Border News Agency
ပဲခူး၊ နိုဝင်ဘာ ၁၅။
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်တွေကို တော်လှန်ရေးတပ်တွေတိုက်ခိုက်လို့ နှစ်ဆယ်ဦး သေဆုံးခဲ့တယ်လို့ တပ်ရင်း ၃၅၀၄ က ထုတ်ပြန်ပါတယ်။
အဲဒီ စစ်တောင်းမြစ်အရှေ့ဘက်ကမ်း ကရင်ချောင်းမြစ်ကူးတံတားမှ ပြီးခဲ့တဲ့အောက်တိုဘာလ ၂၅ ရက်နေ့က ဒတရ-၆၀၄တပ်က ဦးဆောင်ကာ ခလရ-၂၆၊ ခမရ -၂၉၊ ခလရ-၃၉၊ စခန-၈၄၈ ကကတို့ပူးပေါင်းပြီး အင်အားတရာ့လေးဆယ်ကျော်နဲ့ စစ်ကြောင်းထိုးလာတယ်လို့ဆိုပါတယ်။
အဲဒီ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းသို့ စစ်ကြောင်းထိုးလာစဉ် ရေလွှဲကျေးရွာတောင်ဘက် သစ်သားတံတားပေါ်အရောက်မှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
သုံးနာရီအချိန့်ခန့်ကြာအောင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြိီး စစ်ကော်မရှင်တပ်ဖွဲ့ဝင် ငါးဦးသေဆုံးခဲ့တာကြောင့် ဂျိုင်ရိုကော်ပတာ၊ ဒရုန်း၊ လက်နက်ကြီး၊ လေယာဉ်ပစ်ကူတွေနဲ့ အဆက်အပြက်ပစ်ကူပေးခဲ့တယ်လို့ဆိုပါတယ်။
အဲဒီနောက် ညနေ ၃ နာရီအချိန်ခန့်မှာ နေပြည်တော်စစ်တိုင်းလက်အောက်ခံ တပ်ရင်းတွေ၊ KNU တပ်မဟာ ၂ တပ်ရင်း ၅ လက်နက်ကြီးအဖွဲ့၊ စနိုက်ဘာအဖွဲ့က စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို ထပ်ပြီးတိုက်ခိုက်ခဲ့တာကြောင့် ဆယ့်ငါးဦးသေဆုံးခဲ့ပြီး ငါးဦးဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။












