Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ကျောက်တော်မြို့နယ် မြောက်ဦးခရိုင် အင်တာဗျူး အမျိုးသမီးကဏ္ဍ အာရက္ခဒေသ

“အမျိုးသမီးအဖွဲ့အစည်းတွေကို သာမန်ဝန်ဆောင်မှုပေးတဲ့သူတွေလို့ မမြင်သင့်ဘူး”

Author picture

By

Swe Zin Htike
Reading Time: 1 min read
0
A A
0
SHARES
5
VIEWS
Share on FacebookShare on Twitter

​အင်တာဗျူး

Border News Agency

ကျောက်တော်၊ နိုဝင်ဘာ ၂၇။

​ပဋိပက္ခကာလအတွင်း ကျား၊ မ အခြေပြု အကြမ်းဖက်မှု (GBV) ခံရသူတွေအတွက် ကူညီစောင့်ရှောက်မှုပေးရာမှာ မြေပြင်လုံခြုံရေး စိန်ခေါ်မှုတွေ၊ အမျိုးသမီးအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍနဲ့ လုံခြုံတဲ့ ချိတ်ဆက်ကူညီမှု ယန္တရားတွေ တည်ဆောက်ဖို့ လိုအပ်ချက်တွေအကြောင်း ဆရာမ ဒေါ်ခင်လေးက အင်တာဗျူးမှာ ဆွေးနွေးပြောပြထားပါတယ်။

​“သာမန်တည်ငြိမ်တဲ့အခြေအနေမှာတောင် ကျွန်မတို့လုပ်ရတာ အများကြီး အခက်အခဲရှိပါတယ်။ဧရာဝတီတိုင်းဘက်မှာ၊ မကွေးတိုင်းဘက်မှာ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေရဲ့ ကူညီစောင့်ရှောက်မှုတွေကို အများကြီးလုပ်ခဲ့ဖူးပါတယ်။

​ဆရာမ ဒေါ်ညိုအေး ပြောသလိုပဲ ကြားဝင်ဆောင်ရွက်ပေးတဲ့ အမျိုးသမီးအဖွဲ့တွေရဲ့ လုံခြုံရေးပါ စိုးရိမ်ရပါတယ်။ နစ်နာသူရဲ့ လုံခြုံရေးတွေတင် မဟုတ်ဘဲ ကြားဝင်ဆောင်ရွက်ပေးတဲ့ အမျိုးသမီးအဖွဲ့တွေရဲ့ လုံခြုံရေးပါ အထူးစိုးရိမ်ရတဲ့ အခြေအနေတွေ ရှိခဲ့ပါတယ်လို့ ဆရာမဒေါ်ခင်လေးက ပြောပါတယ်။

​ဒီလိုမျိုး ပဋိပက္ခအခြေအနေတွေမှာ ဆိုရင်တော့ ပိုပြီး ဆိုးပါတယ်။ ဥပဒေအရလည်း မရေရာဘူး၊ အုပ်ချုပ်ရေးပိုင်းမှာလည်း အားနည်းနေတာဖြစ်တဲ့အတွက် ကူညီပံ့ပိုးမှု အစီအစဉ်တွေကလည်း ဘယ်လောက်ရမယ်ဆိုတာ မသေချာပါဘူး။

​ဒါပေမယ့်လည်း အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကအရေးကြီးပါတယ်။ အထူးသဖြင့် လူထုနဲ့ နီးစပ်နေတဲ့ အမျိုးသမီးအဖွဲ့တွေက အမျိုးသမီးတွေရဲ့ လိုအပ်ချက်ကိုပိုသိပါတယ်။

​အမျိုးသမီးအဖွဲ့အစည်းတွေကို သာမန်ဝန်ဆောင်မှုပေးတဲ့သူတွေလို့ မမြင်သင့်ဘူးလို့ ပြောချင်ပါတယ်။ ကျွန်မတို့ဟာ မူဝါဒချမှတ်တဲ့သူတွေ၊ ရေးဆွဲတဲ့အထဲမှာ ပါဝင်တဲ့သူတွေ၊ စောင့်ကြည့်လေ့လာမှုတွေနဲ့ တရားမျှတမှုကို ဖော်ဆောင်တဲ့နေရာမှာ အဓိပ္ပာယ်ရှိရှိ ပါဝင်ခွင့်ရှိရမယ်ဆိုတာ ပြည်သူလူထုကို အသိပေးချင်ပါတယ်။

