Border News Agency
ပလက်ဝ၊ အောက်တိုဘာ ၂၀။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပလက်ဝမြို့နယ်မှာ အမျိုးသားတဦးရေနစ်သေဆုံးခဲ့တယ်လို့ ပလက်ဝဒေသခံတွေက ဆိုကြပါတယ်။
အဲဒီလက်ဝမြို့နယ်၊ပြင်ဒိုင်းရွာအနီးမှာ အောက်တိုဘာလ ၂၀ ရက်၊ဒီနေ့ နံနက် ၁၀ နာရီအချိန်ခန့်က ရေစီးနဲ့အတူမျောပါလာတဲ့အမျိုးသားတဦးရဲ့ရုပ်အလောင်းကိုတွေ့ခဲ့ရတယ်လို့ ပလက်ဝဒေသခံတွေက ဆိုကြပါတယ်။
အဲဒီရုပ်အလောင်းကို ပလက်ဝမြို့နယ်၊ထိန်းလက်ဝရွာသားတဦးက ပထမဦး ဆုံးတွေ့ခဲ့တာဖြစ်ပြီး ရုပ်အလောင်းမှာ ပုပ်ပွနေပြီလို့ဆိုပါတယ်။
အဲဒီရုပ်အလောင်းကို သက်ဆိုင်ရာအဖွဲ့တွေကစိစစ်ဆောင်ရွက်မှုတွေပြုလုပ်ခဲ့ပြီး သင်္ဂြိုဟ်လိုက်ပြီလို့လည်းဆိုပါတယ်။
အဲဒီအမျိုးသားရေနစ်သေဆုံးမှုနဲ့ပတ်သက်လို့ တရားဥပဒေစိုးမိုးရေးနဲ့ပြည်သူ့လုံခြုံရေးဌာန(DLEPS)က စုံစမ်းစစ် ဆေးတာတွေပြုလုပ်နေတယ်လို့လည်း ဆိုပါတယ်။
အဲဒီအပြင် မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာ၊ငှက်တော်ရရပ်ကွက်မှာလည်း အောက်တိုဘာလ ၁၇ရက်နေ့၊ ညနေပိုင်းက အသက်ခုနှစ်နှစ်အရွယ်မောင်ချစ်လင်းဇော်မှာ ရပ်ကွက်အတွင်းက ရေကန်ထဲမှာ ရေနစ်သေဆုံးခဲ့ပါတယ်။
မြောက်ဦးမြို့နယ်၊မော်သစ်ကျေးရွာမှာလည်း အောက်တိုဘာလ ၁၄ ရက်နေ့က အသက်ငါးဆယ်လေးနှစ်အရွယ်ဦးကျော်ကျော်နိုင်မှာခြိတ်ချောင်းရွာကအပြန်ချောင်းတဖက်ရှိစိုက်ခင်းသို့ရေကူးလာချိန် ချောင်းအလယ်လောက်မှာ ရေနစ်သေဆုံးသွားခဲ့ပါတယ်။






