Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်ရေး နိုင်ငံတကာ နိုင်ငံရေး သတင်း

အပစ်အခတ်ရပ်စဲရေးကာလအတွင်း အမေရိကန်နဲ့အီရန် စစ်ရေးအရ ထပ်မံအပြန်အလှန်တိုက်ခိုက်

Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
4
VIEWS
Share on FacebookShare on Twitter

Border News Agency
အမေရိကန် ၊​ဇွန် ၂။

​အမေရိကန်နဲ့အီရန်အကြား ပြီးခဲ့တဲ့ ဧပြီလကတည်းက အပစ်အခတ်ရပ်စဲထားပေမယ့် မြေပြင်မှာတော့စစ်ရေးအရ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်လက်ပြင်းထန်နေပြီး ကူဝိတ်နိုင်ငံကပါအီရန်ရဲ့ တိုက်ခိုက်မှုတွေကိုကန့်ကွက်ရှုတ်ချလိုက်ပါတယ်။

​အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က အမေရိကန်စစ်တပ်ဟာ ဟော်မုဇ်ဂန်ပြည်နယ်၊ ဆီရစ်ကျွန်းပေါ်က သူတို့ရဲ့ ဆက်သွယ်ရေးမျှော်စင်ကို တိုက်ခိုက်ခဲ့တာကြောင့် အဲဒီတိုက်ခိုက်မှု စတင်ရာ အမေရိကန်လေတပ်စခန်းကို ဒရုန်းတွေ၊မစ်ဆိုင်းတွေနဲ့ ပြန်လည်တိုက်ခိုက်ခြေမှုန်းခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အမေရိကန်စစ်ဌာနချုပ် (CENTCOM) ဘက်ကတော့ အီရန်ရဲ့တိုက်ခိုက်မှုကြောင့် အမေရိကန်စစ်သည်တွေ ထိခိုက်ဒဏ်ရာရတာမျိုး မရှိဘူးလို့ ဆိုပါတယ်။

​ဒီအတောအတွင်း အမေရိကန်စစ်တပ် အခြေစိုက်ရာ ကူဝိတ်နိုင်ငံအတွင်းသို့ အီရန်ဘက်က ပစ်ခတ်လိုက်တဲ့ မစ်ဆိုင်းနဲ့ ဒရုန်းတွေကို ကူဝိတ်လေကြောင်းရန်ကာကွယ်ရေးစနစ်က ကြားဖြတ်ဟန့်တားခဲ့ရပြီးကူဝိတ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်းအီရန်ရဲ့ အခုလို ကျူးကျော်တိုက်ခိုက်မှုတွေဟာ ဒေသတွင်း တည်ငြိမ်ရေးကို ထိခိုက်စေတာကြောင့် ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း ထုတ်ပြန်ပါတယ်။

​လက်ရှိမှာတော့နှစ်ဖက်အကြား အပစ်အခတ်ရပ်စဲရေးကို ရက်ပေါင်း ၆၀ ထပ်မံတိုးမြှင့်ဖို့နဲ့ စစ်ပွဲအပြီးသတ်ရပ်စဲရေးအတွက် နားလည်မှုစာချွန်လွှာ (MoU) မူဘောင်ကိုလေ့လာဆွေးနွေးနေကြပါတယ်။

အဲဒီMoU အရ ဟော်မုဇ်ရေလက်ကြားအတွင်း သင်္ဘောတွေလွတ်လပ်စွာဖြတ်သန်းခွင့်ပြုဖို့ အီရန်ကရေမြုပ်မိုင်းတွေ ဖယ်ရှားပေးဖို့နဲ့ အီရန်ရဲ့ နျူကလီးယား ယူရေနီယံသန့်စင်မှုဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးဖို့ ပါဝင်တယ်လို့ ဆိုပါတယ်။

​ဒါပေမယ့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အဲဒွ MoU မူဘောင်အပေါ် ပြင်ဆင်ချက်အချို့ ထပ်မံတောင်းဆိုထားသလို အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကလည်း ဝါရှင်တန်ဘက်က တောင်းဆိုချက်တွေ ခဏခဏပြောင်းလဲနေတာကြောင့် ဆွေးနွေးပွဲတွေ ကြန့်ကြာနေရပြီးအပြန်အလှန် မယုံကြည်မှုတွေ ပြင်းထန်နေတယ်လို့ ပြန်လည်တုံ့ပြန်ထားပါတယ်။

​အီရန်နိုင်ငံခြားရေးဝန်ကြီးကတော့ လက်ရှိအစ္စရေးက လက်ဘနွန်ကို ကျူးကျော်တိုက်ခိုက်နေတာဟာ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ပူးပေါင်းလုပ်ဆောင်မှုဖြစ်ပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ဘယ်မျက်နှာစာမှာပဲဖြစ်ဖြစ် ချိုးဖောက်ရင်အားလုံးချိုးဖောက်တာနဲ့ တူတူပဲလို့ သတိပေးထားပါတယ်။

