Border News Agency
ကျောက်ဖြူ၊ နိုဝင်ဘာ ၂၀။
အာရက္ခတပ်တော်(AA)နဲ့ စစ်ကော်မရှင်တပ်ကြား တိုက်ပွဲတွေပြင်းထန်နေတဲ့ ကျောက်ဖြူမြို့နယ်ရှိ စစ်ဘေးရှောင်တွေဟာ အရေးပေါ်အကူညီတွေ လိုအပ်နေကြတယ်လို့ စစ်ဘေးရှောင်တွေကဆိုကြပါတယ်။
အဲဒီကျောက်ဖြူမြို့နယ်က စစ်ဘေးရှောင်တွေဟာ စားနပ်ရိက္ခာအပြင်စောင်နဲ့ အနွေးထည်တွေအရေးပေါ်လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။
“လေကြောင်းတိုက်ခိုက်တာတွေပါလုပ်နေတော့ရွာမှာမနေရဲကြတော့ဘူး။ ဘေးလွတ်ရာတိမ်းရှောင်ကြရတယ်။ အကူညီတွေလိုအပ်နေပါတယ်။ လူမှုကူညီဆောင်ရွက်ပေးတဲ့အဖွဲ့အစည်းတွေဆီကနေ စားနပ်ရိက္ခာနဲ့ပတ်သက်လို့အဆင်ပြေအောင်ကူညီထောက်ပံ့ပေးတာတွေရှိပေမယ့် စစ်ဘေးရှောင်လူဦးရေများတော့ အကူညီရရှိမှုနေပါးတယ်။”လို့ ကျောက်ဖြူမြို့နယ်မှ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။
အဲဒီကျောက်ဖြူမြို့နယ်မှာ စက်တင်ဘာလအတွင်းက စစ်ဘေးရှောင်ဦးရေ လေးသောင်းကျော်ခန့်သာရှိပြီး စစ်ဘေးရှောင်ဦးရေသုံးထောင်ဝန်းကျင်ခန့်ထိ ထပ်ပြီးတိုးလာနေတယ်လို့လည်း စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေသူတွေက ဆိုကြပါတယ်။
အဲဒီကျောက်ဖြူမြို့နယ်၊ ဓညဝတီရေတပ်ဌာနချုပ်အနီးဝန်းကျင်၊ မင်းပြင်ကျေးရွာအနီးဝန်းကျင်နဲ့ အမှတ် ၃၂ ရဲတပ်ရင်းအနီးဝန်းကျင်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒါကြောင့် စစ်ကော်မရှင်တပ်က လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ နေ့စဉ်ရက်ဆက်ပစ်ခတ်တိုက်ခိုက်နေတာမို့ မင်းပြင်၊ သိုင်းချောင်း၊ မှင်ခုံးတိုင်၊ ချောင်းဖျား၊ ချောင်းဝ၊ တောင်ပြိန်၊ ဇိုင်ချောင်း၊ ပြားချွိန်စတဲ့ကျေးရွာတွေက ဒေသခံတွေနေရပ်စွန့်ခွာနေကြရတယ်လို့ ဆိုကြပါတယ်။
“ထပ်တိုးလာတဲ့စစ်ရှောင်အရေအတွက်နဲ့ပါဆို သုံးထောင်ဝန်းကျင်လောက်ရှိတယ်။ ခုတိမ်းရှောင်လာတဲ့စစ်ဘေးရှောင်တွေအတွက်ကတော့ စားနပ်ရိက္ခာအပြ င်စောင်တွေ၊ အနွေးထည်တွေပါအရေးပေါ်အကူညီတွေလိုအပ်နေပါတယ်။”လို့ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတဦးက Border News Agency ကို ပြောပါတယ်။
စစ်ဘေးရှောင်တွေထဲမှာ ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေပါတာမို့ ဆေးဝါးအပြင်ကျန်းမာရေးစောင့်ရှောက်မှုတွေ အရေးပေါ်လိုအပ်နေတယ်လို့ ဆိုကြပါတယ်။
အဲဒီစစ်ဘေးရှောင်တွေကို ဘေးလွတ်ရာတွေမှာအဆင်ပြေသလို ယာယီနေရာချပြီးတဲထိုးနေထိုင်နေကြရတယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် အရေးပေါ်စားနပ်ရိက္ခာအပြင်အမိုးအကာတွေ၊ နေရာထိုင်ခင်းတွေလိုအပ်နေတယ်လို့လည်း ဆိုကြပါတယ်။
အဲဒီအပြင်စစ်ကော်မရှင်တပ်ဟာ ကျောက်ဖြူမြို့နယ်ကို ဝင်ထွက်သွားလာခွင့်လမ်းခရီးအားလုံးကိုပိတ်ဆို့ထားတာမို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေလည်း ဝင်ရောက်နိုင်ကူညီနိုင်တာမရှိဘူးလို့ဆိုကြပါတယ်။
အဲလိုဝင်ထွက်သွားလာကူညီခွင့်မရလို့ ကျောက်ဖြူမြို့နယ်က စစ်ဘေးရှောင်တွေမှာ စားနပ်ရိက္ခာပြတ်လက်မှုနဲ့ ကြုံနေကြရတယ်လို့လည်းဆိုကြပါတယ်။
အဲဒီကျောက်ဖြူမြို့နယ်မှာ အာရက္ခတပ်တော်နဲ့ စစ်ကော်မရှင်တပ်တို့ ပြီးခဲ့တဲ့၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကစတင်ပြီး တိုက်ပွဲတွေဖြစ်ပွားနေတာပါ။
အာရက္ခတပ်တော်ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)ရဲ့ စာရင်းအရ သူတို့ထိန်းချုပ်ထားတဲ့နေရာတွေမှာ စစ်ဘေးရှောင်ဦးရေခြောက်သိန်းကျော်ရှိထိရှိနေတယ်လို့ ဆိုထားပါတယ်။






