Border News Agency
သရက်ချောင်း၊ အောက်တိုဘာ ၇။
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားလေးဦးဒဏ်ရာရသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံးက အောက်တိုဘာလ ၆ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်တပ်ဟာ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်ကျေးရွာအုပ်စု၊ ထီးမဲ့ဘော(သဲချောင်းကြီး)ကျေးရွာကို အောက်တိုဘာလ ၅ ရက်နေ့က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလိုလေကြောင်းတိုက်ခိုက်လို့အရပ်သားလေးဦးဒဏ်ရာရသွားသလို နေအိမ် နှစ်လုံးလည်းပျက်စီးခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအသက်ကိုးဆယ်တနှစ်အရွယ်သက်ကြီးအမျိုးသမီးတဦးနဲ့ အသက်ငါးဆယ်အရွယ် အမျိုးသမီးနှစ်ဦး အ သက်ငါးဆယ်ရှစ်နှစ်အရွယ်အမျိုးသားတဦးနဲ့အသက်ဆယ်နှစ်အရွယ်မိန်းက လေးငယ်တို့ ဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။