Border News Agency
လောက်ကိုင်၊ အောက်တိုဘာ ၂၃။
အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်နယ်မြေအတွင်းအထူးဒေသ ၁ သိန္နီခရိုင်မှာ ဝန်ထမ်းတွေ မူးယစ်ဆေးဝါးသုံး၊ မသုံးစစ်ဆေးခဲ့တယ်လို့ အောက်တိုဘာလ ၂၃ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
မူးယစ်ဆေးဝါးရဲ့အန္တရာယ်ကိုတားဆီးကာကွယ်ဖို့ အရာရှိ၊ ဝန်ထမ်းတွေ ပိုပြီးသန့်စင်ဖို့နဲ့ အုပ်ချုပ်ရေးကော်မတီတွေကောင်းမွန်တဲ့ပုံရိပ်တွေရှိစေဖို့အတွက် အောက်တိုဘာလ ၂၁ ရက်နေ့က စစ်ဆေးခဲ့တယ်လို့ဆိုပါတယ်။
အဲဒီကိုးကန့်ခရိုင်အုပ်ချုပ်ရေးကော်မတီမှဌာနဆိုင်ရာအရာထမ်း၊ ဝန်ထမ်းတွေအားလုံးစုပေါင်းပြီး ဆီးထဲမှာ မူးယစ်ဆေးဝါးရှိမရှိစစ်ဆေးတာတွေပြုလုပ်ခဲ့ကြတာပါ။
အဲဒီဆီးစစ်တာတွေကို ကိုးကန့်ခရိုင်အုပ်ချုပ်ရေးကော်မတီရဲ့ဦးဆောင်အရာရှိတွေကိုယ်တိုင်ညွှန်ကြားခဲ့ပြီး စစ်ဆေးရေးအဖွဲ့မှကြီးကြပ်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီစစ်ဆေးတာကို တင်းကျပ်စွာစံချိန်စံညွှန်းတွေနဲ့အညီဆောင်ရွက်ခဲ့ပြီး စုပေါင်းနမူနာယူတာ၊ စုပေါင်းပို့ဆောင်စစ်ဆေးတာတွေ၊ ကြီးကြပ်တဲ့စနစ်တွေကျင့်သုံးပြီးစစ်ဆေးတဲ့ရလဒ်တွေရဲ့စစ်မှန်မှု၊တိကျမှု၊ တရားမျှတမှုကို အာမခံခဲ့တယ်လို့ဆိုပါတယ်။
အဲဒီစစ်ဆေးခံသူအားလုံးဟာ လိုအပ်ချက်တွေနဲ့အညီကိုယ်ရေးကိုယ်တာအချက်အလက်တွေကိုမှတ်ပုံတင်ခဲ့ပြီး နမူနာယူမှုကိုလက်ခံခဲ့ကြရာ လုပ်ငန်းခွင်အတွင်း စနစ်ကျမှုရှိခဲ့တယ်လို့ဆိုပါတယ်။
အဲဒီဆီးစစ်တဲ့စီမံချက်ကြီးဟာ ပြည်သူ့ဝန်ထမ်းတွေမှာ(မက်သန်ဖက်တမင်း)၊ အက်စတေရှီ(Ecstasy)၊ကေတေးခေါ် ကက်တမင်း (Ketamine)၊ မော်ဖီးယား (Morphine)စတဲ့မူးယစ်ဆေးဝါးအမျိုးမျိုး သုံးစွဲမှုရှိ၊ မရှိ စုံစမ်းစစ်ဆေးဖို့ ရည် ရွယ်ခဲ့တယ်လို့ဆိုပါတယ်။
ကိုးကန့်ခရိုင်မှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးပြည်သူ့စစ်ပွဲဆင်နွဲ့တာနဲ့ အရာထမ်း၊ ဝန်ထမ်းအင်အားစုရဲ့ အလုပ်လုပ်နည်း စံနှုန်းတွေမြှင့်တင်ဖို့အတွက်အရေးပါတဲ့ခြေလှမ်းဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ဆေးမှုရလဒ်တွေဟာ အနုတ်လက္ခဏာ ဆေးဝါးသုံးစွဲမှုမရှိတဲ့ ကိုးကန့်ခရိုင်အရာထမ်း၊ဝန်ထမ်းအင်အားစုရဲ့ ကောင်းမွန်တဲ့ စိတ်ဓာတ်အခြေအနေနဲ့ စည်းကမ်းစိတ်ဓာတ်တွေဖြစ်တယ်လို့လည်းဆိုပါတယ်။
ဒီလုပ်ဆောင်ချက်ဟာ ဖြစ်နိုင်ခြေရှိတဲ့ မူးယစ်ဆေးဝါးသုံးစွဲတာကို ထိရောက်စွာ ဟန့်တားနိုင်ခဲ့ပြီး ပြည်သူ့ဝန်ထမ်းတွေရဲ့မူးယစ်ဆေးဝါးကာကွယ်ရေး၊ ငြင်းပယ်ရေးဆိုင်ရာအသိစိတ်ကို ပိုပြီးမြှင့်တင်နိုင်ခဲ့သလို လုပ်ငန်းခွင်ပတ်ဝန်းကျင်ကို သန့်စင်စေခဲ့တယ်လို့လည်းဆိုပါတယ်။
လူမှုရေးပြဿနာဖြေရှင်းတာနဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အားပေးမြှင့်တင်ဖို့ ခိုင်မာတဲ့စည်းကမ်းဆိုင်ရာအာမခံချက်ကို ပေးနိုင်ခဲ့တယ်လို့လည်းဆိုပါတယ်။
လာမယ့်ကာလတွေမှာလည်းစစ်ဆေးတာတွေပုံမှန်လုပ်သွားမှာဖြစ်ပြီး ဘယ်ဥပဒေချိုးဖောက်မှု၊စည်းကမ်းချိုးဖောက်တာကိုမဆို သည်းမခံဘဲ အရာထမ်း၊ ဝန်ထမ်းအင်အားစုရဲ့ ရှေ့ရှုတိုးတက်မှုနဲ့ သန့်စင်မှုကိုအာမခံသွားမယ်လို့ လည်းဆိုပါတယ်။









Comments 2
Can you be more specific about the content of your article? After reading it, I still have some doubts. Hope you can help me.
Thank you for your sharing. I am worried that I lack creative ideas. It is your article that makes me full of hope. Thank you. But, I have a question, can you help me?