Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး နိုင်ငံရေး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် အာရက္ခဒေသ

အစွန်းထွက်အမျိုးသားရေးအယူအဆကြား ပြည်သူအဖြစ်မည်သို့သတ်မှတ်လဲ

Author picture

By

BNA Author
Reading Time: 2 mins read
0
A A
0
SHARES
1
VIEWS
Share on FacebookShare on Twitter

Border News Agency
မြောက်ဦး၊ အောက်တိုဘာ ၂၄။

ပြီးခဲ့သည့်လကနီပေါနိုင်ငံတဝှမ်း ဂျင်ဇီများ၏ဆန္ဒပြပွဲများ ဖြစ်လာပြီးနောက် ရှူရှီလာကာရ်ကီဝန်ကြီးချုပ်အသစ်ဖြစ်လာသည်။

ဝန်ကြီးချုပ်ဖြစ်လာသည်နှင့်သူမသည် ဝန်ကြီးများကောင်စီအတွက် အဖွဲ့ဝင်များကို ရွေးချယ်ရတော့သည်။

လူငယ်များက ထိုကောင်စီအားနီပေါနိုင်ငံ၏ကွဲပြားစုံလင်မှုကို ရောင်ပြန်ဟတ်စေချင်သည်။

သို့ဖြစ်၍ ထိုကောင်စီတွင် အမျိုးမျိုးသောယဉ်ကျေးမှုနှင့်လူမျိုးစုနောက်ခံမှလာသောသူများ၊ လူငယ်များ၊ အမျိုးသမီးများကို ပါဝင်စေချင်သည်။

ရက်သတ္တပတ်နှစ်ပတ်အကြာရှူရှီလာ ကာရ်ကီကဆန်ဂျီးတာမိရှရာကို ကျန်းမာရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။

ဤတွင်ဆန်ဂျီးတာမိရှရာနှင့်ပတ်သက်သောဗွီဒီယိုဖိုင်တခုသည် ရုတ်တရက် ပျံနှံ့လာခဲ့သည်။

ထိုဗွီဒီယိုမှာ ယခင်ကပင်ရှိနေခဲ့သော ဗွီဒီယိုဖိုင်ဖြစ်ပြီး ထွက်ပေါ်လာသည်မှာ ကာလမနည်းကြာနေခဲ့ပြီဖြစ်သည်။

ထိုဗွီဒီယိုတွင်ဆန်ဂျီးတာမိရှရာကသူ့ကိုယ်သူနီပေါလူမျိုးမဟုတ် အိန္ဒိယဌာ နေဟုပြောဆိုထားသည်။

မိရှရာပြောနေခဲ့သောသဘောက သူမသည် ရေမရောသောနီပေါနိုင်ငံသားတယောက်ဖြစ်သည်။

သို့သော် ထိုအချက်ကပင် အစွန်းထွက်အမျိုးသားရေးအဝိုင်းအဝန်းမှဒေါသဖြင့်တုန့်ပြန်မှုကို ဖြစ်လာစေခဲ့သည်။

ထိုအကျိုးဆက်က မိရှရာ၏အမည်အား အစိုးရအဖွဲ့ဝင်စာရင်းမှ ပယ်ဖျက်လိုက်ရတော့သည်။

ရှူရှီလာကာရ်ကီအနေဖြင့် ဝန်ကြီးချုပ်ရာထူးယူထားမှုက တလကျော်ကြာလာသည့်တိုင် အစိုးရအဖွဲ့ဝင်များ အပြည့်အစုံမရှိနိုင်သေး။

သူမက ဂျင်ဇီများကို ဝန်ကြီးနေရာများအတွက် ကမ်းလှမ်းနေခဲ့သည်။ ပေါက်ကြားလာသည့်သတင်းများအရ ထိုကမ်းလှမ်းချက်များထဲတွင် တရှီလာဇုမ် လည်းပါသည်။

တရှီလာဇုမ်ကဟုမ်လပ်စ်လိမိတောင် ကြားဒေသဇာတိဖြစ်ပြီး ရုပ်ရှင်ရိုက်ကူးရေးသမား၊ဥတုရာသီအရေးတက်ကြွလှုပ်ရှားသူ တိဘက်အမျိုးသမီးဖြစ်သ ည်။

