Border News Agency
ကေအဲန်ယူ၊ အောက်တိုဘာ ၂၆။
ကရင်အမျိုးသားအစည်းအရုံး (KNU) ဟာ ထိုင်း – မြန်မာနယ်စပ်ရှိတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ မသက်ဆိုင်ဘူးလို့ အောက်တိုဘာလ ၂၆ ရက်၊ ဒီနေ့ထုတ်ပြန် ပါတယ် ။
စစ်ကော်မရှင်တပ်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ မီဒီယာတချို့က KNU ဟာ KK Park အွန်လိုင်းငွေလိမ်လုပ်ငန်းအတွက် မြေငှားရမ်းတာ၊ လုံခြုံရေး စောင့်ရှောက်ခယူတာ စတဲ့အကျိုးအမြတ်တွေရရှိနေတယ်လို့ စွပ်စွဲပြောဆိုမှုတွေအပေါ် ကရင်အမျိုးသားအစည်းအရုံးက ပြန်လည်ငြင်းဆိုခဲ့တာ ဖြစ်ပါတယ်။
စစ်ကော်မရှင်တပ်စွပ်စွဲထားတဲ့ ဧကတရာမြေကွက်ဟာ (Trans Asia International Holding Group (Thailand) Co. Ltd မူလအိအလင်းကုမ္ပဏီက ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလမှာ ရပ်ဆိုင်းနှုတ်ထွက်ခဲ့တယ်လို ဆိုပါတယ်။
အဲဒီအပြင် KK Park အွန်လိုင်းငွေလိမ်လုပ်ငန်း ဧကငါးရာမြေကွက်တွေဟာ သီးခြားစီဖြစ်ပြီး တခုနဲ့တခုသုံးကီလိုမီတာအကွာမှာ တည်ရှိနေတာလို့လည်း ဆိုပါ တယ်။
အဲဒါကြောင့် KK Park အွန်လိုင်းငွေလိမ်လုပ်ငန်းဟာ KNU နဲ့ လုံးဝမသက်ဆိုင်ဘဲ စစ်ကော်မရှင်တပ်ရဲ့ စွပ်စွဲချက်တွေကို ကရင်အမျိုးသားအစည်းအရုံးက ပြတ်ပြတ်သားသား ငြင်းဆိုတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံက အွန်လိုင်းငွေလိမ်ဂိုဏ်းတွေဆီက နိုင်ငံရေး၊ စီးပွားရေးနဲ့ စစ်ရေးအရ စစ်ကော်မရှင်တပ် အကျိုးအမြတ်ရနေတာကို ဖုံးကွယ်လိုတဲ့အတွက်ကရင် အမျိုးသားအစည်းအရုံးကို စွပ်စွဲပြီး မဟုတ်မမှန် သတင်းမှားဖြန့်ချီနေတာလို့ ဆိုပါတယ်။










