Border News Agency
ကျောက်မဲ၊ စက်တင်ဘာ ၉။
ကျောက်မဲမြို့နယ်မှာ စစ်ကော်မရှင်တပ်ကြောင့်အရပ်သား ၂၉ ဦးသေဆုံးပြီး ၆၆ ဦးဒဏ်ရာရတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ စက်တင်ဘာလ ၉ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်တပ်ဟာ သြဂုတ်လ ၁၈ ရက်နေ့မှ ၃၀ရက်နေ့အတွင်ဘုန်းကြီး ကျောင်းတွေကိုအဓိကပစ်မှတ်ထားပြီးလေကြောင်း၊ လက်နက်ကြီးပစ်ခတ်တာ၊ ကျေးရွာအတွင်းဝင်ရောက်သတ်ဖြတ်တာတွေကြောင့်အရပ်သား ၂၉ ဦးသေဆုံးပြီး ၆၆ ဦးဒဏ်ရာရရသွားတယ်လို့ ဆိုပါတယ်။
ကျောက်မဲမြို့ရဲ့အနောက်တောင်ဘက် ကီလိုမီတာ ၂၀ အကွာရှိ နောင်ပိန်ကျေးရွာအုပ်စုကို အဓိကပစ်မှတ်ထားပြီး လေကြောင်း၊ လက်နက်ကြီးပစ်ခတ်တာတွေပြုလုပ်ခဲ့တာလို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ သြဂုတ်လ ၂၀ ရင်နေ့က နောင်ပိန်ဒေသရှိအနီးအနားကျေးရွာမှစစ်ဘေးရှောင် ၃၀၀ ခန့်ခိုလှုံနေတဲ့ပင်တီးဘုန်းကြီးကျောင်းကို ပေါင် ၅၀၀ ဗုံးတလုံးနဲ့တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် အရပ် သား ၁၁ ဦးသေဆုံးပြီး ၃၁ ဦး ဒဏ်ရာရသွားတယ်လို့ဆိုပါတယ်။
အဲဒိီအပြင်လုပ်ပါကျေးရွာကိုလည်း နောက်ထပ်ပေါင် ၅၀၀ ဗုံးတလုံးနဲ့တို က်ခိုက်ခဲ့တာကြောင့် အရပ်သားနှစ်ဦးသေ ဆုံးပြီးတဦးဒဏ်ရာရသွားခဲ့တယ်လို့ဆိုပါတယ်။
ကျောက်မဲမြို့နယ်အတွင်းရှိဘုန်းကြီးကျောင်းတွေကိုပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီးမိုင်းငေါ့မြို့ပေါ်ကိုလည်းစက်တင်ဘာလ ၆ ရက်နေ့အထိ တိုက်ခိုက်နေတ ယ်လို့ဆိုပါတယ်။
ကျောက်မဲမြို့၊ မိုင်းငေါ့မြို့နယ်ခွဲ ကွန်းစလမ်းကျေးရွာဘုန်းကြီးကျောင်းကို သြဂုတ်လ ၂၃ ရက်နေ့က ပေါင် ၅၀၀ ဗုံးနှစ်လုံးနဲ့တိုက်ခိုက်ခဲ့တာကြောင့် ယောက်ျားလေးငယ်တဦးသေဆုံးခဲ့ပြီး ရဟန်းနှစ်ပါး၊ ကိုရင်တပါးအပါအဝင် အခြားအရပ်သားခုနစ်ဦးဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင်ကျောက်မဲမြို့၊အမှတ် ၇ ရပ် ကွက်ကို သြဂုတ်လ ၂၅ရက်နေ့ကပေါင် ၂၅၀ ဗုံးနှစ်လုံးနဲ့တိုက်ခိုက်ခဲ့တာကြောင့် ဝါဆိုကျောင်းတိုက်ရှိကိုရင်သုံးပါးနဲ့အမျိုးသားတဦးဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာ ဩဂုတ်လ ၂၃ ရက်နေ့က နောင်ပိန်ကျေးရွာရှိ နေအိမ်တလုံးကို လုယက်နေစဉ် အဲဒိီအိမ်ကအသက် ၄၅ နှစ်အရွယ်အမျိုး သမီးတဦးကိုသတ်ဖြတ်ခဲ့ပြီး အမျိုး သမီးနှစ်ဦးကိုလည်း ရိုက်နှက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင် သြဂုတ်လ ၂၄ ရက်နေ့ကလည်းထန်းတပင်ကျေးရွာရှိ စစ်ဘေးရှောင်ဇနီးမောင်နှံကိုလည်းပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။
နောက်ပြီးကျောက်မဲမြို့နယ်အတွင်းရှိစစ်ကော်မရှင်တပ်ဟာ သြဂုတ်လ ၁၈ ရက်နေ့မှ ၃၀ရက်နေ့အတွင်ဘုန်းကြီး ကျောင်းတွေကိုအဓိကပစ်မှတ်ထားပြီးလေကြောင်း၊လက်နက်ကြီးပစ်ခတ်တာကြောင့် အရပ်သားပြည်သူ ၈,၆၀၀ ကျော်ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ဆိုပါတယ်။






