Border News Agency
တီးတိန်၊ ဒီဇင်ဘာ ၁။
ချင်းပြည်မြောက်ပိုင်းဒေသကို စစ်အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တာကြောင့် ချင်းတော်လှန်ရေးရဲဘော်ခုနှစ်ဦး ကျဆုံးခဲ့တယ်လို့ CDF-CDM Siyin က ထုတ်ပြန်ထားပါတယ်။
စစ်ကော်မရှင်တပ်ဟာ အောက်တိုဘာလကုန်ပိုင်းက တီးတိန်မြို့ပေါ်ကိုလေကြောင်းမှ စစ်အင်အားအကြိမ်ကြိမ်ဖြည့်တင်းခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် နိုဝင်ဘာလဆန်းပိုင်းကလည်း သိုင်းငင်းကျေးရွာဘက်ကို တီးတိန်၊ ခိုင်ကမ်းဘက်နေ စစ်အင်အားအများအပြားနဲ့ ထိုးစစ်ဆင်လာခဲ့တယ်လို့ ဆိုပါတယ်။
နောက်ပြီးဝေဘူလမြို့မှ ဖလမ်းမြို့ကို ဦးတည်ပြီးစစ်ကြောင်းတနဲ့ ထိုးစစ်ဆင်လာခဲ့ပါတယ်လို့ဆိုပါတယ်။
အဲဒီ တိုက်ပွဲတွေမှာစစ်ကော်မရှင်တပ်စစ်ကြောင်းမှ စစ်ဗိုလ်တွေ၊ ဗျူဟာမှူးလှမျိုးထွဋ်အပါအဝင်အများအပြားကို ခုခံချေမှုန်းနိူင်ခဲ့ကြပေမယ့် ချင်းလဲန်းတော်
လှန်ရေးအင်အားစုဘက်က ရဲဘော်ခုနှစ်ဦး မြင့်မြတ်စွာအသက်ပေးဆပ်ခဲ့ကြရတယ်လို့ ဆိုပါတယ်။
ချင်းလဲန်းတော်လှန်ရေးတပ်ဖွဲ့တွေဟာ စစ်ကော်မရှင်တပ်ကို ကိုယ်စွမ်း၊ ညာဏ်စွမ်းရှိသမျှမချွင်းမချန်ဘဲ၊ အသက်ကိုစတေးခံပြီး ဆက်လက်ခုခံတော်လှန်နေတယ်လို့လည်းဆိုပါတယ်။
ကျဆုံးရဲဘော်တွေရဲ့မိသာစုတွေနဲ့ထပ်တူဝမ်းနည်းရပြီး ရဲဘော်တွေရဲ့ပေးဆပ်ခဲ့တဲ့အသက်ကြွေးတွေနဲ့သံန္တိဌာန်ပြုကာ ခရီးဆုံးတိုင်ဆက်ပြီးတိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။