အမေရိကန်သမ္မတ ထရမ့်ကတော့ စစ်ရေးတင်းမာမှုတွေရှိနေပေမယ့် အီရန်ဟာ သဘောတူညီချက်ရဖို့ တကယ်အလိုရှိနေတာကြောင့် အားလုံးအဆင်ပြေသွားမှာပါလို့ လူမှုကွန်ရက်ကနေ ပြောဆိုထားပါတယ်။

PrevPreviousအိန္ဒိယသမ္မတနဲ့ မင်းအောင်လှိုင် တွေ့ဆုံပြီး စီမံကိန်းတွေအကြောင်း ဆွေးနွေး (ဓာတ်ပုံသတင်း)
Nextထိုင်း-လာအိုနယ်စပ်မှာ မူးယစ်ဆေးဝါး ၃ သိန်းကျော် ဖမ်းဆီးရမိNext
Previous Post

အိန္ဒိယသမ္မတနဲ့ မင်းအောင်လှိုင် တွေ့ဆုံပြီး စီမံကိန်းတွေအကြောင်း ဆွေးနွေး (ဓာတ်ပုံသတင်း)

Next Post

ထိုင်း-လာအိုနယ်စပ်မှာ မူးယစ်ဆေးဝါး ၃ သိန်းကျော် ဖမ်းဆီးရမိ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - Al Jazeera

ထရမ့် အီရန်ကို တိုက်မယ့်အစီအစဉ် ထပ်ရပ်ဆိုင်း

June 12, 2026
ဓာတ်ပုံ-အာဏာသိမ်းစစ်တပ်

ကမ္ဘာ့ဖလား ထုတ်လွှင့်ခွင့် Mytel ကိုပေးတဲ့ FIFA ကို JFM ကန့်ကွက်

June 12, 2026
ဓာတ်ပုံ - မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

မြိုင်မြို့နယ်အတွင်း စစ်ကြောင်းတွေဝင်လာရင် ကြိုတင်ပြင်ဆင်တားဆီးဖို့ အသိပေး

June 12, 2026

မူတြော်ကို အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်

June 12, 2026

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အမြန်ဆုံး အကောင်အထည်ဖော်ဖို့ 7 EAO သဘောတူ

မီဇိုရမ်မှာ မူးယစ်ဆေးဝါးတွေနဲ့အတူ မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးခံရ

ဖိလစ်ပိုင်ငလျင်ကြောင့် လူ ၃၅ ဦးထက်မနည်း သေဆုံး

မြန်မာ့အရေး အာဆီယံမူဘောင်အတိုင်း ဆက်လုပ်ဖို့ အင်ဒိုနီးရှားတိုက်တွန်း (ဓာတ်ပုံသတင်း)

ပုဏ္ဏားကျွန်းမှာ အရပ်သားတဦး ကြိုးဆွဲချသေဆုံး

AA နဲ့ PDF ခြောက်ဦး အလင်းဝင်တယ်လို့ အာဏာသိမ်းစစ်တပ် ဝါဒဖြန့်

Releated Post

ဓာတ်ပုံ - 7 EAO Alliance

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အမြန်ဆုံး အကောင်အထည်ဖော်ဖို့ 7 EAO သဘောတူ

June 9, 2026
ဓာတ်ပုံ - မီဇိုရမ်ရဲတပ်ဖွဲ့

မီဇိုရမ်မှာ မူးယစ်ဆေးဝါးတွေနဲ့အတူ မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးခံရ

June 9, 2026
ဓာတ်ပုံ - Al Jazeera

ဖိလစ်ပိုင်ငလျင်ကြောင့် လူ ၃၅ ဦးထက်မနည်း သေဆုံး

June 9, 2026
ဓာတ်ပုံ-အာဏာသိမ်းစစ်တပ်

မြန်မာ့အရေး အာဆီယံမူဘောင်အတိုင်း ဆက်လုပ်ဖို့ အင်ဒိုနီးရှားတိုက်တွန်း (ဓာတ်ပုံသတင်း)

June 9, 2026
(ဓာတ်ပုံ - ကြိုးဆွဲချသေဆုံးသွားသူ/ပေးပို့)

ပုဏ္ဏားကျွန်းမှာ အရပ်သားတဦး ကြိုးဆွဲချသေဆုံး

June 9, 2026
ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

AA နဲ့ PDF ခြောက်ဦး အလင်းဝင်တယ်လို့ အာဏာသိမ်းစစ်တပ် ဝါဒဖြန့်

June 9, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page