

မြေယာ၊ပဋိပက္ခနှင့်ကုလသမဂ္ဂ – ၈

Author picture

By

BNA Author
Reading Time: 2 mins read
0
A A
0
SHARES
2
VIEWS
Share on FacebookShare on Twitter

Border News Agency
မြောက်ဦး၊ဇွန် ၁။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏မြေနှင့်ပဋိပက္ခဆိုင်ရာလမ်းညွှ န်ချက်မှတ်စု။

ခ.၂။မြေယာကဏ္ဍနှင့်ပဋိပက္ခအပေါ် ကုလသမဂ္ဂအကြီးတန်းအရာရှိများ၏ ဦးဆောင်စေ့စပ်ဖြေရှင်းမှု။

တာဝန်ခံမှုကျယ်ပြန့်သောကုလသမဂ္ဂယန္တရားများနှင့်ချိတ်ဆက်ကာမြေယာကဏ္ဍနှင့်ပဋိပက္ခပေါ်တွင် ကုလသမဂ္ဂ ၏အကြီးတန်းအရာရှိများက စေ့စပ်ညှိ နှိုင်းဆောင်ရွက်ရမည်ဖြစ်သည်။

ထိုသို့ စေ့စပ်ဆောင်ရွက်နိုင်သောအကြီးတန်းအရာရှိများထဲတွင်အတွင်း ရေးမှူးချုပ်၏အထူးကိုယ်စားလှယ်များ၊အထူးကိုယ်စားလှယ်၏လက် ထောက်ကိုယ်စားလှယ်များ၊ဌာနေညှိနှိုင်းရေးမှူးများ၊လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးများပါဝင်သည်။

ထိုသို့ဆောင်ရွက်ရာတွင်မြေယာကဏ္ဍနှင့်ပဋိပက္ခအပေါ် ကုလသမဂ္ဂ၏မဏ္ဍိုင်သုံးရပ်ဖြင့်ချဉ်းကပ်ကာဆောင်ရွက်ရမည်ဖြစ်သည်။

မြေယာကဏ္ဍနှင့်ပဋိပက္ခကိစ္စရပ်များသည် ပဋိပက္ခချုပ်ငြိမ်းရေးအစီအမံများနှင့်အထူးတလည်နိုင်ငံရေးလုပ်ငန်းစဉ်များတွင်လည်းပါဝင်ရမည်ဖြစ် သည်။

ထိုအပြင် ငြိမ်းချမ်းရေးကတိကဝတ်များနှင့်အကောင်အထည်ဖော်မှုတွင်လည်းပါဝင်ရမည်ဖြစ်သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်မှုတွင် အရေးပါသောကဏ္ဍတခုအဖြစ်ပါဝင်ရမည်ဖြစ်သည်။

မြေယာကဏ္ဍနှင့်ပဋိပက္ခများမှာ ဆက် စပ်နေခြင်းကို ရှင်းလင်းစွာအသိအမှတ်ပြုခြင်း၊ရှင်းလင်းစွာတာဝန်ယူခြင်းများသည် အရေးကြီးလှသည်။

ထိုအချက်သည် ငြိမ်းချမ်းရေးနှင့်လုံခြုံရေးကိုစဉ်းစားရာတွင်လည်းကောင်း၊လူ့အခွင့်အရေးနှင့်ဖွံ့ဖြိုးတိုးတက်မှုကို ဦးစားပေးရာတွင်လည်းကောင်း အရေးပါနေသောအချက်ဖြစ်သည်။

ထို့ပြင် မြေယာပြုပြင်ပြောင်းလဲမှုများတွင် တရားဥပဒေစိုးမိုးရေးအတွက် ဝင်ရောက်စွက်ဖက်ရာတွင်လည်းကောင်း၊ လူမှုအသိုင်းအဝန်းကြားထဲမှ မြေယာနှ င့်သက်ဆိုင်သောပဋိပက္ခများကို ကြားဝင်ညှိနှိုင်းပေးရာတွင်လည်းကောင်းထို အချက်သည်အရေးကြီးလှသည်။

