Border News Agency
ဂွ၊ အောက်တိုဘာ ၂၆။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ဂွမြို့နယ်မှာ အောက်တိုဘာလ၂၄ ရက်နေ့က မြေုမြုပ်မိုင်းနင်းမိလို့ အမျိုးသားတဦးဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီဂွမြို့နယ်၊ ပေါက်တူးတိုက်နယ်၊ ထန်းပင်ခုံကျေးရွာက ကိုအောင်သူမှာ မြေမြုပ်မိုင်းနင်းမိလို့ ညာဖက်ခြေထောက်ပြတ်ထွက်တယ်လို့ ရွာသားတွေက ဆိုကြပါတယ်။
ကိုအောင်သူဟာ အောက်တိုဘာလ ၂၄ ရက်နေ့၊ ညနေ ၇ နာရီအချိန်က ကိုမောင်စိုးကိုကိုနဲ့အတူ ဖိုးကောက်တောင်ပေါ်ကိုသွားရာ မြေမြုပ်မိုင်းနင်းမိလို့ ခြေထောက်ပြတ်ထွက်သွားတယ်လို့ ဆိုကြပါတယ်။
အဲဒီမြေမြုပ်မိုင်းနင်းမိလို့ ကိုအောင်သူရဲ့ညာဘက်ခြေပြတ်ထွက်သွားပြီး အရေးပေါ် ဆေးကုသမှု ခံယူနေရတယ်လို့ရွာသားတွေက ဆိုကြပါတယ်။
အဲဒီမောင်တောမြို့နယ်၊ လေးမိုင်ရပ်ကွက်မှာ အောက်တိုဘာလ ၁၈ ရက်နေ့ကလည်း မြေမြုပ်မိုင်းနင်းမိလို့ အသက်နှစ်ဆယ်ငါးနှစ်အရွယ် ကိုဇော်လာဟာ မှာ ခြေထောက်တဖက် ပြတ်ထွက်သွားခဲ့ပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်မြို့နယ်တွေမှာ မိုင်းရှင်းလင်းရေးတွေ လုပ်နေပေမယ့် အရပ်သားပြည်သူတွေကတော့ မြေမြုပ်မိုင်းအန္တရာယ်တွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကို မကြာခဏနေကြရသလို သေဆုံးဒဏ်ရာရတာတွေ မကြာခဏဖြစ်နေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ မိုင်းအသိပညာပေးမှုတွေ၊ မြေမြုပ်မိုင်းအန္တရာယ်ဟောပြောပွဲတွေကို ပြည်သူလူထုကြားမှာလုပ်နေပြီး မိုင်းအသိပညာဝေတာတွေ၊ မိုင်းအန္တရာယ်ဆိုင်ရာ သတိပေးတာတွေကို ပုံမှန်လုပ်နေပါတယ်။
ဒါပေမယ့် အာရက္ခပြည်သူတွေဟာ စစ်ကောင်စီတပ်ရဲ့ မိုင်းတွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကို မကြာခဏကြုံတွေ့နေကြရတာမို့ မိုင်းရှင်းလင်းပေးတာတွေ၊ မိုင်အသိပညာပေးတာတွေကို ပိုမိုဆောင်ရွက်ပေးဖို့ လိုအပ်နေသေးတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။