ထိုသတင်းကလည်း ရုတ်ချည်းဆိုသလို လူမှုကွန်ရက်ပေါ်တွင် ပေါက်ထွက်လာပြန်သည်။

ထိုပေါက်ထွက်လာပုံက ကောင်းသောအသွင်ဖြင့် ပေါက်ခြင်းကားမဟုတ်။တရှီလာဇုမ်အပေါ် အမျိုးမျိုးသော ခွဲခြားဆက်ဆံမှုများ၊နိုင်ငံခြားသားမုန်းတီးမှုများ၊အမျိုးသမီးဖြစ်တည်မှုအပေါ် နှိမ့်ချသတ်မှတ်ချက်များဖြင့် တိုက်ခိုက်ကြခြင်းဖြစ်သည်။

သူမကား ခွဲထွက်ရေးကို အားပေးသူ၊နို င်ငံခြားသူလျှို၊သူမ၏နီပေါနိုင်ငံသားဖြစ်မှုက အငြင်းပွားစရာ၊သူမ ရုပ်ရည်က နီပေါလူမျိုးနှင့်မတူ၊စကားလည်း နီပေါလိုမပြောစသဖြင့် တိုက်ခိုက်ကြခြ င်းဖြစ်သည်။

ဂရန်နင်ဒရာရှဟိကဲ့သို့ နီပေါတွင် ဟိန္ဒု ဘုရင်စနစ်ကို ကျင့်သုံးလိုသူနိုင်ငံရေး သမားမျိုးကလည်း ဆွမ်းကြီးဝင်လောင်းသည်။

တရှီလာဇုမ်အပေါ် လူထုအထင်လွဲ ဒေါသထွက်စေရန် သူမ၏မျိုးရိုးဆင်းသ က်မှုအပေါ် သတင်းမှားဖြန့်လိုက်သေးသည်။

နီပေါနိုင်ငံလူ့အခွင့်အရေးကော်မရှင်အ ဖွဲ့ဝင်ဟောင်းမိုနာအန်ဆာရီက တရှီလာဇုမ်၏ဖြစ်တည်မှုအပေါ် ကိုယ့်ကျင့်သိ က္ခာအရှက်မဲ့စွာမေးခွန်းများထုတ်လို က်သေးသည်။

တကယ်တမ်းတွင် တရှီလာဇုမ်သည်လ ည်း အခြားနီပေါနိုင်ငံသားများကဲ့သို့ နီပေါနိုင်ငံသားပြည်သူတစ်ဦးသာဖြစ်သည်။

နီပေါလူ့အဖွဲ့အစည်းတခုလုံးကား ကိုယ့်ပိုင်ဆိုင်မှုအပေါ် ကိုယ့်ဖာသာကိုယ်ရုပ်ဆိုးအကျည်းတန်အမဲစက်ထင်အောင်ကိုသံသယများဖြစ်နေကြပြီ။

နီပေါလူ့အဖွဲ့အစည်းသည် “စစ်မှန်သော မျိုးချစ်စိတ်ဖြင့် မိမိလူ့အဖွဲ့အစည်း၏ မတူကွဲပြားခြားနားမှုများကို ပွေ့ဖက်ထားသင့်သည်။အယောင်ဆောင်အသုံး ချအမျိုးသားရေးအယူအဆများက အဆုံးသတ်သင့်ပြီ။”

နီပေါလူ့အဖွဲ့အစည်းတွင် အန်ဆာရီကဲ့သို့ လူ့အခွင့်အရေးဆိုင်ရာရှေ့နေ၊ တက်ကြွလှုပ်ရှားသူတဦးအဖြစ် ပုံရိပ်ရှိသောသူမျိုးကပင်လျှင် မကြာခဏဆိုသလို ဒီဂျစ်တယ်ပလက်ဖောင်းပေါ်တွင် တိဘက်ဗုဒ္ဓဘာသာရပ်ဝန်းမှ တရှီလာဇုမ်ကိုပင်မဟုတ်အစ္စလမ်ဘာသာကိုလည်း ဦးတည်၍ ဆိုးဝါးသောမှတ်ချက်များပြုနေလျှက်ရှိနေသည်။

နီပေါ၏လူမျိုးစုတိုင်းရင်းသားဂျင်ဇီများကတော့ တရှီလာဇုမ်၏နီပေါနိုင်ငံ သားဖြစ်မှုအပေါ် သံသယမဖြစ်စေရန် သက်သေအထောက်အထားများ ထုတ်ပြန်ပေးကြသည်။

မေးခွန်းထုတ်စရာတခုရှိလာသည်က နီပေါပြည်သူဟူသည် အဘယ်ကိုခေါ်သနည်း။ နီပေါနှင့်တူသည်ဆိုသည်က မည်သည့်အရာကို ဆိုပါသနည်း။