၎င်းအပြင် ထိုအချက်သည် သဘာဝသယံဇာတများတရားလက်လွတ်ထုတ်ယူမှုနှင့်လက်နက်ကိုင်အဖွဲ့များကြားတွင်ဆက်စပ်နေမှုကိုချဉ်းကပ်ရာတွင်လည်းကောင်း၊ထိုဆက်စပ်မှုကြောင့်ဖြစ်လာသော ရာဇဝတ်မှုများကို တရားဥပဒေကြောင်းအရ ပြန်လည်ချဉ်းကပ်ရာတွင်လည်းကောင်း အရေးကြီးပေသည်။

မြေယာကဏ္ဍနှင့်ပဋိပက္ခနယ်ပယ်အပေါ်ကျွမ်းကျင်သူပညာရှင်များအနေဖြင့်ကုလသမဂ္ဂအကြီးတန်းအရာရှိများကို အကူအညီပေးနိုင်ရန် ကုလသမဂ္ဂ၏ယန္တရားများတွင် စီစဉ်ဆောင်ရွက်ထားရမည်ဖြစ်သည်။

အဆိုပါပညာရှင်များ၏ ပါဝင်ပတ်သက်မှုသည် ကုလသမဂ္ဂအကြီးတန်းအရာရှိများ၏ငြိမ်းချမ်းရေးဆောင်ရွက်မှုအပေါ်တွင် အထောက်အကူဖြစ်သကဲ့ သို့ ကုလသမဂ္ဂ၏နိုင်ငံအတွင်းလုပ်ငန်းအုပ်စုများ(UN Country Teams- UNCTs)များအတွက်လည်းအထောက်အကူဖြစ်စေမည်ဖြစ်သည်။

ခ.၃။လူမှုစီးပွားအရအမှီအခိုပြုနေရ သောမြေယာများနှင့်ပတ်သက်၍အချက်အလက်ကောက်ယူခြင်းနှင့်စီမံဆောင်ရွက်ခြင်း။

လူမှုစီးပွားအရအမှီအခိုပြုနေရသော မြေယာများနှင့်ပတ်သက်၍ကုလသမဂ္ဂမှစေ့စပ်မှုဖြင့် ရေးဆွဲထားသောပူးတွဲ တာဝန်ယူနိုင်မှုအစီအမံ(Joint Programming)နှင့်အခြေအနေ၏လိုအ ပ်ချက်အလိုက် စီမံကိန်းများရေးဆွဲမှု (Transition planning)များမည်သည့်အချိန်တွင်မဆိုရှိနေသင့်ပေသည်။

လူမှုစီးပွားအရအမှီအခိုပြုနေရသော မြေယာများ(Incorporate Land)အား အချက်အလက်ကောက်ယူခြင်းနှင့်ထိုမြေများအားစီမံဆောင်ရွက်ခြင်းများမှာ အချိန်တိုင်းအရေးပါနေသည်။

အချက်အလက်ကောက်ယူခြင်းနှင့်အစီအမံများရေးဆွဲမှုတွင်ပါဝင်ရမည့်အချက်များတွင် မြေနှင့်ပတ်သက်၍အမျိုးသမီးများအပေါ်ရှူမြင်ထားမှုများအသေးစိတ်ပါဝင်သင့်သည်။

မြေယာပိုင်ဆိုင်မှု၊လက်ရှိထားပိုင်ခွင့်၊ထိန်းသိမ်းစီမံခွင့်၊အမွေဆက်ခံခွင့်၊ကွာရှင်းမှု၊သေဆုံးမှုဖြစ်လာသောအခါ မိသားစုအလိုကျကျင့်သုံးနေသည့်စည်းမျဥ်းများစသည့်အချက်များတွင် အမျိုးသမီးများအား မည်သို့ရှုမြင်သည်ကို သိရှိရန်လိုသည်။

ထို့အတူအရွယ်မရောက်သေးသူလူငယ်များအပေါ် ကလေးဘဝမြေယာအမွှေဆပ်ခံခွင့်ပုံစံများအပေါ် ရှူမြင်မှုများကိုလည်း သိရှိရန်လိုအပ်သည်။

လူငယ်များအတွက် မြေကိုအခြေပြုရသည့်အမျိုးမျိုးသောအသက်မွေးဝမ်းကျောင်းရှင်သန်မှုပုံစံများကိုလည်း မ ည်သို့ရှု့မြင်သည်ကို သိရှိထားရန်လိုအပ်သည်။

