Border News Agency
မိုးကုတ်၊ အောက်တိုဘာ ၂၁။
မိုးကုတ်မြို့အရှေ့ပိုင်း၊ ကန်ထောင်ရှမ်းကျောင်းအနီးကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ ကလေးငယ်သုံးဦးသေဆုံးပြီး လေးဦးဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီကန်တောင်ရှမ်းကျောင်းအနီးကို အောက်တိုဘာလ ၂၁ ရက်၊ ဒီနေ့နေ့လည် ၃ နာရီအချိန်ခန့်က စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်ခဲ့တာပါ။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် ကန်တောင်ရှမ်းကျောင်းအနီး ဖူဆယ်ဘောလုံးကွင်းမှာ ကျရောက်ပေါက်ကွဲပြီး ဘောလုံးကစားနေတဲ့ ကလေးငယ်သုံးဦးသေဆုံးပြီး လေးဦးဒဏ်ရာရသွားခဲ့တာပါ။
အဲဒီကန်တောင်ရှမ်းကျောင်းအနီးကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်ခဲ့သလို ဘုရားငါးဆူအနီးကိုလည်း တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
အဲဒီမိုးကုတ်မြို့အနောက်ပိုင်း၊ ကျောက်ဖားကျေးရွာရှိ ကြက်မွေးမြူးရေးခြံကို အောက်တိုဘာလ ၁၉ ရက်နေ့ကလည်း စစ်ကော်မရှင်တပ်က ရွယ်ရည်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
စစ်ကော်မရှင်တပ်ဟာ တော်လှန်ရေးတပ်တွေ ထိန်းချုပ်တဲ့နေရာတွေကို လေကြောင်းတိုက်ခိုက်တာတွေ နေ့စဥ်လုပ်နေတာကြောင့် အရပ်သားသေဆုံး ဒဏ်ရာရသူတွေလည်းရှိနေပါတယ်။
အဲဒါကြောင့် စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်မှုတွေကို ရှောင်ရှားနိုင်ဖို့ ပြည်သူတွေ စစ်ရေးသတိအမြဲရှိဖို့လိုအပ်ပြီး လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းတွေကို လိုက်နာဆောင်ရွက်ဖို့ လိုအပ်ကြပါတယ်။
တအာင်းပြည်အတွင်းသာမက တိုင်းရင်းသားလက်နက်ကိုင်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်နယ်မြေတွေကို စစ်ကော်မရှင်တပ်က လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်းနဲ့ အပြစ်မဲ့ပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုကျူးလွန်နေတယ်လို့ ဆိုပါတယ်။