​နောက်တခါ အဖွဲ့အစည်းတွေကြားမှာလည်း လုံခြုံတဲ့ချိတ်ဆက်ကူညီမှု ယန္တရား (referral network) တခု တည်ဆောက်ထားဖို့ လိုပါတယ်။ အမျိုးသမီးအစုတဖွဲ့တည်း၊ ချိတ်ဆက်မှုတခုတည်းနဲ့ လုပ်လို့ မရပါဘူး။

​ဒေသအလိုက် ကျန်းမာရေးဆောင်ရွက်တဲ့အဖွဲ့၊ ကျောင်းပညာရေး ဆောင်ရွက်တဲ့အဖွဲ့၊ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ကုစားမှု လုပ်တဲ့အဖွဲ့တွေနဲ့ ချိတ်ဆက်ကွန်ရက်တွေကနေသွားပြီး ချိတ်ဆက်လုပ်ဆောင်ဖို့ လိုပါတယ်။

ဒါမှသာ အရပ်ဘက်အဖွဲ့အစည်းတွေ လုပ်နိုင်တဲ့ဟာတွေကို ပိုပြီးကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်မှာဖြစ်ပါတယ်။

​ပဋိပက္ခအတွင်းမှာ တိုင်းရင်းသားမဟာမိတ်ဒေသတွေနဲ့ တခြားဒေသတွေဟာ တော်လှန်ရေးနဲ့ ပဋိပက္ခဖြစ်ပုံချင်း မတူတဲ့အခါ တနေရာနဲ့တနေရာ တူညီမှုရှိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် စိန်ခေါ်မှုများတယ်ဆိုပြီး မကြိုးစားဘဲ လက်လျှော့ထားလို့ မရပါဘူး။

​အုပ်ချုပ်ရေးတွေ၊ ပြည်သူ့ဝန်ဆောင်မှုတွေကို စတင်နေပြီး အခြေတည်နေတဲ့ နေရာတွေမှာ စတင်ကတည်းက စနစ်တည်ဆောက်တဲ့အခါ အမျိုးသမီးတွေနဲ့ ထိခိုက်နစ်နာသူတွေအတွက် ထည့်စဉ်းစားပြီး မူဝါဒတွေ၊ အစီအမံတွေ ထည့်လုပ်ထားမယ်ဆိုရင် ပိုပြီးအဆင်ပြေမယ်လို့ ယူဆပါတယ်။

​မလုပ်နိုင်ဘူးဆိုတာမျိုးထက် လုပ်ဖို့စစဉ်းစားပြီး အကောင်အထည်ဖော်နိုင်အောင် ဥပဒေတွေ၊ မူဝါဒတွေ အရင်လုပ်မယ်ဆိုရင် အမျိုးသမီးတွေအတွက် စိတ်ချလုံခြုံဘေးကင်းတဲ့ အခြေအနေတခုကို ဖန်တီးနိုင်မယ်လို့ ယုံကြည်ပါတယ်။”

PrevPreviousပုလောမြို့နယ်ကိုစစ်တပ် လေကြောင်းတိုက်ခိုက်လို့ကလေးတဦး သေဆုံး (ဓာတ်ပုံသတင်း)
Nextရိုဟင်ဂျာဒုက္ခသည်စခန်းမှာလုပ်တဲ့ အကြမ်းဖက်မှုပပျောက်ရေးလှုပ်ရှားမှုNext
Previous Post

ပုလောမြို့နယ်ကိုစစ်တပ် လေကြောင်းတိုက်ခိုက်လို့ကလေးတဦး သေဆုံး (ဓာတ်ပုံသတင်း)

