Border News Agency
မောင်တော၊ အောက်တိုဘာ ၂၃။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ အာရက္ခ – ဘင်္ဂလာနယ်စပ်နေပြည်သူတွေဟာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့အုပ်ချုပ်ရေးနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရှိရာ အနီးစပ်ဆုံးနေရာတွေမှာ သတင်းပေးပို့ပြီးမှသွားလာကြဖို့ အာရက္ခတပ်တော်က လုံခြုံရေးအရ ထပ်မံသတိထားပါတယ်။
အဲဒီအာရက္ခ – ဘင်္ဂလာနယ်စပ်မှာ အကြမ်းဖက်အဖွဲ့မှ အကြမ်းဖက်သတ်ဖြတ်လို့ ခရီးသွားပြည်သူတွေအကြောင်း အောက်တိုဘာလ ၂၃ ရက်၊ ဒီနေ့ထုတ်ပြန်ချက်မှာဖော်ပြထားတာပါ။
အဲဒီအာရက္ခ – ဘင်္ဂလားနယ်စပ်မှာ ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေဟာ ဒေသနေအာရက္ခပြည်သူတွေရဲ့ အသက်အိုးအိမ်၊ စည်းစိမ်တွေကို ခြိမ်းခြောက်နေတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။
အဲဒါကြောင့် နယ်စပ်ရှိပြည်သူတွေဟာတောတောင်ထဲ၊ လူပြတ်နေရာတွေမှာ တဦးတည်း၊ လူအနည်းစုသွားလာကြ
တာတွေကို အတတ်နိုင်ဆုံးမပြုလုပ်ကြဖို့ အာရက္ခတပ်တော်သတိပေးထားပါတယ်။
အဲဒီနယ်စပ်နေပြည်သူတွေဟာ ကျန်းမာရေးကိစ္စအပါအဝင် မဖြစ်မနေသွားလာရမယ့် အရေးကြီးကိစ္စတွေရှိရင်လည်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ သတင်းပို့သွားလာကြဖို့ သတိပေးထားပါတယ်။
အဲဒီအာရက္ခ – ဘင်္ဂလားနယ်စပ်၊ မောင်တောမြို့နယ်၊ မြိုယုရွာအရှေ့ဘက်တံတားအနီးမှာ အောက်တိုဘာလ ၂၂ ရ က်၊ မနေ့က ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေ ပစ်သတ်လို့အမျိုးသမီးနှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရသွားပါတယ်။
အဲဒီအပြင် မောင်တောမြို့နယ်၊တောင်ပြို – ကြိမ်ချောင်းကားလမ်းမှာလည်း အောက်တိုဘာလ ၂၁ ရက်နေ့က ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေ ပစ်သတ်လို့တဦးသေပြီး တဦးဒဏ်ရာရသွားပါတယ်။
အဲဒီအာရက္ခ – ဘင်္ဂလားနယ်စပ်မှာ ရိုဟင်ဂျာအမည်ခံ လက်နက်ကိုင်အကြမ်းဖက်သမားတွေဟာ နယ်စပ်ဖြတ်ကျော်အကြမ်းဖက်မှုတွေ ကျူးလွန်နေကြတာမို့ ပြည်သူတွေသေဆုံးဒဏ်ရာ ဖမ်းဆီးခံရတာတွေ မကြာခဏခံနေကြရပါတယ်။
အဲဒါကြောင့် ဒေသအတွင်းအကြမ်းဖက်အန္တရာယ်ကင်းဝေးပြီး ပြည်သူ့လုံခြုံရေးအတွက် ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေကို အာရက္ခတပ်တော် လိုက်လံရှင်းလင်းနေတယ်လို့ ဆိုပါတယ်။






