Border News Agency
ထိုင်း၊စက်တင်ဘာ ၁၄။
တနောသရီမြို့နယ်(တနင်္သာရီ)ထိုင်း -မြန်မာ မောတောင်နယ်စပ်အနီး တိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်ဆယ်ဦးသေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအ စည်းအရုံးမှ စက်တင်ဘာလ ၁၄ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
ထိုင်း-မြန်မာ မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်းရှိ သိန်းခွန်းကျေးရွာအနီးဝန်းကျင်ကို စက်တင်ဘာလ ၁၁ ရက်နေ့က စစ်ကော်မရှင်တပ်တွေစစ်ကြော င်းထိုးလာတာကြောင့် တော်လှန်ရေးပူး ပေါင်းတပ်တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီတိုက်ပွဲမှာကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်၊တပ်မဟာ ၄ လက်အောက်ခံ၊တပ်ရင်း ၁၁ နဲ့တော် လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက် ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်ရာမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်ဆယ်ဦးသေဆုံးပြီး လက်နက်တချို့သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတ ယ်။
စစ်ကော်မရှင်ဖက်က MA1-2 လက်၊M A3- 1လက်၊လက်ပစ်ဗုံး ၂ လုံး၊ကျည်ဆံ၆၅၉ လုံး၊ခွဲဗုံး ၂ လုံး၊ကျည်ဘော က်၂၁ခု သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။