“ကျွန်မနာမည်မှာတရှီ ပိုဒဲလ် (Tashi Poudel)၊ သာပါ(Thapa)၊ ဘာတ်တာရိုင်း(Bhattarai)၊ ဒါမှမဟုတ် ဂီမီရီဆိုတာတွေပါနေလား။ အဲဒီလိုအမည်တွေ မပါလို့လားမသိဘူး။ သူတို့တွေက မေးကြတယ်။ နင်…ဘာလို့ နီပေါရုပ်မပေါက်တာလဲ။ ခါးစ်(Khas)တယောက်လိုနီပေါစကားကို ဘာကြောင့်မပြောတာလဲတဲ့။ ဘာကြောင့်မပြောတာလဲဆိုရင် ကျွန်မမိခင်ဘာသာစကား မဟုတ်လို့ မပြောတာ…။” ဟု တရှီလာဇုမ်က အင်တာဗျူးတခုတွင်ဖြေခဲ့သည်။

ဤအဖြစ်အပျက်များက နီပေါလူ့အဖွဲ့ အစည်း၏ဌာနေတိုင်းရင်းသားများအ ပေါ် စွပ်စွဲအပြစ်တင်ချက်များကို ပြနေပါသည်။

အဘယ်ကြောင့် အပြစ်တင်ရသနည်းဆိုလျှင် ရုပ်ရည်၊ ဘာသာစကား၊ ပထဝီဝင်ဧရိယာနှင့်ကိုးကွယ်ယုံကြည်မှု ကြောင့်ဖြစ်သည်။

မည်သည့်ရုပ်ရည်မျိုး၊ ဘာသာစကားမျိုး၊ ပထဝီဝင်ဧရိယာမျိုးနှင့် မည်သည့်ယုံကြည်မှုမျိုးကသာ နီပေါနိုင်ငံသားဖြစ်သည်ဟု စိတ်ထဲတွင် တလွဲတချော် ပုံဖော်ပြဋ္ဌာန်းထားမှုရှိနေသလို ဖြစ်နေသည်။

တချိန်ထဲတွင်ပင် နီပေါတွင်မွေးဖွားခဲ့ပြီး နိုင်ငံရပ်ခြားတွင်နေထိုင်ကာ နိုင်ငံခြားသားအဖြစ်ခံယူထားသော နီပေါနွယ်ဖွားများ၏ အောင်မြင်မှုများကိုတော့ ချီးမွှမ်းခန်းဖွင့်ကြပြန်သည်။

သို့သော် နီပေါနိုင်ငံသားဖြစ်နေသော လူမျိုးစုများကို ထိုကဲ့သို့တူညီသော လေးစားမှုပေးရန် အားထုတ်မှုများကိုတော့ ပယ်ချနေပြန်သည်။

နီပေါတွင် မွေးဖွားသူ လူမျိုးစုများကို ဖယ်ထုတ်သည်။

ထိုလူမျိုးစုက နီပေါ၏အကျိုးစီးပွားအတွက် အလုပ်လုပ်ပေးမည်ကိုလည်း မကြည့်နိုင်၊မမြင်နိုင်ကြပေ။

ထိုလူမျိုးစုအနွယ်ဝင်တယောက်တွင် မည်မျှပင်အရည်အချင်းရှိရှိ အသိအမှတ်မပြုလိုကြပေ။

အမျိုးသမီးတယောက်တွင် ထိုသို့အရ ည်အချင်းရှိနေလျှင် အမျိုးမျိုးဝေဖန်မှုပိုလုပ်ကာ ဖယ်ထုတ်ဖို့ကိုသာ နှစ်ဆစိုင်းပြင်းကြသည်။

နီပေါလူ့အဖွဲ့အစည်းကား ပျံနှံ့လာသော ဗွီဒီယိုတခုကိုပင် အကျိုးအကြောင်းမခွဲခြား၊ပြောသံကြားယုံမျှဖြင့် ဇဝေဇဝါ ဖြစ်မှုကိုသာ ဦးတည်ကြသည်။

TOB ဟူသော အင်္ကျီအနက်ရောင်ဝတ်၍ ဆိုင်ကယ်စီးနေကြသူတအုပ်ကို ရိုက်ထားသည့် ဗွီဒီယိုကိုကြည့်ရင်း TOB ဟူ သောစာသားမှာတိဘက်လွတ်မြောက် ရေးနှင့်ပတ်သက်သည်။