ခ.၄။ကုလသမဂ္ဂယန္တရားများ၊ပူးတွဲအ စီအစဉ်များနှင့်ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းစဉ်များတွင်”မြေယာ”ကိစ္စရပ်အား ထည့်သွင်းခြင်း။

မြေယာနှင့်ပတ်သက်သောသဘော ထားများမှာကုလသမဂ္ဂယန္တရားများ၏ လုပ်ငန်းအစီအစဉ်များအပေါ်လွမ်းခြုံသုံးသပ်မှု(Horizon Scanning)တွင်လ ည်းကောင်း၊နှိုးဆော်အသိပေးမှုများတွင်လည်းကောင်း ရှိနေရမည်ဖြစ်သည်။

ဌာနေလူမျိုးစုများ၊လူနည်းစုများ၊နိုင်ငံတွင်းသို့ ဝင်ရောက်လာသူများ၊ဒုက္ခသည်များ၊ပြည်တွင်းနေရပ်စွန့်ခွာရသူများ၊နိုင်ငံမဲ့များ၏အခြေအနေနှင့်ပိုင်နက်နယ်မြေမှနှင်ထုတ်ခံရမှုများ၊အိုး အိမ်လုံလောက်မှုအခွင့်အရေးကို ချိုးဖောက်မှုများစသည့်အချက်များအပေါ်ခြိုငုံသုံးသပ်မှုနှင့်နှိုးဆော်အသိပေးမှုများမှာ ကုလသမဂ္ဂ၏ယန္တရားများတွင် ရှိနေရမည်ဖြစ်သည်။

ထိုသို့ဆောင်ရွက်ရာတွင် ကုလသမဂ္ဂ၏ မဟာဗျူဟာများကို ပေါင်းစပ်မှုမူဘော င်(ISF- Integrated Strategic Framework)နှင့်ဖွံ့ဖြိုးတိုးတက်မှုအထောက်အကူပေးရေးမူဘောင် (UNDAF- UN Development Assistance Framework )များကိုလည်း အသုံးချနိုင်ပေသည်။

ထိုမူဘောင်များသည် နိုင်ငံအဆင့်မြေနှင့်ပဋိပက္ခအား ကိုင်တွယ်ရာတွင် ဟန်ချက်ညီစေရန် အထောက်အကူပေးပေသည်။

ထိုပြင်မြေယာနှင့်ပတ်သက်၍ဝင်ရောက်စွက်ဖက်ရန်အစီအမံများရေးဆွဲရခြ င်း၊ဝင်ရောက်စွက်ဖက်ရန် ဆော်ဩပေးရခြင်းများရှိလာသော အခါတွင်ထိုမူဘောင်များက ကုလသမဂ္ဂ၏မဏ္ဍိုင်သုံးရပ်အပေါ် အသီးသီးခွဲဝေတာဝန်ယူမှုကိုလည်း သေချာစေနိုင်သည်။

ကုလသမဂ္ဂ၏နိုင်ငံအတွင်း လုပ်ငန်းအ ဖွဲ့များ(UNCTs)များနှင့်ကုလသမဂ္ဂငြိမ်းချမ်းရေးဆောင်ရွက်မှု(UN Peace Operations)များကို ထိရောက်သောအ ပံ့အပိုးများဖြစ်စေရန် အစီအမံများကို တည်ဆောက်ရမည်ဖြစ်သည်။

ကုလသမဂ္ဂ၏တရားဥပဒေစိုးမိုးရေးဆိုင်ရာကမ္ဘာလုံးဆိုင်ရာဘုံအချက်များ(GFP-Global Focal Pount For the Rule of Law)နှင့်ငြိမ်းချမ်းရေးနှင့်ဖွံဖြိုးရေးဆိုင်ရာအကြံပေးများ(PDAs)က မြေယာကိစ္စများအပေါ် အာရုံစိုက်မှုရှိပေသည်။

ထိုသို့အလေးထားမှုက နိုင်ငံအဆင့်ပဋိ ပက္ခမဖြစ်စေရန်ကြိုတင်ကာကွယ်မှုကို အထောက်အကူပြုနေမည်ဖြစ်သည်။

