Border News Agency
ပုလော၊ နိုဝင်ဘာ ၂၇။
တနင်္သာရီဒေသ၊ပုလောမြို့နယ်ရှိ ကျေးရွာကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အသက်ဆယ့်ခုနှစ်နှစ်အရွယ် ကလေးငယ်တဦးသေဆုံးခဲ့ပြီး လူနေအိမ်တလုံးပျက်စီးခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်က နိုဝင်ဘာလ ၂၆ ရက်နေ့က ထုတ်ပြန်ပါတယ်။
အဲဒီထီးမိုပွာကျေးရွာအုပ်စု၊ တိုးတယ်ထာကျေးရွာအတွင်းကို နိုဝင်ဘာလ ၂၆ ရက်၊နေ့လည် ၁ နာရီအချိန်က K8Wတိုက်လေယာဉ်နှစ်စီးနဲ့တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တဦးသေဆုံးခဲ့ပြီး နေအိမ်တလုံးပျက်စီးခဲ့တာဖြစ်ပါတယ်။
အဲဒီအပြင် နိုဝင်ဘာလ ၂၂ ရက်နေ့က ဖာပွန်ခရိုင်အတွင်းရှိ ကျေးရွာတရွာကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် သက်ကြီးရွယ်အိုအမျိုးသမီးတဦးသေဆုံးခဲ့ပြီး ကလေးငယ်တွေအပါအဝင် ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံအနှံ့အပြားမှာ အရပ်သားပြည်သူတွေနေထိုင်ရာကျေးရွာတွေကို လေကြောင်းနဲ့လက်နက်ကြီးတွေအသုံးပြုပြီး တိုက်ခိုက်မှုတွေဆက်တိုက်လုပ်ဆောင်နေတာဖြစ်ပါတယ်။
ဓာတ်ပုံ – KNU








