Border News Agency
နေပြည်တော်၊ စက်တင်ဘာ ၁၀။
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး Mr. Filippo Grandi နဲ့ စစ်ကော်မရှင်ရဲ့နယ်စပ်ရေးရာဝန်ကြီးဌာန၊ပြည် ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးရာ ပြည့်ဟာ စက်တင်ဘာလ ၉ ရက်၊မနေ့က နေပြည်တော်ရှိနယ်စပ်ရေးရာဝန် ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဧည့်ခန်းမမှာ ဒုက္ခသည်တွေနေရပ်ပြန်ရေးကိုဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ပါတယ်။
“ရခိုင်ပြည်နယ်အတွင်းမှာနယ်မြေတည် ငြိမ်အေးချမ်းမှုရရှိလာပါက နေရပ်စွန့် ခွာသွားသူတွေကို သူတို့ဆန္ဒအလျော က် ဘေးကင်းပြီးဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေးအတွက် ဆက်လက်ညှိ နှိုင်းဆောင်ရွက်နေတယ်။” လို့ ဆိုပါတယ်။
အဲဒီအပြင်’မြန်မာနိုင်ငံအတွင်းရှိနယ် စပ်ဒေသတွေတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊နယ်စပ်ဒေသတွေမှာနေထိုင်ကြတဲ့တိုင်းရင်းသားပြည်သူတွေရဲ့လူမှုစီးပွားဘဝတွေ ဖွံ့ဖြိုးတိုးတ က်ရေးအတွက်ဆောင်ရွက်ပေးနေမှုတွေ”ကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။
နောက်ပြီး”နိုင်ငံတော်အစိုးရက အကော င်အထည်ဖော်ဆောင်ရွက်နေတဲ့ အမျိုး သားပြန်လည်သင့်မြတ်ရေးနဲ့ပြည်တွ င်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဖြစ်ပေါ်တိုးတက်မှုတွေ၊လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ပံ့ပိုးဆောင်ရွက်ပေးနေမှုအခြေအနေတွေ'” ကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီတွေ့ဆုံပွဲသို့ နယ်စပ်ရေးရာဝန်ကြီး ဌာနဒုတိယဝန်ကြီးဗိုလ်ချုပ်ဖြိုးသန့်၊အ မြဲတမ်းအတွင်းဝန်၊ညွှန်ကြားရေးမှူးချု ပ်နဲ့တာဝန်ရှိသူတွေတက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီမှာ UNHCR နဲ့ရှေ့ဆက်လက်ပူး ပေါင်းဆောင်ရွက်နိုင်မယ့်ကိစ္စရပ်တွေကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
မောင်တောဒေသမှာ ၂၀၁၇ ခုနှစ်က မြ န်မာစစ်တပ်ရဲ့နယ်မြေရှင်းလင်းမှုစစ်ဆ င်ရေးကြောင့်မွတ်ဆလင်လေးသိန်းခြောက်ကျော်ဟာ တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားခဲ့ကြပါတယ်။
အဲဒီမောင်တောဒေသအပါအဝင် အာရက္ခ-ဘင်္ဂလာနယ်စပ်ကို အာရက္ခတပ်တော်(AA)က အပြီးသတ်သိမ်းပိုက်ထိ န်းချုပ်ထားပြီမို့ စစ်ကော်မရှင်ရဲ့နေရပ်ပြန်ခေါ်ရေးဟာမဖြစ်နိုင်တော့ဘူးလို့ ရခိုင်အရေးစောင့်ကြည့်လေ့လာသူတွေက ဆိုကြပါတယ်။
စစ်တပ်ကအာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့အပြားမှာ လက်နက်ကိုင်တော်လှန်တိုက်ခိုက်မှုတွေနေ့စဥ်ဖြစ်ပွားနေသလိုအရပ်သားပြည်သူတွေ နေရပ်စွန့်ခွာထွ က်ပြေးနေကြရတာတွေလည်း နေ့စဥ်ရှိနေကြပါတယ်။