ထို့ပြင်ကုလသမဂ္ဂ၏(GFP)နှင့်(PDAs) များက ပဋိပက္ခအပေါ် ခွဲခြမ်းစိတ်ဖြာနိုင်ပြီး နိုင်ငံအဆင့်ငြိမ်းချမ်းရေး၊ညှိနှိုင်းမှုများနှင့်ဆွေးနွေးမှုစသည့်ကိစ္စရပ်များအား ပုံဖော်နေသူများကိုလည်း အထောက်အကူပြုနေမည်ဖြစ်သည်။

မြေနှင့်ပဋိပက္ခအပေါ် ချဉ်းကပ်မှုတွင် လူသားချင်းစာနာမှုအုပ်စုများ (Humanitarian Clusters)မှ ဦးတည်ချဉ်းကပ်မှုများကို အထောက်အပံ့ပြုရမည်ဖြစ်သည်။

အကာအကွယ်ပေးမှုများ၊လုံခြုံစေမှုများ၊စောစီးစွာပြန်လည်လူသားချင်းစာနာမှုအုပ်စုများ၏ကုစားမှု(ER-Early Recovery)နှင့်စားနပ်ရိက္ခာအထောက်အပံ့ပေးသောအစုအဖွဲ့များ၏မြေနှင့် ပဋိပက္ခအပေါ်ဦးတည်ချဥ်းကပ်မှုများ သည် အရေးပါနေသည်။

ထိုအုပ်စုများ၏ချဉ်းကပ်မှုများသည် မြေနှင့်ပတ်သက်၍အခွင့်အရေးချိုးဖောက်မှုများ၊နေရာပြောင်းရွေ့ရမှုများရှေ့ဆက်မဖြစ်ပွားလာစေရန်အကာအ ကွယ်ဖြစ်စေသည်။

နိုင်ငံအဆင့်ညှိနှိုင်းရေးကိစ္စရပ်များတွင်မြေယာနှင့်သက်ဆိုင်သောပညာရှင်များလည်းပါဝင်ရမည်ဖြစ်သည်။

ထိုပညာရှင်များပါဝင်မှုရှိပြီး အသင့်အနေအထားတွင်ရှိသော ညှိနှိုင်းရေးအဖွဲ့ (Standby Mediation Team)များ၊အတွင်းစည်းမှညှိနှိုင်းရေးလုပ်ငန်း (Insider Mediation Work)များစသည့် ယန္တရားများ၏လုပ်ပိုင်ခွင့်များကိုလည်း ခိုင်မာစေရမည်ဖြစ်သည်။

မြေယာကိစ္စရပ်နှင့်ပတ်သက်၍ သီးသန့်ဦးတည်ချက်အရပင်ဖြစ်စေ၊သီးသန့်ဦးတည်ချက်အရမဟုတ်သည်ဖြစ်စေကု လသမဂ္ဂ၏ဘဏ္ဍာရေးထောက်ပံမှုမှာ အချိန်နှင့်အမျှလိုအပ်ချက်ရှိနေသည်။

ငြိမ်းချမ်းရေးတည်ဆောက်မှုနှင့်တည် ငြိမ်ရေးအကောင်အထည်ဖော်မှုများတွ င် မြေနှင့်ဆိုင်သောကိစ္စရပ်များအတွက် ဘဏ္ဍာငွေ မည်မျှသုံးစွဲမည်ကို အကဲဖြ တ်မှုအား အထောက်အပံ့ပေးရန်လိုအပ်သည်။

ငြိမ်းချမ်းရေးတည်ဆောက်မှုရံပုံငွေ၊ယုံ ကြည်မှုတည်ဆောက်ရေးအတွက် သုံးစွဲရသောရံပုံငွေကဲ့သို့ဘဏ္ဍာရေးယန္တရားများတွင် ငွေကြေးထည့်ဝင်မှုကို သေချာစေရန်လိုအပ်သည်။ကျွမ်းကျင်သူပညာရှင်များအတွက် အထောက်အပံ့များ အချိန်မီရရှိရန်လည်း အရေးကြီးလှပေသည်။

