Border News Agency
မောင်တော၊ နိုဝင်ဘာ ၂၇။
အာရက္ခရေပိုင်နက်အတွင်း တရားမဝင် ဝင်ရောက်ငါးဖမ်းမှုကြောင့် ဖမ်းဆီးရမိခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမား လေးဆယ့်သုံးဦးကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေဆီ
နိုဝင်ဘာလ ၂၆ ရက်နေ့က အာရက္ခတပ်တော် (AA)က ပြန်လည်လွှဲပြောင်းခဲ့ပါတယ်။
ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့သူတွေဟာ အသက် သုံးဆယ့်ငါးနှစ်အရွယ် ဟာဒဘီအူလာ၊ အသက် သုံးဆယ့်ငါးနှစ်အရွယ် အာလီဟူဆောင်း၊ အသက် သုံးဆယ်နှစ်အရွယ် မူဟာမော်ဒရာဟောင်း၊ အသက် သုံးဆယ့်သုံးနှစ်အရွယ် ဆိုဟက်၊ အသက် သုံးဆယ့်ငါးနှစ်အရွယ် ဆော်လိမ်မူလာ၊ အသက် သုံးဆယ့်ငါးနှစ်အရွယ် ဆွေယော့တာလောင်၊ အသက် လေးဆယ့်ရှစ်နှစ်အရွယ် မာမောက်ဆော်လိမ်၊ အသက် ဆယ့်လေးနှစ်အရွယ် အီလီယာစ်ဆူဒင်တို့ဖြစ်ကြပါတယ်။
အဲဒီအပြင်အသက်နှစ်ဆယ်နှစ်အရွယ် ချားအာလောင်၊ အသက် ခြောက်ဆယ်နှစ်အရွယ် အာဘူဟူဆောင်း၊ အသက် ဆယ့်ခြောက်နှစ်အရွယ် အဗ္ဗဒူချာဟဲက်၊ အသက် သုံးဆယ့်ငါးနှစ်အရွယ် အီနုစ်၊ အသက် ခြောက်ဆယ်နှစ်အရွယ် အာဘဲ့စ်၊ အသက် လေးဆယ့်ငါးနှစ်အရွယ် အာဘူတာဟက်၊ အသက် နှစ်ဆယ့်ရှစ်နှစ်အရွယ် မာမောက်အီဆုလ်၊ အသက် ငါးဆယ့်ငါးနှစ်အရွယ် အာဘူကာလောင်၊ အသက် သုံးဆယ်နှစ်အရွယ် မိုဟာမတ်ရာဆဲရ်၊ အသက် ငါးဆယ့်ငါးနှစ်အရွယ် နူရ်ရူဆာဒတ်၊ အသက် ခြောက်ဆယ်နှစ်အရွယ် အာမောက်တာလီ၊ အသက် ဆယ့်ရှစ်နှစ်အရွယ် အဒူရော်ဟိမ်း၊ အသက် ဆယ့်သုံးနှစ်အရွယ် နိုရ်ရူအာဖာဆက်၊ အသက် ခြောက်ဆယ့်ငါးနှစ်အရွယ် ဂူရာချာ၊ အသက် သုံးဆယ့်ငါးနှစ်အရွယ် အဒူမော်တော်လုခ်၊ အသက် လေးဆယ့်ငါးနှစ်အရွယ် ချော်ဘီတို့ ဖြစ်ကြပါတယ်။
နောက်ပြီးအသက် နှစ်ဆယ်နှစ်အရွယ် ဟာရုံ၊ အသက် နှစ်ဆယ့်သုံးနှစ်အရွယ် အီစမိုင်၊ အသက် နှစ်ဆယ့်ရှစ်နှစ်အရွယ် ဂျော်ချီးမူဒီး၊ အသက် နှစ်ဆယ့်ခုနစ်နှစ်အရွယ် မော်ဂျူလာလောင်၊ အသက် ဆယ့်တနှစ်အရွယ် ရော်ဘီအာလောင်၊ အသက် ဆယ့်ခုနစ်နှစ်အရွယ် ရာဆဲလ်၊ အသက် ဆယ့်လေးနှစ်အရွယ် ချော်ရီ၊ အသက် နှစ်ဆယ့်နှစ်နှစ်အရွယ် ဖိုင်ဆဲရ်၊ အသက် ဆယ့်နှစ်နှစ်အရွယ် မာမောက်ဂျော်လီတို့ ဖြစ်ပါတယ်။
အဲဒီအပြင်အသက် ဆယ်နှစ်အရွယ် မာမောက်ဟဲလာ၊ အသက် ဆယ့်နှစ်နှစ်အရွယ် မာမောက်အာဂျီမူလာ၊ အသက် ဆယ့်ကိုးနှစ်အရွယ် ဆွေယော့တာလောင်၊ အသက် ဆယ့်ကိုးနှစ်အရွယ် မာမောက်ဖိုင်ဆဲရ်၊ အသက် ဆယ့်ခြောက်နှစ်အရွယ် ဆွေယာ့ဒူရာဟမိုင်း၊ အသက် နှစ်ဆယ့်ငါးနှစ်အရွယ် မော်နီရာဟာမောက်၊ အသက် ဆယ့်ခြောက်နှစ်အရွယ် ဆာဟတ်၊ အသက် သုံးဆယ့်ခြောက်နှစ်အရွယ် ဂျာမာ နဲ့ အသက် သုံးဆယ့်သုံးနှစ်အရွယ် အူမော်ဖာရု(ခ်) တို့ ဖြစ်ပါတယ်။
မောင်တောမြို့နယ်၊ ကျောက်ပန္ဒူနဲ့ အင်းဒင်ကမ်းခြေတလျှောက် အာရက္ခရေပိုင်နက်အတွင်း ပြီးခဲ့တဲ့ ၂၀၂၅၊၂၀၂၆ ခုနှစ်အတွင်း တရားမဝင်ငါးခိုးဖမ်းခဲ့တဲ့ငါးဖမ်းသမားတွေကို အာရက္ခကမ်းခြေစောင့်တပ်က ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။
အဲဒီ ဖမ်းဆီးထားသူတွေကို နိုဝင်ဘာလ ၂၆ ရက်၊ နေ့လည် ၁ နာရီခွဲ အချိန်မှာ နတ်မြစ်အတွင်းရှိ အာရက္ခ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်နေရာမှာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) တာဝန်ရှိသူတွေထံ လွှဲပြောင်းပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
















