Border News Agency
ဒါကာ၊ နိုဝင်ဘာ ၂၇။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ခူလ်နာမြို့ရှိ ဂျဟန်နာဘတ် တပ်စခန်းမှာ စစ်ထောက်ပံ့ရေးတပ်ဖွဲ့ရဲ့ လေးဆယ့်ငါးကြိမ်မြောက် နှစ်ပတ်လည်ခေါင်းဆောင်မှုညီလာခံကို နိုဝင်ဘာလ ၂၅ရက်နဲ့ ၂၆ ရက်နေ့တွေမှာ ကျင်းပခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်စစ်တပ်က ထုတ်ပြန်ပါတယ်။
အဲဒီညီလာခံကို စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဝါကာအူဇမန် တက်ရောက်ခဲ့ပြီး အနာဂတ်စစ်မြေပြင် လိုအပ်ချက်တွေအတွက် ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်တွေအမြဲအသင့်ဖြစ်နေစေဖို့နဲ့ တပ်ဖွဲ့ရဲ့ စွမ်းဆောင်ရည်မြှင့်တင်ကြဖို့ လမ်းညွှန်မှာကြားခဲ့ပါတယ်။
အဲဒီအပြင် အများပြည်သူအတွက် စစ်ဘက်သက်သာချောင်ချိရေး ဆေးရုံ၊ စစ်ဘက်ယာဉ်မောင်းသင်တန်းကျောင်းနဲ့ ဘင်္ဂလားဒေ့ရှ်စစ်တပ် သိပ္ပံနဲ့ နည်းပညာတက္ကသိုလ် (BAUST) ရဲ့ အမြဲတမ်းကျောင်းဝင်းတို့ကို တည်ထောင်သွားမယ်လို့လည်း ဆိုပါတယ်။