ဆက်လက်ဖော်ပြပါမည်။

PrevPreviousနမ့်ခမ်းပေါက်ကွဲမှုမှာ သေဆုံးသူ ၅၅ ဦးအထိ ရှိလာပြီးဒဏ်ရာရသူ ၈၀ ကျော်ရှိနေ
Nextအိန္ဒိယအမျိုးသားလုံခြုံရေးအကြံပေးနဲ့ မင်းအောင်လှိုင်တွေ့Next
Previous Post

နမ့်ခမ်းပေါက်ကွဲမှုမှာ သေဆုံးသူ ၅၅ ဦးအထိ ရှိလာပြီးဒဏ်ရာရသူ ၈၀ ကျော်ရှိနေ

Next Post

အိန္ဒိယအမျိုးသားလုံခြုံရေးအကြံပေးနဲ့ မင်းအောင်လှိုင်တွေ့

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

သင်္ဘောလှရွာကြောင့် စိတ်ဝမ်းမကွဲကြဖို့ သက္ကမလူမျိုးရေးရာကော်မတီ တောင်းဆို

June 1, 2026
Photo - Popular News

အိန္ဒိယအမျိုးသားလုံခြုံရေးအကြံပေးနဲ့ မင်းအောင်လှိုင်တွေ့

June 1, 2026
ဓာတ်ပုံ - တအာင်းအမျိုးသမီးအဖွဲ့အစည်း

နမ့်ခမ်းပေါက်ကွဲမှုမှာ သေဆုံးသူ ၅၅ ဦးအထိ ရှိလာပြီးဒဏ်ရာရသူ ၈၀ ကျော်ရှိနေ

June 1, 2026

မြောက်ဦးမြို့ပြစီမံကိန်းမြေနေရာကို ကွင်းဆင်းတိုင်းတာနေ

June 1, 2026

သင်္ဘောလှရွာကြောင့် စိတ်ဝမ်းမကွဲကြဖို့ သက္ကမလူမျိုးရေးရာကော်မတီ တောင်းဆို

အိန္ဒိယအမျိုးသားလုံခြုံရေးအကြံပေးနဲ့ မင်းအောင်လှိုင်တွေ့

မြေယာ၊ပဋိပက္ခနှင့်ကုလသမဂ္ဂ – ၈

နမ့်ခမ်းပေါက်ကွဲမှုမှာ သေဆုံးသူ ၅၅ ဦးအထိ ရှိလာပြီးဒဏ်ရာရသူ ၈၀ ကျော်ရှိနေ

ဘန်ကောက်ရှိ တရားမဝင်ကျောင်းကို စီးနင်းရာ မြန်မာဆရာအချို့အပါအဝင် ခြောက်ဦးဖမ်းဆီးခံရ

မြောက်ဦးမြို့ပြစီမံကိန်းမြေနေရာကို ကွင်းဆင်းတိုင်းတာနေ

Releated Post

သင်္ဘောလှရွာကြောင့် စိတ်ဝမ်းမကွဲကြဖို့ သက္ကမလူမျိုးရေးရာကော်မတီ တောင်းဆို

June 1, 2026
Photo - Popular News

အိန္ဒိယအမျိုးသားလုံခြုံရေးအကြံပေးနဲ့ မင်းအောင်လှိုင်တွေ့

June 1, 2026

မြေယာ၊ပဋိပက္ခနှင့်ကုလသမဂ္ဂ – ၈

June 1, 2026
ဓာတ်ပုံ - တအာင်းအမျိုးသမီးအဖွဲ့အစည်း

နမ့်ခမ်းပေါက်ကွဲမှုမှာ သေဆုံးသူ ၅၅ ဦးအထိ ရှိလာပြီးဒဏ်ရာရသူ ၈၀ ကျော်ရှိနေ

June 1, 2026
ကိုးကား - Thethaiger

ဘန်ကောက်ရှိ တရားမဝင်ကျောင်းကို စီးနင်းရာ မြန်မာဆရာအချို့အပါအဝင် ခြောက်ဦးဖမ်းဆီးခံရ

June 1, 2026

မြောက်ဦးမြို့ပြစီမံကိန်းမြေနေရာကို ကွင်းဆင်းတိုင်းတာနေ

June 1, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page