တိဘက်လုပ်ရှားမှု(Tibetan Original Blood)ကို ရည်ညွှန်းသည်ဟု ဆိုလျှင်လည်း၊ဖွလိုက်လျှင်လည်း အမှန်ဟုထင်လိုက်ကြသည်။

ဤသို့ထင်ရာမြင်ရာ စွပ်စွဲမှုကသတင်းမှားကိုဖြစ်စေသည်။နိုင်ငံခြားသားကြောက်ရောဂါကို ဖြစ်စေသည်။နီပေါရှိတိဘက်လူမျိုးစုများနှင့်တိဘက်အ မွေအနှစ်များကိုပါ ဆန့်ကျင်အကြမ်း ဖက်ရန်ထိပင်ပြောဆိုလာကြသည်။

စက်တင်ဘာဆန္ဒပြပွဲများအဆုံးသတ်ပြီးနောက် မျှော်လင့်ချက်တခုကဖြစ်ထွ န်းခဲ့သည်။

နီပေါ၏နိုင်ငံရေးနှင့်ဗြူရိုကရေစီတွင် ရှေးရိုးစွဲနိုင်ငံရေးဇာတ်ဆောင်များ ကင်းစင်လိမ့်မည်။

သို့သော် စွပ်စွဲမှုများ၊ ဒေါသများက နီပေါ၏လူမှုယဉ်ကျေးမှုတွင် နေရာယူ လာပြန်သည်။

နီပေါသည် မဟုတ်တမ်းတရားများနှင့် ဒေါသထွက်စရာများတွင်အစုလိုက်အ ပြုံလိုက် စာမေးပွဲစစ်ခံနေရသော နိုင်ငံ
ဖြစ်နေခဲ့ပြန်သည်။

အခြားတဖက်တွင် နီပေါ၏ကွဲပြားစုံလ င်ဗဟုယဉ်ကျေးမှုဝါဒကား ဖွဲ့စည်းပုံအ ခြေခံဥပဒေပါစာသားများနှင့်နိုင်ငံရေးတိုကင်ယူစနစ်ကြားတွင် ကန့်သတ်ခံနေအုံးမည့်သဘောရှိနေပြန်သည်။

လက်ရှိ သို့မဟုတ် အနာဂတ်အတွက် အုပ်စုစွဲ၊ပုဂ္ဂိုလ်စွဲ၊ဝါဒစွဲမှုမှကင်းလွတ်ပြီး အလုပ်မူဘောင်နှင့်ဆောင်ရွက်မှုပေါ်တွင်သာ ရှူမြင်နိုင်မှုရှိသူမျိုးက နီပေါနိုင်ငံရေးတွင် ပေါ်လာရန်လည်းမ လွယ်တော့ပေ။

တက်ကြွလှုပ်ရှားသူများ၊ ကိုယ်စားပြုနိုင်ခွင့်နည်းပါးသော လူ့မှုအသိုင်းအဝ န်းများကိုသာ တဖက်စောင်းနင်းဖိနှိပ်ဝေဖန်နေကြအုံးမည်သာဖြစ်သည်။

အကယ်၌ နီပေါသည် ကွဲပြားစုံလင်သော လူမှုအသိုင်းအဝန်းအားလုံးပါဝင်နိုင်သော နိုင်ငံရေးစနစ်ကိုသာ မတည် ဆောက်နိုင်ပါက နိုင်ငံရေးတွင် ပါဝင်ပတ်သက်ရန် မည်သူကိုမှ မျှော်လင့်နေ၍မရတော့ပေ။

ဘာကိုမှ လာဝေမဖန်နှင့်ငါတို့ပြောသ ည်ကိုသာ လက်ခံဆိုသည့် လူထုကို မိမိတို့၏အိမ်မွေးခွေးလက်ပါးစေ (Dog- whistling)အဖြစ်သာ ရှူမြင်သော သီအို ရီဖြင့် ခွဲခြားဆက်ဆံမှုကို အားကောင်းစေသော မိမိတို့၏လူမျိုးစုကိုသာ ဗဟိုပြုလွန်းခြင်း၊လူမျိုးရေးခွဲခြားခြင်းနှင့် လူမျိုးကြီးဝါဒကိုထူထောင်ခြင်းများသ ည် နီပေါပြည်သူလူထု၏ ဘဝကို ဝန် ဆောင်မှုပေးနေခြင်းမဟုတ်၊ဘေးဒုက္ခ (disservice) ပေးနေခြင်းသာဖြစ်သ ည်။

