Border News Agency
စစ်ကိုင်း၊ စက်တင်ဘာလ ၁၂။
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမရွာရှိစစ်ကော်မရှင်တပ်ရဲ့အင်အားတရာခန့်ပါတဲ့စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေကိုတိုက်ခိုက်လို့ သုံးဦးသေဆုံးပြီးစစ်သုံ့ပန်းလေးဦးနဲ့လက် နက်တွေရရှိခဲ့တယ်လို့ အမျိုးသားညီ ညွတ်ရေးအစိုးရက စက်တင်ဘာလ ၁၂ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်တပ်ရဲ့တပ်မ ၃၃ လက် အောက်ခံ အမှတ် ၁၆ ခြေမြန်တပ်ရင်းမှဗိုလ်မှူးသူရိန်ဦးဆောင်တဲ့အင်အား တရာခန့်ပါစစ်ကြောင်းကိုအမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီး ဌာနရဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း၊ တပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပကဖ နဲ့ မဟာမိတ်တပ်တွေက တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့်စစ်ကော်မရှင်တပ်က တပ်ဖွဲ့ဝင်သုံးဦးသေဆုံးခဲ့ပြီးလေးဦးကို စစ်သုံးပန်းအဖြစ်ဖမ်း ဆီးရမိခဲ့သလို လက်နက်တွေလည်းသိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။
ချောင်းမရွာရှိစစ်ကော်မရှင်စစ်ကြောင်းကို စက်တင်ဘာလ ၁၁ ရက်နေ့၊ မနက် ၁၁ နာရီကျော်အချိန်က တိုက်ခိုက်ခဲ့ပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင်အများအပြားဒဏ်ရာရခဲ့တာကြောင့် ဘန့်ဘွေးပျူစောထီးရွာသို့ ပြန်ပြီးဆုတ်ခွာသွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီဆုတ်ခွာသွားတဲ့ စစ်ကြောင်းကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် နဲ့ ပကဖ အဖွဲ့တွေကတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကော်မရှင်ဖက်မှအလောင်းသုံးလောင်း၊ သုံ့ပန်းလေးဦး၊ MA-1 ၄ လက်၊ MA-3 ၁ လက်၊ MG-3 ၁ လက်၊ MAS စနိုက်ပါ ၁ လက်၊ ဂျမ်ပါ ၁ လုံးနဲ့ တစစ်အသုံးအဆောင်ပစွည်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။