Next Post

ရိုဟင်ဂျာဒုက္ခသည်စခန်းမှာလုပ်တဲ့ အကြမ်းဖက်မှုပပျောက်ရေးလှုပ်ရှားမှု

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

​“ဒဏ်ရာရလို့ တပ်ထဲမှာအပြစ်ပြောခံရစွာထက်စာကေ တိုက်ပွဲမှာသီလားစွာပင် ကောင်းဖို့ဆိုရေ စိတ်တိဝင်လာမိပါရေ ဗိုလ်ချုပ်။”

November 27, 2026
ဓာတ်ပုံ-ABN

“ကိုယ့်အဖွဲ့အစည်းထဲက လူဖြစ်နေတာမျိုးမှာ ဖုံးကွယ်ပေးတာ၊ ကာကွယ်ပေးတာမျိုးတွေ မလုပ်သင့်ဘူး”

November 27, 2026
​ဓာတ်ပုံ - APM

ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားလေးဆယ့်သုံးဦးကို အာရက္ခတပ်တော်လွှဲပြောင်း

November 27, 2026
ဓာတ်ပုံ- ABN

“အမျိုးသမီးဆိုတာအထိန်းချုပ်ခံ မဟုတ်ဘူး။လွတ်လပ်စွာ လုပ်ပိုင်ခွင့် ရှိတယ်။ဒီဘက်ခေတ်မှာတော့ အမျိုးသမီးလေးတွေနဲ့ အမျိုးသားလေးတွေ တက်တက်ကြွကြွ အလုပ်လုပ်ကြတာကို တွေ့ရတဲ့အတွက် အားရစရာဖြစ်ပါတယ်။”

November 26, 2026

မြန်မာကိုပို့မယ့် စတားလင့်စက်အလုံးလေးဆယ်နဲ့ လူငါးဦးဖမ်းမိ

ထိုင်း-မြန်မာနယ်စပ်မှာ ဘိန်းဖြူလေးဆယ်လေးကီလိုဂရမ်နဲ့အတူ သုံးဦးဖမ်းမိ

မီဇိုရမ်ပြည်နယ်မှာ မြန်မာဘက်က မှောင်ခိုစီးကရက်တွေဖမ်းမိ

မန္တလေး-ဗန်းမော် လမ်းပိုင်းတိုက်ပွဲ အာဏာသိမ်းစစ်တပ်သား ဆယ့်ခုနှစ်ဦးသေဆုံး

ကောလင်းမှာ အာဏာသိမ်းစစ်တပ်သတ်ဖြတ်လို့ အရပ်သားခုနှစ်ဦးသေဆုံး

မြဝတီမှာ ကျားဖြန့်ရှစ်ရာကျော်ဖမ်းဆီးရမိ

Releated Post

ဓာတ်ပုံ - หน่วยเฉพาะกิจราชมนู

မြန်မာကိုပို့မယ့် စတားလင့်စက်အလုံးလေးဆယ်နဲ့ လူငါးဦးဖမ်းမိ

November 28, 2026
​ဓာတ်ပုံ - ထိုင်းစစ်တပ်

ထိုင်း-မြန်မာနယ်စပ်မှာ ဘိန်းဖြူလေးဆယ်လေးကီလိုဂရမ်နဲ့အတူ သုံးဦးဖမ်းမိ

November 28, 2026
​ဓာတ်ပုံ - အာသံရိုင်ဖယ်တပ်

မီဇိုရမ်ပြည်နယ်မှာ မြန်မာဘက်က မှောင်ခိုစီးကရက်တွေဖမ်းမိ

November 28, 2026
​ဓာတ်ပုံ - အမှတ် ၁ စစ်ဒေသ

မန္တလေး-ဗန်းမော် လမ်းပိုင်းတိုက်ပွဲ အာဏာသိမ်းစစ်တပ်သား ဆယ့်ခုနှစ်ဦးသေဆုံး

November 28, 2026
​ဓာတ်ပုံ - ကောလင်း ပအဖ

ကောလင်းမှာ အာဏာသိမ်းစစ်တပ်သတ်ဖြတ်လို့ အရပ်သားခုနှစ်ဦးသေဆုံး

November 28, 2026
ဓာတ်ပုံ-ထိုင်းသတင်းတွေ

မြဝတီမှာ ကျားဖြန့်ရှစ်ရာကျော်ဖမ်းဆီးရမိ

November 28, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page