Border News Agency
စစ်ကိုင်း၊ နိုဝင်ဘာ ၂၄။
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်မှာ စစ်ကော်မရှင်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က နိုဝင်ဘာလ ၂၄ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီခင်ဦးမြို့နယ်ရှိ ကျေးရွာတရွာမှာလေးရင်ကြာ အထိုင်ချပြီးပျူရွာသို့ထွက်လာတဲ့ စစ်ကော်မရှင်တပ်စစ်ကြောင်းကို နိုဝင်ဘာလ ၂၃ ရက်၊နေ့လည် ၁၂ နာရီအချိန်ခန့်က တော်လှန်ရေးတပ်တွေကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖက်မှ အများအပြားသေဆုံးခဲ့သလို တချို့လည်းထွက်ပြေးနေကြပြီး လက်နက်ခဲယမ်းအများအပြားကိုလည်းသိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။
အဲဒီတိုက်ပွဲမှာငါးကြင်းမှီးတလက်၊ MA-1 ဆယ်လက်၊MA-2သုံးလက်၊BA-100/60mmကွန်မန်ဒိုစိန်ပြောင်းတလက်၊ MA-3 သုံးလက်၊MA-4တလက်၊ G-3လေးလက်၊MAS Sniperတလက်၊ M1ငါးလက်နဲ့ ဆက်စပ် ကျည်ခဲယမ်း အစုံ၊ အများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီစစ်ကော်မရှင်တပ်စစ်ကြောင်းကို အမှတ်၂ ရွှေဘိုခရိုင်၊ အမှတ်၃တပ်ရင်း၊ ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တိုက်နယ် ၁ ၊၂၊၃၊၄၊၅ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ၊ ခင်ဦးမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့တွေပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။











