Border News Agency
နေပြည်တော်၊ စက်တင်ဘာ ၁၆။
အာဏာသိမ်းစစ်တပ်ပြုလုပ်မယ့်ရွှေးကောက်ပွဲမှာ လိုအပ်တဲ့ရုပ်ဝတ္တုပစ္စည်းတွေ၊ နည်းပညာအကူအညီတွေပေးအပ်သွားဖို့အသင့်ရှိနေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးH.E.Mr Deng Xijiun ကအောက်တိုဘာလ ၁၅ ရက်မနေ့ကပြောပါတယ်။
တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ဆယ်နှစ်ပြည့်နှစ်ပတ်လည်နေ့အခမ်းအနားမှာ စလို့ခုလိုပြောတာပါ။
မြန်မာနိုင်ငံဟာ ခုနှစ်ကုန်မှာအဓိက ပြည်တွင်းနိုင်ငံရေးလုပ်ငန်းစဉ်ကို ဆက်ပြီးအကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်တဲ့အတွက် ငြိမ်းချမ်းပြီးတည်ငြိမ်တဲ့ပြည်တွင်းအခြေအနေလိုအပ်တယ်လို့ ဆိုပါတယ်။
နိုင်ငံရေးပြန်လည်သင့်မြတ်ရေးနဲ့ တည်ငြိမ်တဲ့နိုင်ငံရေးလုပ်ငန်းစဉ်ပေါ်ထွန်းရေးကိုဆောင်ရွက်နေတဲ့မြန်မာကိုတရုတ်နိုင်ငံက ထောက်ခံတယ်လို့ဆိုပါတယ်။
အဲဒီအပြင်တရုတ်နိုင်ငံဟာ နှစ်နိုင်ငံခေါင်းဆောင်ကြီးတွေ သဘောတူခဲ့တဲ့အရေးကြီးကိစ္စရပ်တွေကိုအကောင်အ ထည်ဖော်ဖို့၊ အေးအတူပူအမျှအနာဂတ်အခြေခံတဲ့လူမှုအသိုက်အဝန်းတည် ဆောက်ရေးနက်ရှိုင်းလာစေဖို့နဲ့ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်ပူးတွဲမြှင့်တင်ပေးနိုင်ဖို့ မြန်မာနိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ၁၅ ရက်က လက်မှတ်ရေးထိုးချိန်ကတရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက H.E.Mr Deng Xijiun ဟာနိုင်ငံတကာအသိသက်သေအဖြစ်ပါဝင်ခဲ့သူဖြစ်ပါတယ်။
စစ်ကော်မရှင်ဟာ လာမယ့်ဒီဇင်ဘာလ၂၈ ရက်နေ့မှာရွေးကောက်ပွဲပြုလုပ်မယ့်လို့ ထုတ်ပြန်ထားပါတယ်။