နီပေါဟူသည် မတူကွဲပြားမှုများဖြင့်သာ မိမိ၏အင်အားကို တည်ဆောက်ရမည် နိုင်ငံသာဖြစ်သည်။

Nepali Times အယ်ဒီတာ့အာဘော်တွင် ဖော်ပြထားသော နီပေါအမျိုးသ မီးသတင်းသမား ရှရစ္စတီကာရ်ကီ (Shristi Karki)၏ What make a Nepali ဆောင်းပါးကို ဘာသာပြန်ဆိုပါ သည်။

မူရင်း…

  • https://nepalitimes.com/editorial/what-makes-a-nepali?amp=1
PrevPreviousဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေအတွက် နိုင်ငံတကာကိုတောင်း​ဆို
Nextမောင်တောမြို့နယ်မှာအရပ်သားသုံးဦးကို အကြမ်းဖက်သမားတွေဖမ်းသွားNext
Previous Post

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေအတွက် နိုင်ငံတကာကိုတောင်း​ဆို

Next Post

မောင်တောမြို့နယ်မှာအရပ်သားသုံးဦးကို အကြမ်းဖက်သမားတွေဖမ်းသွား

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - အညာပစ်တိုင်းထောင်လေးများလူထုသပိတ်ကော်မတီ

ဆားလင်းကြီးမြို့နယ်မှာရွေးကောက်ပွဲဆန့်ကျင်ရေးလုပ်ရှား

December 6, 2025

မြောက်ဦးရှေးဟောင်းနယ်မြေမှာ လိုက်နာရမယ့်စည်းကမ်းတွေထုတ်

December 6, 2025

ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင်တွေ အကူအညီတွေလိုအပ်နေ

December 5, 2025
ဓာတ်ပုံ - ကရင်နီပြည်လူငယ်များသမဂ္ဂက

လွိုင်ကော်မှာ စစ်ကော်မရှင်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေး ကမ်ပိန်းပြုလုပ်

December 5, 2025

ကန့်ဘလူမြို့နယ်က စစ်ရှောင်တွေအကူအညီလိုအပ်နေ

စစ်ကော်မရှင်တပ်ကျီးကုန်းအရှေ့ရွာမှ အမျိုးသားတဦးကိုသတ်ဖြတ်ပြီး နေအိမ်ဆယ်လုံးကိုမီးရှို့ခဲ့ (ဓာတ်ပုံသတင်း)

ဆားလင်းကြီးမြို့နယ်မှာရွေးကောက်ပွဲဆန့်ကျင်ရေးလုပ်ရှား

သရက်ခရိုင်အမှတ် ၄ တပ်ရင်းရဲ့အခြေခံစစ်ပညာသင်တန်းဆင်းပွဲ

မာရကန်ကျေးရွာကိုစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ဆယ့်ရှစ်ဦးသေဆုံး

မူးမြို့နယ်မှာစစ်ကော်မရှင်တပ်မှ လက်နက်ကြီးပစ်ခတ်လို့ အရပ်သားနှစ်ဦးသေဆုံး

Releated Post

ဓာတ်ပုံ - စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်

ကန့်ဘလူမြို့နယ်က စစ်ရှောင်တွေအကူအညီလိုအပ်နေ

December 7, 2025
ဓာတ်ပုံ - လူမှုကွန်ရက်

စစ်ကော်မရှင်တပ်ကျီးကုန်းအရှေ့ရွာမှ အမျိုးသားတဦးကိုသတ်ဖြတ်ပြီး နေအိမ်ဆယ်လုံးကိုမီးရှို့ခဲ့ (ဓာတ်ပုံသတင်း)

December 7, 2025
ဓာတ်ပုံ - အညာပစ်တိုင်းထောင်လေးများလူထုသပိတ်ကော်မတီ

ဆားလင်းကြီးမြို့နယ်မှာရွေးကောက်ပွဲဆန့်ကျင်ရေးလုပ်ရှား

December 6, 2025

သရက်ခရိုင်အမှတ် ၄ တပ်ရင်းရဲ့အခြေခံစစ်ပညာသင်တန်းဆင်းပွဲ

December 6, 2025

မာရကန်ကျေးရွာကိုစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ဆယ့်ရှစ်ဦးသေဆုံး

December 6, 2025
ဓာတ်ပုံ - ကရင်အမျိုးသားအစည်းအရုံး

မူးမြို့နယ်မှာစစ်ကော်မရှင်တပ်မှ လက်နက်ကြီးပစ်ခတ်လို့ အရပ်သားနှစ်ဦးသေဆုံး

December 6, 2025

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page